စပါးလက်ကျန် များပြားမှုကြောင့် စပါးစျေးကျဆင်းခြင်းကို ထိန်းကျောင်းနိုင်ရန် လိုအပ်ပါက ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအထိ ပြည်ပသို့ စပါးတန်ချိန် ငါးသိန်းအထိ တင်ပို့ခွင့်ပြုမည်ဖြစ်ကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။
ဒီဇင်ဘာ ၅ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့ စုံညီအစည်းအဝေးတွင် အဖွဲ့ခေါင်းဆောင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်တွင်း၌ စပါးလက်ကျန်များပြားမှုကြောင့် စျေးနှုန်းကျဆင်းခြင်းကို ထိန်းကျောင်းနိုင်ရန် လုံးသွယ်အမျိုးအစားစပါးကို စပါးအတိုင်း ပြည်ပသို့တင်ပို့ရောင်းချခွင့်ကိုလည်း ၂၀၁၉ ခုနှစ် အောက်တိုဘာမှ ဒီဇင်ဘာအထိ တင်ပို့ခွင့်လိုင်စင်ခွင့်ပြုပေးမည်ဖြစ်ပြီး တန်ချိန်နှစ်သိန်းမှ စတင်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃၁ ရက်အပြီး တင်ပို့ရန်နှင့်လိုအပ်ပါက တန်ချိန်ငါးသိန်းအထိ တင်ပို့ခွင့်ပြုမည်ဖြစ်ကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။
ထို့ပြင် စပါးဝယ်ယူရန်လိုအပ်လာပါက နိုင်ငံတော်မှ လှည့်ပတ်ရန်ပုံငွေကျပ် ၁၅ ဘီလျံကို သုံးစွဲခွင့်ပြုထားကြောင်း၊ သက်ဆိုင်ရာစပါး၊ ဆန်ဝယ်ယူရေးကြီးကြပ်မှုလုပ်ငန်း အဖွဲ့များအနေဖြင့် ဒေသအတွင်းစပါး ဝယ်ယူရန် လိုအပ်ပါက လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့သို့ တင်ပြဆောင်ရွက်သွားနိုင်ရေးအတွက် နေပြည်တော်ကောင်စီနယ်မြေဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များက ကြီးကြပ်ဆောင်ရွက်ပေးရန်တိုက် တွန်းလိုကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံ၏ အဓိကသီးနှံဖြစ်သည့် ဆန်၊ စပါး ထုတ်လုပ်ရောင်းဝယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်ပယ်လိုအားကျ ဆင်းခြင်းကြောင့် အခြေခံရည်ညွှန်းစပါးစျေးနှုန်းထုတ်ပြန်ပေးရန် လိုအပ်ချက်ကြောင့် ဆန်စပါးစျေးကွက်နှင့် စျေးနှုန်းဆိုင်ရာသုံးသပ် အကြံပြုတင်ပြရေးလုပ်ငန်းကော်မတီကို ဖွဲ့စည်းပြီး ထုတ်လုပ်မှုကုန်ကျ စရိတ်တွက်ချက် သုံးသပ်စေ၍ ၂၀၁၉-၂၀၂၀ ခုနှစ်အတွက် အခြေခံရည်ညွှန်းစပါးစျေးနှုန်းကို ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ စပါးတင်း ၁၀၀ ၏ အခြေခံရည်ညွှန်းစပါးစျေးနှုန်းကို ကျပ်ငါးသိန်းအဖြစ် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ ထုတ်ပြန်ရခြင်း၏ ရည်ရွယ်ချက်သည် စျေးကွက်ပေါက်စျေးက အခြေခံရည်ညွှန်းစပါးစျေးနှုန်းအောက်ကို ကျဆင်းနေပါက အခြေခံရည်ညွှန်းစပါးစျေးအတိုင်း ဝယ်ယူပေးခြင်းအားဖြင့် တောင်သူလယ်သမားများ၏ အကျိုးစီးပွားကိုမြှင့်တင်နိုင်ရန်ဖြစ်ကြောင်း ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။
နေပြည်တော်တွင် ပြုလုပ်သည့် အစည်းအဝေးသို့ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ အတွင်းရေးမှူး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းဥက္ကဋ္ဌ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
