ပြည်သူများ သုံးစွဲနေသည့် မီတာယူနစ်များ လွဲမှားမှုမရှိစေရန် အောက်ခြေဝန်ထမ်းများအား တွန်းအားပေးထားပြီး လွဲမှားမှုကြောင့် အလုပ်မှထုတ်ပယ်ခဲ့သည့် ဝန်ထမ်းများရှိခဲ့ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က ပြောကြားသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတွင် ဒီဇင်ဘာ ၅ ရက်ကပြုလုပ်သည့် သတင်းမီဒီယာများအား သတင်းထုတ်ပြန်သည့် အခမ်းအနားအပြီးတွင် သတင်းထောက်များ၏မေးမြန်းမှုကို ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က ထိုသို့ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ပြည်သူများသုံးစွဲနေသည့် မီတာယူနစ်ကို မည်မျှအထိမှန်ကန်ကြောင်းကို ဝန်ကြီးဌာနအနေဖြင့် အာမခံပေးနိုင်သလဲဟု မေးမြန်းမှုအပေါ် “အဲဒါကို ကျွန်တော်တို့ အကောင်းဆုံးဖြစ်အောင်လုပ်နေတယ်။ အာမခံ ပေးဖို့ဆိုတဲ့နေရာမှာ ကျွန်တော်တို့အောက်မှာရှိတဲ့ မီတာစာရေးတွေပေါ့။ မီတာစာရေးတွေရဲ့ ဒီအပေါ်မှာ အားနည်းချက်မရှိဘူးလားဆိုတော့ ရှိတယ်။ ရှိလို့လည်း ကျွန်တော်တို့ ဖြေရှင်းပေးနေတယ်။ တချို့ မီတာစာရေးတွေက လွဲမှားမှုတွေရှိလို့ ကျွန်တော်တို့ မီတာစာရေးတွေကို ထိထိရောက်ရောက် အရေးယူအပြစ်ပေးတာတွေ အများကြီးကို ပြင်းပြင်းထန်ထန် လုပ်နေတယ်။ ကျွန်တော်တို့အောက် ဝန်ထမ်းတွေကို ကျွန်တော်တို့က ဒါတွေလွဲမှားမှုရှိတာကို လက်မခံဘူးဆိုတာကို တွန်းအားပေးထားတာ။ လွဲမှားခဲ့တဲ့သူလည်း ထိထိရောက်ရောက် အရေးယူခဲ့တဲ့ဖြစ်စဉ်တွေ ရှိတယ်။ ထုတ်ပစ်ခဲ့တာတွေအထိ ရှိတယ်” ဟု ဦးစိုးမြင့်က ပြန်လည်ဖြေကြားသည်။
ပုံမှန်သတ်မှတ်ထားချက်အရ မီတာစာရေးတစ်ဦးသည် အိမ်ထောင်စု ၈၀၀ ကို မီတာဖတ်ရမည်ဖြစ်သော်လည်း လက်ရှိတွင် အိမ်ထောင်စု အရေအတွက်နှင့် မီတာစာရေး အရေအတွက်မှာ မျှတမှုမရှိသည့်အတွက် ကွန်ပျူတာစနစ်ဖြင့်ဖတ်သွားမည့်စနစ် ဆောင်ရွက်နေကြောင်း ဦးစိုးမြင့်ကဆိုသည်။
၎င်းက “တစ်နိုင်ငံလုံးသွားနိုင်ဖို့အတွက် စီမံနေတယ်။ Error မရှိအောင်ပေါ့။ ကွန်ပျူတာနဲ့ ဖတ်သွားတဲ့စနစ်ကို ဆောင်ရွက်နေတယ်။ သို့သော် လက်ရှိကာလမှာ ဖြစ်ပေါ်လာခဲ့တဲ့ အခြေအနေတွေကို အကောင်းဆုံးဖြစ်အောင် အရေးယူမှုတွေ၊ အပြစ်တိုးမှုတွေ လုပ်ပြီးပြီ။ ဒီလိုလွဲမှားမှုဖြစ်တယ်ဆိုရင် ချက်ချင်း Complain တက်ပါလို့ပြောထားပြီးပြီ။ ကြေညာထားပြီးပြီ။ Complain တက်မယ်။ တက်ပြီးရင်ပြမယ်။ မကျေနပ်ဘူး။ လွဲတယ်လို့ စိတ်ထဲမှာထင်လို့ရှိရင် မှန်အောင်အထိ ဘယ်လောက်ဖြစ်အောင် အထိရှင်းပေးပါလို့ ကျွန်တော်တို့ ပြောထားပြီးသားဖြစ်တယ်။ သူတို့သက်ဆိုင်ရာ တာဝန်ရှိသူ ရှင်းပေးရမှာပေါ့” ဟု ဆက်လက်ပြောကြားသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ မီတာခ တိုးမြှင့်ကောက်ခံခဲ့ပြီးနောက် ပြည်သူများ ပွင့်လင်းမြင်သာမှု ရှိစေရန်အတွက် ဓာတ်တိုင်ပေါ်ရှိ မီတာပုံးများ အများသူမြင်သာသည့် နေရာတွင် ထားရှိရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဇူလိုင် ၄ ရက်က သတင်းမီဒီယာများအား ပြောဆိုထားသည်။
ယင်းကိစ္စ သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က “မီတာတွေအောက်ချဖို့ လုပ်ငန်းကို စီစဉ်တော့ စီစဉ်နေတယ်။ တစ်ဖက် ပြည်သူလူထုကို Reliable ဖြစ်ရန်အတွက် ကျွန်တော်တို့ရဲ့ Target ကိုပြည့်ရန်အတွက် ရလာတဲ့ဟာကို သုံးပေးနေရတယ်။ တစ်ဖက်က ဟန်ချက်ညီညီ သုံးနေရသလို တစ်ဖက်က ဒီဟာတွေကို ချက်ချင်းချ၊ ချက်ချင်းတင်ဆိုတာ လွယ်တဲ့အလုပ်မဟုတ်ဘူး။ အောက်ကိုချတဲ့ကြိုးတွေ အောက်ကိုချတဲ့ System တွေ ကျွန်တော်တို့က ခံရဦးမယ်။ သွားတော့သွားနေတယ်။ တဖြည်းဖြည်းချင်းသွားနေတယ်” ဟု ပြန်လည်ပြောကြားသည်။
ထို့ပြင် ပြည်သူများ မီတာခပေးဆောင်ရမည့်ရက် နောက်မကျစေရန်အတွက် မီတာခ ပြေစာပေါ်တွင် သတိပေးကြော်ငြာများ ထည့်သွင်းနှိုးဆော်ထားပြီး ပြည်သူများက ရက်လွန်ကြေးအဖြစ် ပေးဆောင်ခဲ့သည့် ဒဏ်ကြေးငွေ မည်မျှရှိသည်ကို စာရင်းပြုစုထားခြင်း မရှိကြောင်း ဦးစိုးမြင့်က ဆိုသည်။
“ဒဏ်ကြေး ဘယ်လောက်ရတယ်ဆိုတာကိုတော့ စာရင်းပြုစုထားတာမရှိဘူး။ မရှိဘူး ဆိုတာက ဒါကြီးက ရပါစေတော့ဆိုတဲ့ဆန္ဒနဲ့ လုပ်တာမဟုတ်ဘူး။ ဒဏ်ကြေးဆောင်တဲ့ ပြည်သူတွေက အကြောင်းအမျိုးမျိုးကြောင့်တော့ ရှိခဲ့မှာပေါ့။ ရှိကောင်းရှိနိုင်ပါတယ်။ မမျှော်မှန်းနိုင်တဲ့ဟာ။ ပြည်သူမှာ လုံးဝအခက်အခဲဖြစ်လို့ ရာသီဥတုကြောင့် ရေလွှမ်းသွားရင် အဲဒီပြည်သူက ဘယ်လိုလုပ် လာဆောင်နိုင်မလဲ။ ဒါကျတော့ တစ်မျိုးစဉ်းစားပေးရမှာပေါ့” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
