ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ တာမွေရာပြည့်စျေးသစ်စီမံကိန်းတွင် သတ်မှတ်အချိန်အတွင်း ကွန်ဒိုတိုက်ခန်းများ ဆောက်လုပ်ပြီးစီးခြင်း မရှိသေးသဖြင့် အခန်းကြိုတင်ဝယ်ယူခဲ့သူများက ငွေကြေးပြန်ပေးချေရန်နှင့် သက်ဆိုင်ရာ စည်ပင်က တာဝန်ယူဖြေရှင်းပေးရန် ဒီဇင်ဘာ ၅ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ၄၈ လမ်းရှိ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံး၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် အောင်ကောင်းကျော်ကုမ္ပဏီတို့သည် တာမွေရာပြည့်စျေးသစ်စီမံကိန်းအဖြစ် ၁၂ ထပ်မြင့်အဆောက်အအုံ ပြန်လည်တည်ဆောက်ရန် ၂၀၁၂ ခုနှစ်တွင် သဘောတူစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ် ဇွန် ၃ ရက်တွင် စီမံကိန်းအား အပြီးတည်ဆောက်ပေးရမည် ဖြစ်သည်။ အဆိုပါ စီမံကိန်းရရှိခဲ့သော အောင်ကောင်းကျော်ကုမ္ပဏီသည် PAE စနစ်ဖြင့် ထူးပြည့်ပြည့်စုံကုမ္ပဏီအား ထပ်ဆင့်လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲက သိရသည်။
သို့သော် တာမွေရာပြည့်စျေးသစ်စီမံကိန်းရှိ ကွန်ဒိုတိုက်ခန်းများအား သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ပေးနိုင်ခြင်း မရှိသည့်အပြင် ကွန်ဒိုတိုက်ခန်းများအား ကြိုတင်ဝယ်ယူထားသူများအား ပိုက်ဆံပြန်ပေးခြင်းမရှိကြောင်း သတင်းစာရှင်းလင်းပွဲတွင် သိရသည်။
“ဒါက အစိုးရပိုင်မြေဖြစ်တယ်။ ပုဂ္ဂလိကဆိုရင် ဟိုကလူနဲ့ ဒီကလူ အငြင်းပွားမှုတွေ ရှိလာနိုင်တယ်။ ဒါကိုယုံကြည်ပြီးတော့ စည်ပင်သာယာကိုလည်း ယုံကြည်တယ်။ အောင်ကောင်းကျော်ကလည်း ယုံကြည်လောက်တဲ့ ကုမ္ပဏီဖြစ်လောက်တယ်လို့ ယုံကြည်တဲ့အတွက် ကျွန်တော်တို့ ဝယ်မိတာပါ” ဟု တာမွေရာပြည့်စျေးစီမံကိန်းတွင် ကွန်ဒိုတိုက်ခန်းဝယ် ယူထားသူ ဦးမျိုးမြင့်က ပြောကြားသည်။
တာမွေရာပြည့်စျေးသစ် စီမံကိန်းအား သတ်မှတ်ရက်တွင် တည်ဆောက်ပြီးစီးခြင်း မရှိလျှင် စီမံကိန်းရရှိသည့် ကုမ္ပဏီက တစ်ရက်လျှင် ဒဏ်ကြေးငွေ ကျပ်တစ်သိန်းပေးရမည်ဟု သဘောတူစာချုပ်တွင်ပါဝင်ခဲ့သည့်အတွက် လက်ရှိအချိန်ထိ ဒဏ်ကြေးငွေ ပေးဆောင်နေရဆဲဖြစ်ကြောင်း သိရသည်။
“စည်ပင်သာယာမှာ တာဝန်ရှိတယ်။ စည်ပင်သာယာနဲ့ အကျိုးတူလုပ်တဲ့ အောင်ကောင်းကျော်ကုမ္ပဏီက ဒီလိုဖြစ်နေတယ်ဆိုတဲ့အကြောင်း ရှင်းလင်းပေးပါဆိုတဲ့ စာတင်တဲ့အခါကျတော့ ဆောင်ရွက်ပေးမှုမရှိဘူး။ အဓိက သူ့မှာ လုံးဝတာဝန်ရှိတယ်။ စည်ပင်သာယာက မြေရှင်။ ချုပ်ထားတဲ့စာချုပ်အတိုင်း မလုပ်နိုင်တာက သူ့ရဲ့တာဝန်။ ကွန်ဒိုတိုက်ခန်းတွေကို ရောင်းပါလို့ ပြောတာလည်း သူ (စည်ပင်သာယာ) ပဲပြောတာ။ ဒီနေ့ဒီရက် မအပ်နိုင်ရင် ဒဏ်ငွေပေးရမယ်လို့ သူပဲ ပြောတယ်။ ဒဏ်ကြေးသည် ခြောက်လထက် မပိုရဘူး ဆိုပေမဲ့လည်း ၁၂ လပိုင်း (၂၀၁၇ ခုနှစ်) ကနေ ယနေ့အထိ ဒဏ်ကြေးပေးနေတုန်း။ ဆိုတော့ စည်ပင်က တာဝန်ယူမှု တာဝန်ခံမှု မရှိတော့ဘူး။ မြို့တော်ဝန်ကလည်း အရေးယူ ဆောင်ရွက်ပေးမှုမရှိဘူး” ဟု ဦးမျိုးမြင့်က ဆက်လက်ပြောကြားသည်။
သတ်မှတ်ရက်အတွင်း အခန်းမရရှိခြင်း၊ ငွေပြန်တောင်းသော်လည်း ငွေမရခြင်း စသည်တို့ကြောင့် အခန်းကြိုတင်ဝယ်ယူထားသူများမှာ နစ်နာမှုများရှိနေကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းသူလေးဦး ဝယ်ယူထားသော တိုက်ခန်းများ၏ တန်ဖိုးသည် ကျပ်သိန်းနှစ်သောင်းခန့်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
