Top News

မိုးကုတ်မြို့နယ်တွင် ကျပ်သိန်းတစ်သောင်းကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ
24htopnews | October 17, 2024 8:12 PM CST

မိုးကုတ်မြို့နယ်တွင် ကျပ်သိန်း ၁၀၇၅၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း နိုဝင်ဘာ ၅ ရက်က မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၄ ရက် မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ကျောက်မဲ-မိုင်းလုံဘက်မှ မိုးကုတ်မြို့ဘက်သို့ မိုးမိတ်မြို့နယ်၊ ဘက်ခုပ်တန်းကျေးရွာနေ အောင်နိုင်လင်း (ခ) ငယ်လေး ၂၉ နှစ် မောင်းနှင်ပြီး မိုးမိတ်မြို့နယ်၊ ပလောင်ကုန်းရပ်နေ သန်းစိုး ၃၅ နှစ် စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာပြီး ဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၁၀၇၅၀ ဂရမ် (ဒေသကာလပေါက်စျေး တန်ဖိုး ကျပ်သိန်း ၁၀၇၅၀) နှင့် လက်ကိုင်ဖုန်း နှစ်လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိမှုအား မိုးကုတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

အလားတူ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ နမ့်ခမ်းမြို့နယ်တွင် ကျပ်သိန်း ၁၁၀ တန်ဖိုးရှိသည့် ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၄ ရက် ညနေ ၆ နာရီ မိနစ် ၃၀ တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များသည် နမ့်ခမ်းမြို့နယ်၊ မန့်ဟောင်းကျေးရွာလမ်းဆုံတွင် တားဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်စဉ် နမ့်ခမ်းမြို့ဘက်မှ မန့်ဟောင်းကူးတို့ဆိပ်ဘက်သို့ ကွတ်ခိုင်မြို့နယ်၊ မော်ဟန်ကျေးရွာနေ တန်နိုင် ၂၂ နှစ် စီးနင်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားတွင် တင်ဆောင်လာသည့် ဆာလာအိတ်အတွင်းမှ ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူ အလေးချိန် ၅၅၀ ဂရမ် (ဒေသကာလပေါက်စျေး တန်ဖိုးကျပ်သိန်း ၁၁၀) နှင့် လက်ကိုင်ဖုန်း နှစ်လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်းသို့ ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ နမ့်ခမ်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုရေးဖွင့်ပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

 


READ NEXT
Cancel OK