
တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးဓာတ်ရုံအတွက် လိုအပ်သည့် ကျောက်မီးသွေးကို ပြည်တွင်းကျောက်မီးသွေးလုပ်ငန်းရှင်များမှ ဝယ်ယူရန် တင်ဒါခေါ်ယူထားသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ်အတွင်းရှိ တီကျစ်ကျောက်မီးသွေး သုံးရေနွေးငွေ့ဓာတ်အားပေးစက်ရုံအတွက် လိုအပ်သော ကျောက်မီးသွေးကို တီကျစ်ဓာတ်အားပေးစက်ရုံအရောက် ဝယ်ယူရန် တင်ဒါခေါ်ယူထားခြင်းဖြစ်သည်။
တင်ဒါပုံစံအား wuxitigyit@ gmail.com သို့ email ပို့၍လည်းကောင်း၊ Wuxi Hua Guang (Myanmar) Co.,Ltd၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ်၊ တီကျစ်ကျေးရွာအုပ်စု၊ တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံ၊ ဖုန်း-၀၉၂၅၀၇၆၆၉၀၆၊ ၀၉၄၀၃၇၄၂၉၆၆ သို့ လူကိုယ်တိုင်လာရောက်၍လည်းကောင်း၊ ယခုကြေညာသည့်ရက်မှစ၍ တင်ဒါပိတ်ရက်မတိုင်မီ အခမဲ့တောင်းခံနိုင်ပြီး လက်ခံရရှိကြောင်းကို ပြန်ကြားပေးရမည်ဖြစ်ကြောင်း သိရသည်။
တင်ဒါပုံစံအား email ဖြင့် တောင်းခံ/ပေးပို့ပါက အကြောင်းတစ်စုံတစ်ရာကြောင့် တင်ဒါပုံစံမရရှိခြင်း၊ မပေးပို့နိုင်ခြင်းများရှိပါက Wuxi Hua Guang (Myanmar) Co.,Ltd တွင် တာဝန်မရှိပါ။ တင်ဒါအဆိုပြုလွှာ တောင်းခံသူစာရင်းအား မှတ်ပုံတင်ရန်အတွက် တောင်းခံရာတွင် တောင်းခံသူအမည်၊ ရာထူး၊ ကုမ္ပဏီအမည်၊ လိပ်စာ၊ ဆက်သွယ်ရန် ဖုန်းနံပါတ်တို့အား ပြည့်စုံစွာဖော်ပြ၍ တောင်းခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တင်ဒါတင်သွင်းလွှာအား တင်ဒါပိတ်ရက်ဖြစ်သော ၂၀၂၂ ခုနှစ် အောက်တိုဘာ ၅ ရက် မွန်းလွဲ ၂ နာရီတွင် လက်ခံသွားမည်ဖြစ်ပြီး နောက်ကျတင်သွင်းမှုများအား လက်ခံမည်မဟုတ်ကြောင်း၊ တင်ဒါနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းလိုပါက Wuxi Hua Guang (Myanmar) Co.,Ltd၊ တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အား ပေးစက်ရုံ၊ ဖုန်း-၀၉၂၅၀၇၆၆၉၀၆၊ ၀၉၄၀ -၃၇၄၂၉၆၆ သို့ စုံစမ်းနိုင်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်