အနုပညာရှင်၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ ဗိသုကာပညာရှင်၊ စာရေးဆရာ၊ ပန်းချီဆရာ စသည့်အတတ်ပညာရှင်များ ဝင်ငွေခွန် ပေးဆောင်ရန် ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေး နှိုးဆော်ထားပြီး အခွန်ပေးဆောင်မှု ပမာဏကို အများပြည်သူသိရှိရန် ကြေညာမည်ဟု ထုတ်ပြန်ကြေညာထားသည်။
ပြည်တွင်းအခွန်များဦးစီးဌာနက အသက်မွေးဝမ်းကျောင်း ပညာလုပ်ငန်းများမှ ဝင်ငွေရရှိသူများသို့ အသိပေးနှိုးဆော်ထားခြင်းဖြစ်ပြီး အကျုံးဝင်သည့်ပုဂ္ဂိုလ်များမှာ ရုပ်ရှင်၊ ဂီတ၊ သဘင်စသည့် အနုပညာရှင်၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ ဗိသုကာပညာရှင်၊ သူနာပြု၊ ဆရာမ၊ ရှေ့နေ၊ စာရေးဆရာ၊ ပန်းချီဆရာ၊ ပန်းပုဆရာ၊ စာရင်းကိုင်၊ စာရင်းစစ် စသည့်အတတ်ပညာရှင်များ ပါဝင်သည်။
အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း ဆိုသည်မှာ မိမိကျွမ်းကျင်သည့်လုပ်ငန်း ကို ဝန်ဆောင်ခရယူ၍ ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုတစ်ရပ်ဖြစ်သည်။ ဥပမာ ဆရာဝန်၊ အင်ဂျင်နီယာ၊ ရှေ့နေ၊ သူနာပြု၊ အနု ပညာရှင်၊ စာရင်းစစ်၊ စာရင်းကိုင်၊ ဗေဒင်ဆရာ၊ ကျောင်းဆရာ စသည့်ပညာရှင်တို့က အခကြေးငွေ ဝန်ဆောင်ခရယူလျက်ဆောင်ရွက်ပေးသည့်ဝန်ဆောင်မှုလုပ်ငန်းကို ဆိုလို ခြင်းဖြစ်သည်။
မိမိတတ်ကျွမ်းသည့် ပညာကိုအခြေခံပြီး လုပ်ကိုင်ခြင်းမှန်သော်လည်း နေ့စဉ် သို့မဟုတ် လစဉ် ပုံသေလုပ်ခ သို့မဟုတ် လစာရယူ၍ လုပ်ကိုင်ခြင်းဖြစ်လျှင် အသက်မွေးဝမ်းကျောင်း ပညာလုပ်ငန်းမှဝင်ငွေမဟုတ်ဘဲ လစာမှ ဝင်ငွေသာဖြစ်သည်ဟု သတ်မှတ်ထားသည်။
၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ အသက်မွေးဝမ်း ကျောင်းပညာလုပ်ငန်းမှရရှိသည့် ဝင်ငွေအပေါ် ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ အရ သက်သာခွင့်များ နုတ်ပယ်ပြီးနောက် ကျန်ဝင်ငွေအပေါ် သတ်မှတ်အခွန်နှုန်းဖြင့် တွက်ချက်မည် ဖြစ်သည်။ အဆိုပါနှုန်းမှာ ၁ ကျပ်မှ ကျပ်သိန်း ၂၀ အထိ ၀ ရာခိုင်နှုန်း၊ ကျပ် ၂၀၀၀၀၀၁ မှ ကျပ်သိန်း ၅၀ အထိ ငါးရာခိုင်နှုန်း၊ ကျပ် ၅၀၀၀၀၀၁ မှ ကျပ်သိန်း ၁၀၀၀၀၀၀၀ အထိ ၁၀ ရာခိုင်နှုန်း၊ ကျပ် ၁၀၀၀၀၀၀၁ မှ ကျပ် သိန်း ၂၀၀ အထိ ၁၅ ရာခိုင်နှုန်း၊ ကျပ် ၂၀၀၀၀၀၀၁ မှ ကျပ်သိန်း ၃၀၀ အထိ ၂၀ ရာခိုင်နှုန်း၊ ကျပ် ၃၀၀၀၀၀၀၁ နှင့်အထက် ၂၅ ရာခိုင်နှုန်း ကောက်ခံမည် ဖြစ်သည်။
သက်ဆိုင်ရာ ဝင်ငွေနှစ်အတွက် အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းမှဝင် ငွေများနှင့် ထိုနှစ်အတွင်းလုပ်ငန်းအတွက် ကုန်ကျသည့်စရိတ်များကို ဖော်ပြသည့် ဘဏ္ဍာရေးရှင်းတမ်း (Financial Statement) တင်ပြရမည်ဖြစ်သည်။
အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းမှ ဝင်ငွေကို တွက်ချက်ရာတွင် ဝင်ငွေရရှိရန် ကုန်ကျစရိတ်များနှင့် ပစ္စည်းတန်ဖိုးလျော့ငွေ ကို နုတ်ပယ်ခွင့်ရှိသည်။ ဝင်ငွေမှ ကုန်ကျစရိတ်ကို နုတ်ပယ်ပြီးသည့် အသားတင်ဝင်ငွေ အပေါ် သက်သာခွင့်များနုတ်ပယ်ပြီး သတ် မှတ်အခွန်နှုန်းဖြင့် အခွန်တွက်ချက်ခြင်းဖြစ် သည်။ နုတ်ပယ်ခွင့်မရှိသော စရိတ်များမှာ မတည်စရိတ်၊ ကိုယ်ရေးကိုယ်တာစရိတ်၊ လုပ်ငန်းပမာဏနှင့်မမျှအောင်များသည့် စရိတ်တို့ဖြစ်သည်။
အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း သည် အတတ်ပညာ၊ အသိပညာကို အရင်း အနှီးပြု၍ လုပ်ကိုင်ရသဖြင့် လုပ်ငန်းသဘာဝကို လိုက်၍ ကုန်ကျစရိတ် မတူကွဲပြားကြောင်း သိရသည်။ ဆရာဝန်တစ်ဦး၏ စရိတ်နှင့် ရှေ့နေတစ်ဦး၏စရိတ်တူညီနိုင်မည် မဟုတ်ခြင်းကြောင့် အသက်မွေးဝမ်းကျောင်း ပညာလုပ်ငန်းအားလုံးနှင့် အကျုံးဝင်မည့် စရိတ်များကို ပုံသေ သတ်မှတ်ပေးထားခြင်း မရှိကြောင်း သိရသည်။
ပညာရှင်များအနေဖြင့် သက်ဆိုင်ရာ အခွန်ရုံးများနှင့်ဆက်သွယ်၍ ဝင်ငွေခွန်ဥပဒေနှင့်အညီ အခွန်ဆိုင်ရာကိစ္စရပ်များ မပျက်မကွက် လိုက်နာဆောင်ရွက်ကြရန် ပြည်တွင်း အခွန်များဦးစီးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။ ဆောင်ရွက်ရမည့်အခွန်ဆိုင်ရာ ကိစ္စရပ်များမှာ သက်ဆိုင်ရာ သုံးလပတ်အ လိုက် ကြိုတင်ဝင်ငွေခွန်ပေးသွင်းခြင်း၊ ဆိုင်ရာဘဏ္ဍာရေးနှစ်ကုန်ဆုံးပြီး သုံးလအတွင်း ဝင်ငွေကြေညာလွှာတင်သွင်းခြင်း၊ မိမိ၏ဝင်ငွေ အသုံးစရိတ်နှင့်ပတ်သက်သည့် အ ထောက်အထားများတင်ပြ၍ စည်းကြပ်မှုခံယူခြင်း၊ ကျသင့်အခွန်ကို သတ်မှတ်ကာလ အတွင်း မပျက်မကွက်ပေးသွင်းခြင်းတို့ဖြစ် သည်။
ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း အခွန်စည်းကြပ်မှုအရ အခွန်ပေးဆောင်မှုကို လာမည့် ဘဏ္ဍာရေးနှစ်တွင် ကဏ္ဍအလိုက် အခွန်ထမ်းဆောင်ကြသည့် ပညာရှင်များနှင့် ပေးဆောင်သည့်အခွန်ပမာ ဏကို ပြည်သူများသို့ အသိပေးကြေညာသွား မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက ကြိုတင်အသိပေးကြေညာထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
