Top News

တရုတ်ဘက်မှ လေဖိအားကြီး ရပ်ဝန်း အားကောင်းနေမှုကြောင့် မြန်မာနိုင်ငံအနှံ့တွင် ဒီဇင်ဘာ ၁၃ ရက်အထိ အအေးပိုမည်
24htopnews | October 17, 2024 8:12 PM CST

တရုတ်ဘက်မှ လေဖိအားကြီးရပ်ဝန်း အားကောင်းနေမှုကြောင့် မြန်မာနိုင်ငံအနှံ့တွင် ဒီဇင်ဘာ ၁၃ ရက်အထိ အအေးပိုနေမည်ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဦးချစ်ကျော်က ပြောကြားသည်။

“အေးတာကတော့ ဒီဇင်ဘာ ၁၃ အထိ အေးမယ်။ ဒီအချိန်က တရုတ်ဘက်က လေဖိအားကြီးရပ်ဝန်း အားကောင်းတဲ့အချိန်ပဲ၊ အားမကောင်းလို့သာ မအေးတာ။ အခုက အားပြန်ကောင်းလာတာ။ တကယ်တမ်းက နိုဝင်ဘာလထဲက အားကောင်းရမှာ။ ၁၃ ရက်အထိ တရုတ်ဘက်က လေဖိအားကြီး ရပ်ဝန်းအားကောင်းပြီးရင် ၁၄၊  ၁၅၊  ၁၆ ရက် မှာ ပြန်အားလျော့ပြီး အအေးပြန်ပေါ့နိုင်တယ်။ အဲဒီလို အအေးပေါ့သွားရင် မိုးနည်းနည်းရွာနိုင်တယ်” ဟု မိုးလေဝသပညာရှင် ဦးချစ်ကျော်က ပြောကြားသည်။

ယခုကဲ့သို့ အအေးပြန်ပေါ့နိုင်ခြင်းသည် ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ခြင်းကြောင့်ဖြစ်ကြောင်း ဦးချစ်ကျော်က ဆက်လက်ပြောကြားသည်။

“လေဖိအားနည်းရပ်ဝန်းဖြစ်တာကြောင့် အအေးပေါ့နိုင်တာ။ ဘင်္ဂလားပင်လယ်အော်မှာဖြစ်နိုင်တယ်။ ဒီဇင်ဘာ ၁၅ ရက်နောက်ပိုင်းမှာဖြစ်မှာ။ လေဖိအားနည်းရပ်ဝန်းဖြစ်ရင် ရန်ကုန်၊ ဧရာဝတီ၊ မြစ်ဝကျွန်း ပေါ်ဒေသနဲ့ မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေ မိုးအနည်းငယ်ရနိုင်တယ်” ဟု ဦးချစ်ကျော်က ပြောကြားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ဒီဇင်ဘာ ၆ ရက် မိုးလေဝသအ ခြေအနေ ထုတ်ပြန်ချက်တွင် မကွေးတိုင်း‌ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများ အားဖြင့် သာယာခဲ့ကြောင်း၊ ညအပူချိန်များအနေဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် မွန်ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်တို့ အောက် (၃) ဒီဂရီစင်တီဂရိတ်မှ (၄)ဒီဂရီစင်တီဂရိတ်အထိ နှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယား ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူ ချိန်တို့အောက် (၂)ဒီဂရီစင်တီဂရိတ် လျော့ နည်းခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်ခန့်သာရှိခဲ့ ကြောင်း သိရသည်။

ထူးခြားသည့် ညအပူချိန်များအနေဖြင့် ဟားခါးမြို့တွင် (၁) ဒီဂရီစင်တီဂရိတ်၊ ပူတာအိုမြို့နှင့် ရမ်ကလောင်းတို့တွင် (၄)ဒီဂရီစင်တီ ဂရိတ်စီ၊ နမ့်စန်မြို့နှင့် မိုင်းယန်းမြို့တို့တွင် (၅)ဒီဂရီစင်တီဂရိတ်စီ၊ ဟဲဟိုးမြို့နှင့် မင်းတပ် မြို့တို့တွင် (၆)ဒီဂရီစင်တီဂရိတ်စီနှင့် မချမ်း ဘောမြို့၊ လာရှိုးမြို့၊ တွန်းဇံမြို့၊ မင်းကင်းမြို့ နှင့် မိုးကုတ်မြို့တို့တွင် (၇)ဒီဂရီစင်တီဂရိတ်စီ တို့ ဖြစ်ကြောင်း မိုးဇလထုတ်ပြန်ချက်တွင်ဖော် ပြထားသည်။

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း တွင် တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ် အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေ ကြောင်း ထုတ်ပြန်ချက်တွင်ဖော် ပြထားသည်။

ဒီဇင်ဘာ ၇ ရက် မိုးလေဝသခန့်မှန်း ချက်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် အများအားဖြင့် သာယာမည်ဖြစ် ကြောင်း၊မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်- တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်း လွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ အရှေ့ ဘက်မှလေပြင်းများ တိုက်ခတ်ပြီး လှိုင်းအသင့် အတင့်မှ လှိုင်းကြီးနိုင်ကြောင်း မိုးဇလက ထုတ် ပြန်သည်။

နောက်နှစ်ရက်အတွက် ခန့်မှန်းချက် အနေဖြင့် တစ်ပြည်လုံးတွင် ညအပူချိန်များ အနည်းငယ် လျော့နည်းနေမည်ဖြစ်ကြောင်း မိုးဇလက ထုတ်ပြန်သည်။ 


READ NEXT
Cancel OK