ယခုနှစ်အောက်တိုဘာနှင့် နိုဝင်ဘာ လအတွင်း YBS ယာဉ်လိုင်းများ မတော်တဆမှု ၃၈ မှုဖြစ်ပွားပြီး ၂၉ ဦးဒဏ်ရာရရှိကာ ၁၀ ဦးသေဆုံးခဲ့ကြောင်း ဒီဇင်ဘာ ၄ ရက်က ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA)ရုံး၌ ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် တွဲဖက် အတွင်းရေးမှူး ဦးလှအောင်က ပြောကြား သည်။
ပြီးခဲ့သည့် အောက်တိုဘာလအတွင်း YBS ယာဉ်မတော်တဆမှု ၁၇ မှုရှိပြီး ဒဏ်ရာ ရရှိသူ၂၂ ဦးနှင့်သေဆုံးသူနှစ်ဦးခဲ့ကြောင်း၊ နိုဝင်ဘာလအတွင်း မတော်တဆမှု ၂၁ မှုရှိပြီး သေဆုံးသူရှစ်ဦးနှင့် ဒဏ်ရာရရှိသူ ခုနစ်ဦးရှိခဲ့ ကြောင်း သိရသည်။
“ကျွန်တော်တို့ ပြစ်မှုပြစ်ဒဏ်တွေကို ပြန်ကြည့်တဲ့အခါမှာ မတော်တဆမှုတွေကို ထိန်းဖို့ စည်းကမ်းလိုက်နာမှုတွေ ထိန်းသိမ်း ဖို့၊ ကျွန်တော် ဒါတွေတိုးမြှင့်ဆောင်ရွက်ဖို့လို တယ်လို့ သုံးသပ်ပါတယ်။ ဒါကြောင့် ရှင်းပြချင်တာက YBS စနစ်ကို ဖော်ဆောင်တဲ့အခါ မှာ လိုအပ်တဲ့ အဓိကနေရာမှာပါနေတဲ့ ယာဉ် မောင်းသူကိစ္စပါ။ ဒီဖြစ်စဉ်တွေမှာ ပြန်ကြည့်ရင်လည်း မတော်တဆမှုဆိုတာ ယာဉ်မောင်းသူတွေရဲ့ ပေါ့ဆမှုတွေလည်း ဒီထဲမှာ အချက်တစ်ချက်ဖြစ်ပါတယ်” ဟု ဦးလှအောင်က ပြောကြားသည်။
ယင်းကဲ့သို့ မတော်တဆမှုများလျှော့ချ နိုင်ရန်နှင့် စည်းကမ်းလိုက်နာနိုင်ရန်အတွက် ကုန်လမ်းပို့ဆောင်ရေးနှင့် YRTA တို့ပူးပေါင်း ဆောင်ရွက်သည့် YBS အထူးယာဉ်မောင်း သင်တန်းကို ဖွင့်လှစ်ပို့ချလျက်ရှိပြီး ယာဉ်မောင်းလိုင်စင်သက်တမ်း သုံးနှစ်ရှိသူများပါ လျှောက်ထားနိုင်ကြောင်း သိရသည်။
“ပြည်ထောင်စုပို့ဆောင်ရေးနှင့်ဆက် သွယ်ရေးဝန်ကြီးဌာနက အင်အားဖြည့်တဲ့ အနေနဲ့ ကျွန်တော်တို့မှာ ငါးနှစ်ရှိမှယာဉ်ပေါ် ကိုတက်ရတယ်။ ဖြေလျှော့မှုအနေနဲ့ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ညှိနှိုင်းပေါင်း စပ်မှုကြောင့် YBS အထူးယာဉ်မောင်းသင် တန်းဆိုတာ ဖြစ်လာတာပါ။ ဒီယာဉ်ကြီးတွေ မောင်းဖို့အတွက် ငါးနှစ်မရှိပေမယ့် သုံးနှစ်ယာဉ်မောင်းလိုင်စင်သက်တမ်းရှိခဲ့တဲ့ ပုဂ္ဂိုလ်တွေဟာ ဒီသင်တန်းကို တက်ရောက်ဖို့ လျှောက်ထားနိုင်ပါတယ်” ဟု ဦးလှအောင်က ပြောကြားသည်။
ယာဉ်မောင်းလိုင်စင်သက်တမ်းကို လျှော့ချထားသည့်အတွက် စိတ်ပညာစစ်ဆေးခြင်း၊ အမြင်အာရုံ၊ အကြားအာရုံ စစ်ဆေးမှုပြုလုပ် ၍ ထောက်ခံချက်ရရှိပြီးမှသာ YBS အထူး ယာဉ်မောင်းသင်တန်းသို့ တက်ရောက်စေ ကာ ယာဉ်မောင်းနှင်မှု ဘာသာရပ်၊ အင်ဂျင်နီယာ ဘာသာရပ်၊ ပြည်သူ့နီတိ၊ ကြက်ခြေနီ နှင့် မီးဘေးအန္တရယ်ဘာသာရပ်တို့ကို သင်ကြားလျက်ရှိကြောင်း ဦးလှအောင်ကပြောကြားသည်။
ထို့ပြင် ယာဉ်မောင်းများ၏ယာဉ်မောင်း နှင်မှု အချက်အလက်များကို သိရှိနိုင်သည့် ယာဉ်မောင်း Smart Card များ ထုတ်ပေးလျက်ရှိပြီး လက်ရှိတွင်ယာဉ်မောင်း Smart Card ၆၁၂ ဦး ထုတ်ပေးထားကာအမျိုးသမီး ယာဉ်မောင်း ကိုးဦး ပါဝင်ကြောင်း သိရသည်။
မထသစနစ်မှYBS စနစ်သို့ ပြောင်းလဲ ပြီး နောက်လက်ရှိတွင် ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် ယာဉ်လိုင်းပေါင်း ၁၀၀ ရှိပြီး YRTA တွင် မှတ်ပုံတင်ထားသည့်ယာဉ်အစီးရေ ၆၆၃၅ စီးရှိကာ နေ့စဉ်ယာဉ်အစီးရေ ၄၅၀၀ ကျော်ဖြင့် ပြည်သူ ၁ ဒသမ ၈ သန်း ခန့်ကို သယ်ယူပို့ဆောင်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
