Top News

အစ္စရေးကုန်သည်ကြီးများအသင်းချုပ် (FICC) အသင်းဝင် အစ္စရေးကုမ္ပဏီ ရှစ်ခုက မြန်မာနိုင်ငံစီးပွားရေး လုပ်ငန်းရှင်များနှင့် အကျိုးတူဆောင်ရွက်လိုကြောင်း တဲလ်အဗီးမြို့ရှိ မြန်မာသံရုံးမှတစ်ဆင့် အကြောင်းကြားစာပေးပို့
24htopnews | October 17, 2024 8:12 PM CST

အစ္စရေးကုန်သည်ကြီးများအသင်းချုပ် (FICC) အသင်းဝင် အစ္စရေးကုမ္ပဏီရှစ်ခုက မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များနှင့် အကျိုးတူဆောင်ရွက်လိုကြောင်း တဲလ်အဗီး မြို့ရှိ မြန်မာသံရုံးမှတစ်ဆင့် အကြောင်းကြား စာပေးပို့လာကြောင်း အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သတင်းရရှိသည်။

အစ္စရေးကုန်သည်ကြီးများအသင်းချုပ် (Federation of Israeli Chambers of Commerce-FICC) ၏ အသင်းဝင် အစ္စရေးကုမ္ပဏီရှစ်ခုသည် ပြည်ပနိုင်ငံရှိ စီးပွား ရေးလုပ်ငန်းများနှင့် အကျိုးတူမိတ်ဖက် ဆောင်ရွက်လိုကြောင်းနှင့် ယင်းကုမ္ပဏီများ၏ အဆိုပြုချက်များကို မြန်မာနိုင်ငံရှိ စီးပွား ရေးအသိုင်းအဝန်းထံ အကြောင်းကြားပေးပါရန် FICC မှမြန်မာသံရုံး၊ တဲလ်အဗီးမြို့သို့ မေတ္တာရပ်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်ပနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ နှင့် အကျိုးတူမိတ်ဖက်ဆောင်ရွက်လိုသည့် အစ္စရေးကုမ္ပဏီရှစ်ခုမှာ Tadiran Consumer & Technology Products Ltd ၊ Synergo by Medical Enterprises Group ၊ Tevatronic Ltd ၊  Agriculture - Ein Harod ACA Ltd ၊ Wekah Technologies Ltd , Green-Oxygen Brand ၊ Wekah Technologies Ltd ၊ Moskovits Inventions Ltd နှင့် Total Biz  - Business Consultancyတို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါအစ္စရေးကုမ္ပဏီများနှင့်အကျိုး တူပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြသည့် မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များအနေဖြင့် အဆိုပြုကုမ္ပဏီများ၏ အသေးစိတ်အချက် အလက်များကို ၎င်းတို့၏ တရားဝင်ဝက်ဘ်ဆိုက်၌ ဝင်ရောက်ဖတ်ရှုပြီး (FICC)  ၏ ပြည်ပဆက်သွယ်ရေးတာဝန်ခံ Ms.Yonat Keren, International Relations Division , email: yonat@ chamber.org. il သို့ ဆက်သွယ် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

၁၉၈၈-၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၉ခုနှစ် အောက်တိုဘာလကုန်အထိ မြန်မာနိုင်ငံတွင် အစ္စရေးနိုင်ငံမှ ဒေါ်လာ ၂ ဒသမ ၄ သန်း ဝင်ရောက်ရင်းနှီးမြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

 


READ NEXT
Cancel OK