ဝါရှင်တန်ဒီစီမြို့ အခြေစိုက် အာဆီယံနိုင်ငံသံရုံးများက ကျင်းပသည့် အာဆီယံယဉ်ကျေးမှုနေ့ အခမ်းအနားတွင် ဝါရှင်တန်မြို့မှ မြန်မာသံရုံးမှ မြန်မာ့ရိုးရာ သင်္ကြန်ယိမ်းအကဖွဲ့ဖြင့် ပါဝင်ဖျော်ဖြေခဲ့ပြီး မြန်မာ့ခရီးသွားလုပ်ငန်း မြှင့်တင်ရေး မြန်မာ့ရှုခင်းသာ ဗီဒီယိုပြကွက်များဖြင့် မိတ်ဆက်ပြသခဲ့ကြောင်း သိရသည်။
ဝါရှင်တန်ဒီစီမြို့အခြေစိုက် အမေရိကန်နိုင်ငံဆိုင်ရာ အာဆီယံသံရုံးများက အာဆီယံ ယဉ်ကျေးမှုနေ့ (ASEAN Culture Day) အခမ်းအနားကို အောက်တိုဘာလ (၁၆) ရက်က Washington D.C. Temple ၊ Church of Jesus Christ of Lat ter-day Saints (CJCLS) ၊ Visitors’ Center ၌ ကျင်းပခဲ့ရာ ဝါရှင်တန်မြို့မှ မြန်မာသံရုံး၊ ယာယီတာဝန်ခံ/ သံအမတ် ဦးသက်ဝင်း၊ သံရုံးမှ တာဝန်ရှိသူများနှင့် သံရုံးမိသားစုဝင်များ ပါဝင်တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ အခမ်းအနားကို ဝါရှင်တန်ဒီစီမြို့ရှိ အာဆီယံသံရုံးများမှ သံအမတ်ကြီးများ/သံရုံးအကြီးအကဲများ၏ ဇနီးများ ဦးဆောင်ပြီး ယင်းသံရုံးများမှ အမျိုးသမီးသံတမန်များမှ အဖွဲ့ဝင်အဖြစ် ပါဝင်သည့် အာဆီယံ အမျိုးသမီးအသင်း (ASEAN Spouses’ Circle)က ကြီးမှူးကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အခမ်းအနားတွင် မြန်မာသံရုံးမှ မြန်မာ့ရိုးရာသင်္ကြန်ယိမ်းအကအဖွဲ့ဖြင့် ပါဝင်ဖျော်ဖြေခဲ့ပြီး မြန်မာ့ရိုးရာ စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခြင်းအပြင် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး မြန်မာ့ရှုခင်းသာ ဗီဒီယို ပြကွက်များအား မိတ်ဆက်ပြသခဲ့ပြီး၊ ပိုစတာ/ ဓာတ်ပုံနှင့် ပန်းချီကားများ၊ မြန်မာ့ရိုးရာလက်မှုပစ္စည်းများကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
အခမ်းအနား တက်ရောက်လာကြသူများအား အာဆီယံသံရုံးများမှ နိုင်ငံအလိုက် ရိုးရာသီချင်းနှင့် အကများ၊ ရိုးရာဝတ်စုံ ဖက်ရှင်သရုပ်ပြမှုစသည့် အနုပညာတင်ဆက်မှုများဖြင့် ဖျော်ဖြေခဲ့ပြီး၊ ရိုးရာစားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့ကြကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ သံအမတ်ကြီးများနှင့် ဇနီးများ၊ သံတမန်များ၊ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အခြားအေဂျင်စီများမှ ဧည့်သည်တော် (၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။





-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
