ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်-တာချီလိတ်သွားလမ်းပိုင်းရှိ ဆိုက်ခေါင်တံတားအား ယာယီသံဘေလီတံတားအဖြစ် ပြန်လည်တည်ဆောက်နေစဉ် ယနေ့ အောက်တိုဘာ (၁၇)ရက် နံနက် (၁၁)နာရီ ဝန်းကျင်အချိန်တွင် ထပ်မံကျိုးကျပျက်စီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးထံက သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၁၀)ရက်၊ ညနေပိုင်းအချိန်က တောင်ကျချောင်းရေကြောင့် အဆိုပါ တံတားမှာ ရေလယ်တိုင်မှ ကျိုးကျပျက်စီးခဲ့ရပြီး၊ စက်တင်ဘာ (၂၇)ရက်မှစတင်၍ ယာယီသံဘေလီတံတားအစားထိုးတည်ဆောက်ပေးနေခြင်းဖြစ်သည်။
ထိုသို့ တည်ဆောက်နေစဉ် ယနေ့ အောက်တိုဘာ(၁၇)ရက်နံနက် (၁၁)နာရီအချိန်၌ တံတားကြမ်းခင်းနေစဉ် ပြိုကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ် အသေးစိတ်အား သိရှိနိုင်ရန်ပေါ်ပြူလာနယူးစ်အနေဖြင့် ဒေသခံများထံ ဆက်သွယ်မေးမြန်းရန်ကြိုးစားနေပြီး၊ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း အခက်အခဲကြောင့် အဆက်အသွယ် မရသေးပေ။
အဆိုပါ တံတား ပြန်လည်ပြင်ဆင်နေစဉ်အတွင်း ဒေသခံများအနေဖြင့် ကိုယ်ထူကိုယ်ထလုပ်ထားသည့် ဖောင်ဖြင့် တံတားတစ်ဘက်တစ်ချက်သို့ ကြိုးဖြင့်ဆွဲကာ ဖြတ်သန်းသွားလာနေရကြောင်းသိရသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
