မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ယနေ့ အောက်တိုဘာ(၁၇)ရက် သီတင်းကျွတ် လပြည့်နေ့ ညနေပိုင်း၌ ဆီမီးပူဇော်ထွန်းညှိရန် လူဦးရေ (၇၀၀)အတွက် ဖယောင်းတိုင်အလှူတော်ကို ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။
ထို့အပြင် ဖယောင်းတိုင်နှင့်တကွ ဆန်၊ ခေါက်ဆွဲခြောက်များကိုလည်း လူဦးရေ (၇၀၀)စာအတွက် တပါတည်း လှူဒါန်းသွားရန်စီစဉ်ထားကြောင်း အကျိုးတော်ဆောင်တစ်ဦးထံက သိရသည်။
ယနေ့ ကျရောက်သည့် သီတင်းကျွတ်လပြည့် (ဓမ္မစကြာ အခါတော်နေ့) တွင် မြဆည်းဆာဆရာတော် (နဂါးမောက်)ဦးစီးသည့် စတုဒီသာအလှူတော်အဖြင့် ကြာဇံကြော် ၊ ကြာဇံဟင်းခါး၊ အအေးနှင့် မုန့်များကိုလည်း နံနက်ပိုင်းအချိန်မှစတင်၍ ညနေ (၆)နာရီအထိ ဧည့်ခံကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အလှူတော်သည် မော်လမြိုင်မြို့ တောင်ရိုးတန်း နဂါးမောက်စေတီတော်ရင်ပြင်ပေါ်တွင် မြဆည်းဆာ ဆရာတော်၏ ဩဝါဒအား ခံယူလျှက် ရာသက်ပန် စတုဒီသာထမင်းကျွေးမွေးခြင်းအလှုတော်တစ်ခုလည်းဖြစ်ပြီး၊ နေ့စဉ်မပြတ် လှူဒါန်းမှုပြုလျှက်ရှိသည် မှာ (၃)နှစ်ကျော် ကြာမြင့်ပြီဖြစ်ကြောင်း သိရသည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
