မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ရှိ ရွှေသာလျောင်တောင်ထိပ်ရှိ ဆုတောင်းပြည့်ဘုရားအား ယနေ့ အောက်တိုဘာ ၁၇ ရက်(သီတင်းကျွတ်လပြည့်နေ့)နံနက် ၅ နာရီက ရွှေဆင်၊ငွေဆင်လှူဒါန်းပွဲကို ဘုရားရင်ပြင်တော်ပေါ်ရှိ ဓမ္မာရုံ၌ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ရွှေဆင်၊ငွေဆင်လှူဒါန်းပွဲအား နှစ်စဉ်မပျက် ရိုးရာဆင်လှူပွဲအဖြစ်ကျင်းပခြင်းဖြစ်ကာ ယနေ့နံနက်ပိုင်းတွင်လည်း တာဝန်ရှိသူများကလှူဒါန်းမည့် ရွှေဆင်၊ ငွေဆင်များကို အမွှေးနံ့သာများပက်ဖျန်း၍ ရွှေသာလျောင်းဆုတောင်းပြည့်ဘုရာကြီးအား လက်ယာရစ်(၃)ပတ်ပတ်ကာ လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ယမန်နေ့ အောက်တိုဘာ ၁၆ ရက်ည၆ နာရီကလည်း ကျောက်ဆည်မြို့ မြန်မာ့ရိုးရာဆင်အကအလှပြိုင်ပွဲတွင် ဆုရရှိခဲ့သောပြိုင်ပွဲဝင်ဆင်များအား ဆုချီးမြှင့်ပွဲကို ရွှေသာလျောင်းတောင် ဆင်အကအလှပြိုင်ပွဲဗဟိုမဏ္ဍပ်တွင် ကျင်းပခဲ့သည်။
မြို့မဆင်ဖြူတော်နှင့် မာဃဆင်ဖြူတော်တို့အား ဂုဏ်ပြုဆုများ၊ နွဲ့ဆိုး၊ ဇော်ဂျီမောင်၊ ပိတောက်မြိုင်၊ ရဲမာန်ဆင်များအား ရိုးရာဂုဏ်ထူးဆောင် (အသက်ကြီးဆင်)ဂုဏ်ပြုဆုများ၊ ကလေးဆင် (ရိုးရာ)ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သော စိမ်းလန်းစိုပြည်ဘိုကေ၊ ဒုတိယဆုရရှိသော ခေတ်သစ်မာန်ဆင်များ၊ ဘော်ကြယ်ဆင်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသောဆင်များအား တာ ဝန်ရှိသူများနှင့် မြို့မိ/မြို့ဖများက ဆုများအသီး သီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထို့ပြင် လူကြီးဆင်(ရိုးရာ)ပြိုင်ပွဲနှင့် တီထွင်စမ်းသစ်မှု(သဘာဝ)ဆင်ပြိုင်ပွဲများတွင် ပထမ၊ ဒု တိယ၊ တတိယဆုရရှိသောဆင်အဖွဲ့များကိုလည်း တာဝန်ရှိသူများက ဆုများအသီးသီးပေး အပ်ခဲ့ကြကြောင်း သိရသည်။
ကျောက်ဆည်ဆင်အကအလှပြိုင်ပွဲတွင် ဂုဏ်ပြုအသက်ကြီးဆင်(၆)စီး၊ ဘော်ကြယ်ဆင်(၃)စီး၊ ရိုးရာလူကြီးဆင်(၃)စီး၊ ရိုးရာကလေးဆင်(၂)စီး၊ တီထွင်ဆန်းသစ်မှုဆင်(၂)စီး၊ မြို့မဈေးပတ်ဆင် (၅၀)ကျော်တို့ရှိခဲ့ကြောင်း သိရသည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
