မိမိတို့နိုင်ငံကို ဒုံးကျည်ဖြင့် လာရောက်တိုက်ခိုက်သည့် အီရန်ကို မကြာမီရက်ပိုင်းအတွင်းလက်တုံ့ပြန်နိုင်ဖွယ်ရှိကြောင်း အစ္စရေးအရာရှိများကို ကိုးကား၍ ဝါရှင်တန်ပို့စ်သတင်းစာက သတင်း ရေးသား ဖော်ပြခဲ့သည်။
လက်တုံ့ပြန်ရန်အတွက် မည်သည့်ပစ်မှတ်ကို ရွေးချယ်မည်ဆိုခြင်းနှင့်ပတ်သက်၍မူ အပြီးသတ်ဆုံးဖြတ်ချက်မချရသေးကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။
သို့သော် နိုဝင်ဘာ ၅ ရက်တွင် ကျင်းပမည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲ မတိုင်မီ အစ္စရေးက အီရန်ကို တိုက်ခိုက်ရန် မျှော်လင့်ထားကြောင်း သတင်းရင်းမြစ်များကို ကိုးကား၍ CNN က အောက်တိုဘာ ၁၆ ရက်တွင် ဖော်ပြခဲ့သည်။ ယင်းသတင်းအရ အစ္စရေး၏ တိုက်ခိုက်ရေးအစီအစဉ်သည် အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကလည်း လက်တုန့်ပြန်သည့် စစ်ဆင်ရေးလုပ်ဆောင်မည်ဟု ဝါရှင်တန်ကို အာမခံထားကြောင်း သိရသည်။ အမေရိကန်တို့ စိတ်ပူပန်နေသည့် အီရန်မှ ရေနံနှင့် နျူကလီးယား စက်ရုံများကို ရှောင်ရှားရန်နှင့် စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကိုသာ တိုက်ခိုက်ရန် ကန့်သတ်ချက်ချမှတ်ထားသည်။
အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant ကလည်း အစ္စရေးသည် အီရန်အား တိကျသေသပ်သော တုံ့ပြန်မှုကို ပေးမည်ဟု အောက်တိုဘာ ၁၅ ရက်တွင် ကတိပြုခဲ့သည်။
ဟားမတ်စ်၊ ဟစ်ဇ်ဘိုလာနှင့် အီရန်တပ်များအား တိုက်ခိုက်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် အီရန်သည် အစ္စရေးနိုင်ငံကို အောက်တိုဘာ ၁ ရက်ကဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
