ခွဲထွက်ရေးတပ်ဖွဲ့များကို ပြင်းပြင်းထန်ထန်သတိပေးခြင်းဖြစ်သည်ဟု ပေကျင်းကပြောကြားသော တစ်ရက်ကြာ စစ်ရေးလေ့ကျင့်မှုအပြီးတွင် တရုတ်ကထိုင်ဝမ်ကို ထိန်းချုပ်ရန် အင်အားအသုံးပြုခြင်းကို ဘယ်တော့ မှစွန့်လွှတ်မည်မဟုတ်ဟု အောက်တိုဘာ ၁၄ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
မိမိဘာသာအုပ်ချုပ်နေသော ထိုင်ဝမ်ကို တရုတ်က ၎င်း၏ကိုယ်ပိုင်နယ်နိမိတ်ဖြစ်သည်ဟု ပြောကြားထားသည်။ ထိုင်ဝမ်ကျွန်းအနီးတွင်ပြုလုပ်ခဲ့သော စစ်ရေးလေ့ကျင့်မှုတွင် တရုတ်က ဂျက်တိုက်လေယာဉ်များ၊ ဒရုန်းများ၊ စစ်သင်္ဘောများ၊ ကမ်းခြေစောင့် သင်္ဘောများကို အသုံးပြုခဲ့သည်။ နှစ်နှစ်ကျော်ကာလအတွင်း စတုတ္ထအကြိမ်မြောက် အကြီးစားစစ်ရေးလေ့ကျင့်မှုအတွင်း တရုတ်က ထိုင်ဝမ်ကျွန်းကို ၀ိုင်းထားခဲ့သည်။
တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ နယ်နိ မိတ်တစ်ခုအဖြစ် ကြေညာထားပြီး လိုအပ်လာပါက အင်အားသုံး သိမ်းယူသွားမည်ဟု ပြောကြားခဲ့ပြီးနောက် ယခုစစ်ရေးလေ့ကျင့်မှုသည် ထိုင်ဝမ်ကို စစ်အင်အား ပြသည့်အနေဖြင့်လုပ်ဆောင်သော နောက်ဆုံးစစ်ရေး လေ့ကျင့်မှုဖြစ်သည်။
တရုတ်၏လုပ်ရပ်များသည် အကြောင်းမဲ့လုပ်ရပ်များဖြစ်ပြီး ပဋိပက္ခမြင့်တက်မည့် အန္တရာယ်ရှိနေသောကြောင့် တရုတ်အနေဖြင့် သည်းခံမှုဖြင့် လုပ်ဆောင်ရန် အမေရိကန်က ပြောကြားခဲ့သည်။
လက်ရှိတွင် တရုတ်သည် ထိုင်ဝမ်အနီးဝန်းကျင်ရှိ ရေပြင်များအတွင်းသို့ ရေတပ်သင်္ဘောများနှင့် လေယာဉ်များကို နေ့စဉ်နီးပါးစေလွှတ်ခဲ့ပြီး ပြီးခဲ့သည့်လက ၂၄ နာရီအတွင်းမှာပင် ထိုင်ဝမ်ကျွန်းအနီး၌ တရုတ် စစ်လေယာဉ် ၄၃ စင်းကို ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်အာဏာပိုင်များက ပြောကြားခဲ့သည်။
“ကျွန်တော်တို့က ငြိမ်းချမ်းတဲ့ ပြန်လည်ပေါင်းစည်းရေး အလားအလာအတွက် ရိုးသားစွာ ကြိုးပမ်းနေတာဖြစ်ပေမယ့် အင်အားအသုံးပြုတာကို စွန့်လွှတ်မယ်လို့ ကျွန်တော်တို့ ဘယ်တော့မှ ကတိမပေးပါဘူး။ ထိုင်ဝမ်လွတ်လပ်ရေးအတွက် နေရာလပ်ဆိုတာကိုလည်း ချန်ထားပေမှာမဟုတ်ပါဘူး”ဟု စစ်ရေးလေ့ကျင့်မှုအပြီးတွင် တရုတ်ကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဝူကျင်းက ပြောကြားခဲ့သည်။
တရုတ်သည် အောက်တိုဘာ ၁၄ ရက်က ထိုင်ဝမ်ကျွန်းအနီးတစ်ဝိုက်တွင် တိုက်လေယာဉ်များနှင့် စစ်သင်္ဘောများ စေလွှတ်ပြီးစစ်ရေးလေ့ကျင့်မှုများပြုလုပ်ခဲ့သည်။
ထိုလေယာဉ်များတွေ့ရှိမှုသည် ထိုင်ဝမ်ရေလက်ကြား၏ အစွန်းတစ်ဖက်မှစပြီး ထိုင်ဝမ်ကို ပတ်ပတ်လည်ဝိုင်းသည့်ပုံစံဖြင့် တရုတ်လေယာဉ်များပျံသန်းသည့် ပထမဆုံးဖြစ်စဉ်ဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
တရုတ်၏လျောင်နင်လေယာဉ်တင်သင်္ဘောအုပ်စုသည် ဘာရှီရေလက်ကြားအနီးရှိ ရေပြင်သို့ ဝင်ရောက်ခဲ့ပြီး အနောက်ပစိဖိတ်ဒေသကို ဝင်ရောက်သွားဖွယ်ရှိကြောင်းနှင့်ထိုင်ဝမ်စစ်တပ်ကို တပ်လှန့်နှိုးဆော်ခဲ့ပြီး သင့်တော်သလိုတုံ့ ပြန်ရန်ပြင်ဆင်ခဲ့ကြောင်းထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန ကထုတ်ပြန်ခဲ့သည်။
Joint Sword-2024ဟု အမည်ပေးထားသော စစ်ရေးလေ့ကျင့်မှုသည် တရုတ်တပ်ဖွဲ့များ၏ ဘက်ပေါင်းစုံပေါင်း စည်းထားသော ပူးတွဲစစ်ဆင်ရေးစွမ်းရည်များကို အပြည့်အဝစမ်းသပ်မှုဖြစ်သည်ဟု တရုတ်စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီးလီရှီက ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ထိုင်ဝမ်သမ္မတလိုင်ချင်တေးက ၎င်းကို ခွဲထွက်ရေးသမားဟုခေါ်ခဲ့သောတရုတ်ကို ဒေါသထွက်နေသည်ဟု သိရသည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
