ယခုသီတင်းပတ်အတွင်း စစ်တပ်ထဲ ဝင်ရောက်လာသည့် လူငယ် ၁ ဒသမ ၄ သန်းရှိကြောင်း မြောက်ကိုရီးယားထုတ်ပြန်
24htopnews | October 17, 2024 10:12 PM CST
ကျောင်းသားများနှင့် လူငယ်အသင်းတာဝန်ရှိသူများအပါအဝင် လူငယ် ၁ ဒသမ ၄ သန်းဝန်းကျင်သည် ယခုသီတင်းပတ်အတွင်း စစ်တပ်ထဲဝင်ရောက်လာကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာတွင် အောက်တိုဘာ ၁၆ ရက်က ဖော်ပြထားသည်။
လူငယ်များသည် ရန်သူကို ဖျက်ဆီးမည့် မြင့်မြတ်သည့် စစ်ပွဲတွင် ပါဝင်တိုက်ခိုက်ရန် ဆုံးဖြတ်ထားကြောင်း KCNA သတင်းတွင်ဆိုသည်။
ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများမြင့်တက်နေချိန် မြောက်ကိုရီးယားစစ်တပ်ထဲဝင်ရောက်သည့် လူငယ်အရေအတွက်သည် နှစ်ရက်အတွင်း တစ်သန်းကျော်ရှိကြောင်း နိုင်ငံပိုင်သတင်းဌာနက အတည်ပြုဖော်ပြခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သည့်နှစ်ကလည်း မြောက်ကိုရီးယားမီဒီယာ၌ ၎င်း၏နိုင်ငံသားများ၏ အမေရိကန်နှင့် တိုက်ခိုက်ရန်အတွက် မိမိသဘောဆန္ဒအလျောက် စစ်တပ်ထဲ ဝင်ရောက်လာခဲ့ကြောင်း အလားတူထုတ်ပြန်ချက်တစ်ရပ် ကြေညာခဲ့သည်။
Ref:AFP
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
