ဂျပန်နိုင်ငံတွင် နိုဝင်ဘာ ၇ ရက်က COVID-19 ကြောင့် နေ့အလိုက် သေဆုံးသူမရှိခဲ့ဘဲ တစ်နှစ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ မရှိသည့်နေ့အဖြစ် စံချိန်တင်ခဲ့သည်ဟု ဒေသတွင်း မီဒီယာတွင် ဖော်ပြထားသည်။
နိုဝင်ဘာ ၇ ရက်နေ့ မတိုင်ခင်က ဂျပန်တွင် ၂၀၂၀ ခုနှစ် သြဂုတ် ၂ ရက် နောက်ပိုင်း ဗိုင်းရပ်စ်ကြောင့် နေ့အလိုက် သေဆုံးသူမရှိသည့်နေ့ရက် မရှိခဲ့ဟု နိုင်ငံပိုင်ရုပ်သံဖြစ်သည့် NHK ၏ စာရင်းဇယားတွင် ဖော်ပြထားသည်။
နိုဝင်ဘာ ၆ ရက်က ဗိုင်းရပ်စ်ကြောင့် နေ့အလိုက် သေဆုံးသူသုံးဦးရှိခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးအကြိမ်ထုတ်ပြန်သည့် စာရင်းဇယားတွင်ဖော်ပြထားသည်။
ဂျပန်တွင် လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်ကို COVID-19 ကာကွယ်ဆေးတိုးမြှင့် ထိုးနှံပေးနေချိန်တွင် COVID-19 ကူးစက်ခံရသူဦးရေနှင့် သေဆုံးသူဦးရေမှာ သိသိသာသာ ကျဆင်းခဲ့သည်။
အလွန်ကူးစက်မြန် ဒယ်တာဗိုင်းရပ်စ် မျိုးကွဲကူးစက်ပျံ့နှံ့သည့် သြဂုတ်လအတွင်း နေ့အလိုက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အသစ် ၂၅,၀၀၀ ကျော်အထိ မြင့်တက်ရောက်ရှိခဲ့သည်။
ဂျပန်တွင် ကပ်ရောဂါကာလအတွင်း ဗိုင်းရပ်စ်ကြောင့် သေဆုံးသူပေါင်း ၁၈,၀၀၀ ကျော်ရှိသည်။
ယခုဆောင်းရာသီအတွင်း ဗိုင်းရပ်စ်ကူးစက်မှုများ တစ်ဖန်မြင့်တက်လာခြင်း မရှိစေရန်အတွက် အစိုးရသည် လာမည့်လတွင်ထပ်တိုး ကာကွယ်ဆေးများ စတင်ထိုးနှံပေးရန်စီစဉ်နေပြီး ဗိုင်းရပ်စ်ကူးစက်မှု မပြင်းထန်သည့် ဖြစ်စဉ်များကိုလည်း ဆေးရုံတက်ရောက် ကုသနိုင်သည့် အခြေအနေကို လျှော့ချနိုင်ရန်အတွက် သောက်ဆေးအခြေပြု ကုထုံးများအလုံအလောက် ရရှိနိုင်ရန် လုပ်ဆောင်နေသည်။
ဂျပန်နိုင်ငံတွင် နိုဝင်ဘာ ၈ ရက်မှစ၍ COVID-19 ကာကွယ်ဆေးနှစ်လုံး အပြည့်ထိုးနှံပြီးသူများအတွက် နယ်စပ်ထိန်းချုပ်ကန့်သတ်မှုများကို ဖြေလျှော့ပေးခဲ့သည်။
ဂျပန်နိုင်ငံအတွင်းသို့ ဝင်ရောက်လိုသူများအနေဖြင့် အစိုးရက အသိအမှတ်ပြုထားသည့် COVID-19 ကာကွယ်ဆေးများနှစ်လုံး အပြည့်ထိုးနှံပြီးစီးရမည်ဟု ဆိုသည်။
ဂျပန်နိုင်ငံသည် ဇန်နဝါရီလက အထူးခွင့်ပြုချက်ရရှိသူများနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ရည်ရွယ်ချက်ဖြင့် လာရောက်သူများမှလွဲ၍ ပြည်ပခရီးသွားများ အားလုံးအတွက် ၎င်း၏နယ်စပ်များကို ပိတ်ထားခဲ့သည်။
ကာကွယ်ဆေးထိုးနှံမှုများနှင့် နှာခေါင်းစည်းတပ်ဆင်မှုများကြောင့် စက်တင်ဘာလနောက်ပိုင်း နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေ သိသိသာသာ ကျဆင်းခဲ့သည်။
နယ်စပ်ထိန်းချုပ်မှုများကို ဖြေလျှော့ပေးခြင်းသည် လူမှုရေးနှင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်ရန် တဖြည်းဖြည်း လုပ်ဆောင်လာမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
ဂျပန်နိုင်ငံသည် ပြည်ပခရီးသွားများ၏ လှုပ်ရှားမှုများကို စောင့်ကြည့်ပြီး ထိန်းချုပ်ရန် နည်းလမ်းများကို လေ့လာခဲ့ပြီးနောက် ယခုနှစ်ကုန်ပိုင်းတွင် ပြည်ပခရီးသွားအဖွဲ့များကို ဝင်ရောက်ခွင့်ပြုနိုင်မည့် အခြေအနေအပေါ် စဉ်းစားသုံးသပ်သွားမည်ဟု အစိုးရအဖွဲ့ လက်ထောက်အတွင်းဝန် ဆိုင်ဂျီကီဟာရာက ပြောကြားခဲ့သည်။ ဂျပန်တွင် လူဦးရေ၏ ၇၃ ရာခိုင်နှုန်းကို ကာကွယ်ဆေးနှစ်လုံးအပြည့် ထိုးနှံပြီးစီးခဲ့ပြီး ဖြစ်သည်ဟုလည်း ၎င်းကပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
