နိုဝင်ဘာ ၇ ရက် အစောပိုင်းက အီရတ်ဝန်ကြီးချုပ် မူစတာဖာအယ်-ကာဒီမီ၏ နေအိမ်ကို ဖောက်ခွဲရေးပစ္စည်းများ အပြည့်တင်ဆောင်ထားသော ဒရုန်းတစ်စင်းဖြင့် ပစ်မှတ်ထားတိုက်ခိုက်မှု ဖြစ်ပွားခဲ့သော်လည်း ဝန်ကြီးချုပ်ကာဒီမီမှာ ဒဏ်ရာအနာတရမရှိဘဲ လွတ်မြောက်သွားခဲ့သည်ဟု သိရသည်။ ယင်းတိုက်ခိုက်မှုသည် ဝန်ကြီးချုပ်ကို လုပ်ကြံရန်ကြံစည်မှု ဖြစ်သည်ဟု အီရတ်စစ်တပ်က ဆိုသည်။
ပြီးခဲ့သည့်လ အထွေထွေရွေးကောက်ပွဲ ရလဒ်နှင့် ပတ်သက်ပြီး မြို့တော်ဘဂ္ဂဒက်တွင် ပြုလုပ်ခဲ့သည့် ဆန္ဒပြမှုများသည် အကြမ်းဖက်မှု အသွင်ကူးပြောင်းလာခဲ့ပြီးနောက်တွင် ဖြစ်ပွားခဲ့သော အဆိုပါတိုက်ခိုက်မှုတွင် ကာဒီမီ၏ သက်တော်စောင့်အချို့ ဒဏ်ရာရရှိခဲ့သည်ဟု လုံခြုံရေး သတင်းရင်းမြစ်များက ပြောသည်။
အမေရိကန် နိုင်ငံခြားရေးဌာနက ယင်းတိုက်ခိုက်မှုကို ရှုတ်ချခဲ့သည်။ “အကြမ်းဖက် လုပ်ရပ်လို့ ယူဆရတဲ့ ဒီဖြစ်စဉ်ဟာ အီရတ်နိုင်ငံရဲ့ ဗဟိုချက်ကို ဦးတည်လုပ်ဆောင်ခဲ့တာပါ။ ကျွန်တော်တို့အနေနဲ့ အဲဒီဖြစ်စဉ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ အီရတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ လွတ်လပ်မှုကို ထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အနီးကပ် ဆက်သွယ်ဆောင်ရွက်နေပြီး အဲဒီဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးမှုတွေကို အကူအညီပေးနေပါတယ်” ဟု အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ဒ်ပရိုက်စ်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အောက်တိုဘာ ၁၀ ရက် ရွေးကောက်ပွဲ ရလဒ်အပေါ် ဆန္ဒပြမှုများနှင့် ကန့်ကွက်မှုများကို ဦးဆောင်နေသော အဖွဲ့များသည် အဆိုပါရွေးကောက်ပွဲတွင် ပါလီမန်၌ နေရာအများအပြား လက်လွှတ်ဆုံးရှုံးခဲ့ရသည့် အီရန်ကျောထောက်နောက်ခံပြု လက်နက်ကိုင်အုပ်စုများဖြစ်သည်။ အဆိုပါ ရွေးကောက်ပွဲ၌ မဲပေးမှုနှင့် မဲရေတွက်မှု လုပ်ငန်းစဉ်တွင် မူမမှန်မှုများ ရှိနေသည်ဟု ၎င်းတို့က စွပ်စွဲထားသည်။
အစိုးရ အဆောက်အအုံများနှင့် ပြည်ပသံရုံးများ အခြေစိုက်သည့် ဘဂ္ဂဒက်မြို့၏ လုံခြုံရေး အခိုင်အမာ ပြင်ဆင်ထားသော ဂရင်းဇုန်ရှိ ဝန်ကြီးချုပ် ကာဒီမီ၏ နေအိမ်ကို တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး လတ်တလောတွင် မည်သည့်အဖွဲ့အစည်းကမှ ထုတ်ဖော်ဝန်ခံခြင်း မရှိသေးပေ။
အဆိုပါ တိုက်ခိုက်မှုသည် ဝန်ကြီးချုပ်ကာဒီမီ၏ နေအိမ်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ကာဒီမီသည် ဘေးကင်းစွာ ရှိနေသည်ဟု အီရတ်စစ်တပ်က ကြေညာချက် ထုတ်ပြန်ခဲ့ပြီး အသေးစိတ်ကို ဖော်ပြခဲ့ခြင်း မရှိပေ။ ကာဒီမီ ဘေးကင်းကြောင်းနှင့် တည်တည်ငြိမ်ငြိမ်ရှိကြရန် တိုက်တွန်းလိုကြောင်း ၎င်း၏တရားဝင် Twitter အကောင့်တွင်လည်း ဖော်ပြထားသည်။
ဝန်ကြီးချုပ်၏ နေအိမ်တွင် အနည်းဆုံး ပေါက်ကွဲမှုတစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ၎င်းသည် ဘေးကင်းစွာ ရှိနေသည်ဟု အီရတ်အစိုးရ အရာရှိနှစ်ဦးက ပြောသည်။ သို့ရာတွင် ဝန်ကြီးချုပ်၏နေအိမ် အပြင်ဘက်တွင် လုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် သက်တော်စောင့် ခြောက်ဦး ဒဏ်ရာရခဲ့သည်ဟု လုံခြုံရေးသတင်းရင်းမြစ်များက ရိုက်တာသတင်းဌာနကို ပြောသည်။
ဂရင်းဇုန်ထဲတွင် ၎င်းနေရာနှင့် မလှမ်းမကမ်းတွင် အခြေစိုက်သည့် အနောက်နိုင်ငံတို့မှ သံတမန်များကလည်း ပေါက်ကွဲမှုများနှင့် သေနတ်သံများ ကြားခဲ့ရသည်ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
