ပြီးခဲ့သည့် နိုဝင်ဘာလ ပထမပတ်အတွင်း WHO အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံများတွင် COVID-19 ဖြစ်ပွားမှု ရှစ်ရာခိုင်နှုန်းကျော် ထပ်မံလျော့ကျလာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံများ၏ COVID-19 ဖြစ်ပွားမှု အခြေအနေ အပတ်စဉ် အစီရင်ခံစာတွင် ဖော်ပြထားသည်။
အဆိုပါအစီရင်ခံစာအရ အိန္ဒိယနိုင်ငံတွင် ၉ ဒသမ ၂ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားနိုင်ငံတွင် ၁၇ ဒသမ ၅ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံတွင် ၇ ဒသမ ၈ ရာခိုင်နှုန်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၁၆ ဒသမ ၂ ရာခိုင်နှုန်း၊ နီပေါနိုင်ငံတွင် ၁၂ ဒသမ ၆ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံတွင် ၉ ဒသမ ၄ ရာခိုင်နှုန်း၊ တီမော်လက်စ်တေနိုင်ငံတွင် ၆၄ ဒသမ ၃ ရာခိုင်နှုန်း အသီးသီးလျော့ကျခဲ့ပြီး မော်ဒိုက်တွင် ၁၃ ဒသမ ၉ ရာခိုင်နှုန်း၊ သီရိလင်္ကာနိုင်ငံတွင် ၁၂ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။
ဂျပန်နိုင်ငံတွင် နိုဝင်ဘာ ၇ ရက်က COVID-19 ကြောင့် နေ့အလိုက် သေဆုံးသူ မရှိခဲ့ဘဲ တစ်နှစ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူမရှိသည့်နေ့အဖြစ် စံချိန်တင်ခဲ့သည်ဟု ဒေသတွင်းမီဒီယာတွင် ဖော်ပြထားသည်။
နိုဝင်ဘာ ၇ ရက် မတိုင်ခင်က ဂျပန်တွင် ၂၀၂၀ ပြည့်နှစ် သြဂုတ် ၂ ရက် နောက်ပိုင်း ဗိုင်းရပ်စ်ကြောင့် နေ့အလိုက် သေဆုံးသူမရှိသည့် နေ့ရက်မရှိခဲ့ဟု နိုင်ငံပိုင်ရုပ်သံဖြစ်သည့် NHK ၏ စာရင်းဇယား၌ ဖော်ပြထားသည်။
နိုဝင်ဘာ ၆ ရက်က ဗိုင်းရပ်စ်ကြောင့် နေ့အလိုက် သေဆုံးသူသုံးဦးရှိခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးအကြိမ်ထုတ်ပြန်သည့် စာရင်းဇယားတွင် ဖော်ပြထားသည်။
ဂျပန်တွင် လူဦးရေ၏ ရာခိုင်နှုန်း ၇၀ ကျော်ကို COVID-19 ကာကွယ်ဆေးတိုးမြှင့် ထိုးနှံပေးနေချိန်တွင် COVID-19 ကူးစက်ခံရသူဦးရေနှင့် သေဆုံးသူဦးရေ သိသိသာသာ ကျဆင်းခဲ့သည်။
အလွန်ကူးစက်မြန် ဒယ်တာဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ပျံ့နှံ့သည့် သြဂုတ်လအတွင်း နေ့အလိုက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အသစ် ၂၅၀၀၀ ကျော်အထိ မြင့်တက်ရောက်ရှိခဲ့သည်။
ဂျပန်တွင် ကပ်ရောဂါကာလအတွင်း ဗိုင်းရပ်စ်ကြောင့် သေဆုံးသူပေါင်း ၁၈၀၀၀ ကျော်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
