တစ်နှစ်မပြည့်မီ စစ်အာဏာသိမ်းမှု နှစ်ကြိမ်လုပ်ဆောင်ခဲ့သော အာဏာသိမ်းစစ်အစိုးရ၏ အဖွဲ့ဝင်အချို့ကို အနောက်အာဖရိက ဒေသဆိုင်ရာအုပ်စု- အက်ကိုဝက်စ် (ECOWAS) က ဒဏ်ခတ်အရေးယူမှုများ လုပ်ဆောင်ခဲ့ခြင်းကို မိမိတို့စိတ်ထိခိုက်သည်ဟု နိုဝင်ဘာ ၈ ရက်တွင် မာလီက ပြောကြားခဲ့သည်။
၂၀၂၀ ခုနှစ် သြဂုတ်လနှင့် ၂၀၂၁ ခုနှစ် မေလတွင် အာဏာသိမ်းမှုများက မာလီကို လည်းကောင်း၊ ၂၀၁၂ ခုနှစ် တွင် မြောက်ပိုင်း၌ ပေါ်ထွက်လာခဲ့သော ဂျီဟတ်သူပုန်ထမှုကြောင့် အစိုးရထိန်းချုပ်မှုအောက်တွင် ရှိမနေသော ကျယ်ပြန့်သည့် ကန္တာရနိုင်ငံ မာလီ၏ဒေသများကိုလည်းကောင်း တုန်လှုပ်စေခဲ့သည်။
အနောက်အာဖရိက စီးပွားရေးအသိုင်းအဝိုင်းအုပ်စု အက်ကိုဝက်စ်၏ အရေးယူမှုများသည် မာလီပြည်သူများ၏ နက်ရှိုင်းသော ဆန္ဒများကိုလည်းကောင်း၊ အသွင်ကူးပြောင်းရေး အာဏာပိုင်များက နေ့စဉ်ဆောင်ရွက်နေသော ကြိုးပမ်းအားထုတ်မှုများကိုလည်းကောင်း လုံလောက်စွာထည့်သွင်းစဉ်းစားခြင်းမရှိဟု မာလီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
“သီတင်းပတ်ကုန်တုန်းက ဂါနာမြို့တော် အက်ခရာမှာ ပြုလုပ်တဲ့ အက်ကိုဝက်စ်ထိပ်သီးက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို အစိုးရက စိတ်ထိခိုက်နေပါတယ်” ဟု မာလီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒီမိုကရေစီစနစ်ထံ ပြန်သွားရေးအတွက် ရွေးကောက်ပွဲအချိန်ဇယားကို လေးစားရန် နိုဝင်ဘာ ၇ ရက်တွင် အက်ကိုဝက်စ်က မာလီစစ်အစိုးရကို တောင်းဆိုခဲ့ပြီး ဖေဖော်ဝါရီ ၂၇ ရက်တွင် စီစဉ်ထားသော ရွေးကောက်ပွဲ ကျင်းပမှုကို အချိန်ဆွဲထားသူအားလုံးကို အရေးယူပိတ်ဆို့မှုများ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။
ဆာဟဲလ်ဒေသနိုင်ငံ မာလီအနေဖြင့် စီစဉ်ထားသည့်အတိုင်း ရွေးကောက်ပွဲများကို ကျင်းပပေးနိုင်မည် မဟုတ်ဟု ဂါနာသမ္မတ နာနာအကူဖိုအက်ဒိုထံ တရားဝင်အားဖြင့် စာရေးအကြောင်းကြားခဲ့သည်။ ဂါနာသည် ၁၅ နိုင်ငံ ပါဝင်သော အက်ကိုဝက်စ်အုပ်စု၏ အလှည့်ကျဥက္ကဌတာဝန်ကို ရယူထားသော နိုင်ငံဖြစ်သည်။
မာလီအသွင်ကူးပြောင်းရေးအစိုးရအဖွဲ့၏ အဖွဲ့ဝင်များကို အရေးယူပိတ်ဆို့မှုများသည် ချက်ချင်း သက်ရောက်မှုရှိမည်ဖြစ်ပြီး မိသားစုဝင်များကိုလည်း ခရီးသွားလာမှုပိတ်ပင်ခြင်း၊ ပိုင်ဆိုင်ပစ္စည်းထိန်းချုပ်ခြင်းများ လုပ်ဆောင်ခဲ့သည်။
မာလီနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပရေးအတွက် တိုးတက်မှုကင်းမဲ့နေခြင်းကို အလွန်အမင်း စိတ်ပျက်မိသည်ဟု နိုဝင်ဘာ ၇ ရက်ထိပ်သီးအပြီး နောက်ဆုံးကြေညာချက်တွင် အက်ကိုဝက်စ်က ဖော်ပြခဲ့သည်။
အခြေအနေသည် ရှိမြဲအနေအထားအတိုုင်း ဆက်လက်ရှိနေမည်ဆိုပါက ဒီဇင်ဘာ ၁၂ ရက်တွင် ပြုလုပ်ရန်ရှိသည့် ထိပ်သီးအစည်းအဝေးသစ်တွင် နောက်ထပ်အရေးယူမှုများကို ချမှတ်သွားမည်ဟု အက်ကိုဝက်စ်က ခြိမ်းခြောက်ခဲ့သည်။
ထို့အပြင် အက်ကိုဝက်စ်သည် ဂီနီကိုလည်း ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။ စက်တင်ဘာ ၅ ရက်က ဂီနီနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည်။ ထို့ကြောင့် အက်ကိုဝက်စ်သည် ဂီနီကိုအဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းခဲ့သည်။
အသက် ၈၃ နှစ်ရှိ သမ္မတအယ်လ်ဖာကွန်ဒေကို ပြန်လွှတ်ပေးရန် အက်ကိုဝက်စ်အုပ်စုက ဂီနီကိုတောင်းဆိုခဲ့ပြီး ရွေးကောက်ပွဲကို သတ်မှတ်ချိန်အတိုင်း ကျင်းပပေးရမည်ဟု ပြောကြားခဲ့ကာ အသွင်ကူးပြောင်းရေး အစိုးရဖွဲ့ရမည်ဟု ဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
