ရုရှားနိုင်ငံတစ်ဝန်းတွင် လုပ်ငန်းခွင်များ ပိတ်သိမ်းထားမှုကို နေရာဒေသအများစုတွင် ရုပ်သိမ်းလိုက်ပြီးနောက် နိုဝင်ဘာ ၈ ရက်တွင် ရုရှားပြည်သူအများစုသည် တစ်ပတ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် လုပ်ငန်းခွင် ပြန်ဝင်ခဲ့ကြသည်။ ရုရှားတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူနှင့် သေဆုံးသူဦးရေမှာ နေ့အလိုက် စံချိန်တင် အရေအတွက်နီးပါး ရောက်ရှိနေသော်လည်း အာဏာပိုင်များက လုပ်ငန်းခွင်များ ပိတ်ထားမှုကို ပြန်ရုပ်သိမ်းခဲ့သည်။
သမ္မတ ဗလာဒီမာပူတင်က အောက်တိုဘာ ၃၀ မှ နိုဝင်ဘာ ၇ ရက်အထိ အလုပ်ဆင်းရန် မလိုသည့် ကာလအတွက် လစာရရှိမည်ဖြစ်ကြောင်း ပြီးခဲ့သည့်လတွင် ကြေညာခဲ့သည်။ ယင်းကဲ့သို့ ကြေညာမှုသည် ပြီးခဲ့သည့်နှစ် ကပ်ရောဂါကာလ အစောပိုင်းလများ နောက်ပိုင်းတွင် နိုင်ငံတစ်ဝန်း အတင်းကျပ်ဆုံး ကန့်သတ်ပိတ်ပင်မှုများ ချမှတ်ကာ ရောဂါကူးစက်မှုများ တစ်ဟုန်ထိုး မြင့်တက်နေမှုကို ထိန်းချုပ်ရန် ကြိုးပမ်းမှုလည်း ဖြစ်သည်။
သို့ရာတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း နိုင်ငံတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁,၁၉၀ ဦး ရှိခဲ့ပြီး လုပ်ငန်းခွင်မဝင်ရန် တားမြစ်ထားသည့် ကာလမတိုင်မီရက်များထက်ပင် ပိုများပြားနေသကဲ့သို့ နေ့အလိုက် သေဆုံးမှုအများဆုံး စံချိန်အောက်ငါးဦးသာ လျော့နည်းနေခဲ့သည်ဟု သိရသည်။
ရောဂါကူးစက်သူဦးရေမှာ ၃၉,၄၀၀ ဦးရှိခဲ့ပြီး နိုဝင်ဘာ ၆ ရက်တွင် ကူးစက်မှု အများဆုံးအရေအတွက် ဖြစ်ခဲ့သည့် ၄၁,၃၃၅ ဦးထက် လျော့ကျသွားသည်။
လုပ်ငန်းခွင်များ ပိတ်သိမ်းထားမှု၏ အကျိုးသက်ရောက်မှုကို အကဲဖြတ်ရန် အချိန်စောနေသည်ဟု ရုရှားအစိုးရက ပြောဆိုထားသော်လည်း မြို့တော်မော်စကိုတွင် ရောဂါကူးစက်မှုအခြေအနေမှာ တည်ငြိမ်နေပြီ ဖြစ်ကြောင်း မော်စကိုမြို့တော်ဝန်က ဆိုသည်။
ရုရှားနိုင်ငံသည် ပြီးခဲ့သည့်နှစ်တွင် ကိုဗစ်ကာကွယ်ဆေးကို အစောဆုံး တီထွင်နိုင်ခဲ့သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သော်လည်း လူဦးရေအများအပြားကို ကာကွယ်ဆေးထိုးနှံမှု ခံယူစေရန် ဆော်သြစည်းရုံးနိုင်ခဲ့ခြင်း မရှိပေ။ ရုရှားတွင် လူဦးရေ၏ ရာခိုင်နှုန်း ၄၀ ဝန်းကျင်ကိုသာ ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့သည်။
လော့ဒေါင်းကာလအတွင်း ရုရှားပြည်သူများသည် အလုပ်သွားရန် မလိုအပ်သော်လည်း ပြည်တွင်း (သို့မဟုတ်) ပြည်ပသို့ ခရီးသွားလာခြင်းနှင့် တစ်ဦးနှင့်တစ်ဦး ရောနှောနေထိုင်မှုများကို တားဆီးနိုင်ခြင်းမရှိခဲ့ဟု သိရသည်။ အားလပ်ရက်အတွင်း ပြည်ပကမ်းခြေများသို့ သွားရောက်လည်ပတ်သူဦးရေ သိသိသာသာ များပြားလာခဲ့သည်ဟုလည်း ခရီးသွားအေဂျင်စီများက ဆိုသည်။
မြို့တော်မော်စကိုတွင် ဆေးဆိုင်များနှင့် စူပါမားကက်များမှအပ စျေးဆိုင်အားလုံးကို ပိတ်ထားရမည် ဖြစ်သော်လည်း အရက်ဆိုင်နှင့် အလှပြင်ဆိုင်အချို့ကို ဆက်လက်ဖွင့်ထားဆဲ ဖြစ်သည်ဟု သိရသည်။
မော်စကိုနှင့် စိန့်ပီတာစဘတ်ကဲ့သို့ မြို့ကြီးများတွင် ကန့်သတ်ပိတ်ပင်မှုများကို ဖြေလျှော့ပေးခြင်းမပြုဘဲ သက်တမ်းတိုးမြှင့်သင့်သည်ဟု ကိုယ်ခံအားဗေဒဆိုင်ရာ ပညာရှင်တစ်ဦးဖြစ်သူ နစ်ကိုလေခရူးရှ်ကော့ဗ်က ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။
မကြာသေးမီက ရုရှားတွင် ကိုဗစ်လူနာဦးရေ များပြားလာသဖြင့် အောက်ဆီဂျင် မလုံလောက်မှုများ ဖြစ်ပေါ်ခဲ့ရာ ရုရှားရေတပ်၏ ဘောလ်တစ်စစ်ရေယာဉ်စုက အောက်ဆီဂျင်အရည် ငါးတန်ကျော်ကို ဆေးရုံများသို့ ပေးပို့ခဲ့ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
