ဖိလစ်ပိုင်နိုင်ငံ၏ စီးပွားရေးသည် တတိယသုံးလပတ်တွင် မျှော်မှန်းထားသည်ထက် ပိုမိုတိုးတက်လာခဲ့သည်ဟု အစိုးရက နိုဝင်ဘာ ၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ကူးစက်နှုန်း လျင်မြန်သည့် ဒယ်လ်တာဗိုင်းရပ်စ်မျိုးကွဲကို ထိန်းချုပ်ရန် လော့ဒေါင်းချမှုနှင့် အခြားကန့်သတ်ပိတ်ပင်မှုများကို ကျော်လွှားကာ စားသုံးသူသုံးစွဲမှု ပြန်လည်မြင့်တက်လာခြင်းကြောင့် ယခုကဲ့သို့ စီးပွားရေးပြန်လည် ဦးမော့လာခဲ့ခြင်းဖြစ်သည်။
ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) သည် ၇.၁ ရာခိုင်နှုန်း တိုးတက်မှု ရှိခဲ့သည်ဟု ဖိလစ်ပိုင် စာရင်းအင်းဆိုင်ရာ အာဏာပိုင်အဖွဲ့က ဆိုသည်။ ၎င်းပမာဏသည် Bloomberg သတင်းဌာန၏ ဆန်းစစ်လေ့လာချက်တစ်ရပ်တွင် ခန့်မှန်းထားသည့် ၄.၉ ရာခိုင်နှုန်းထက်လည်း သာလွန်နေသည်။ လွန်ခဲ့သည့် သုံးလအတွင်း ဖိလစ်ပိုင်၏ဂျီဒီပီသည် အံ့မခန်းလောက်အောင်ပင် ၁၂ ရာခိုင်နှုန်း ရှိခဲ့သည်ဟု သိရသည်။
ဖိလစ်ပိုင်၏ ဒုတိယသုံးလပတ်ကာလ တိုးတက်မှုသည် ဆယ်စုနှစ်သုံးခုကျော်အတွင်း အကောင်းဆုံး စွမ်းဆောင်မှု ဖြစ်သကဲ့သို့ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် သုံးလပတ်ကာလငါးခုတွင် စီးပွားရေးကျုံ့မှုဖြစ်ပေါ်ခဲ့ပြီးနောက် စီးပွားရေး အကြီးအကျယ်ကျဆင်းမှုမှ ရုန်းထွက်လာနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
တတိယသုံးလပတ် စီးပွားရေးတိုးတက်မှုသည် COVID-19 ကပ်ရောဂါကို တင်းကျပ်သည့် ထိန်းချုပ်ရေး အစီအမံများဖြင့် ချဉ်းကပ်ကိုင်တွယ်နိုင်ခဲ့သည့် အထောက်အထားဖြစ်သည်ဟု လူမှုစီးပွားစီမံကိန်းဌာန တာဝန်ရှိသူ ကားလ်ချူအာက ပြောကြားသည်။
“ကျွန်တော်တို့ရဲ့ မဟာဗျူဟာက ထိရောက်မှန်ကန်ခဲ့ပါတယ်။ ရလဒ်တွေကလည်း မြင်သာထင်သာ ရှိနေပါတယ်” ဟု အွန်လိုင်းမှ ပြုလုပ်ခဲ့သည့် အစည်းအဝေးတစ်ခုတွင် ၎င်းကပြောသည်။ COVID-19 ရောဂါဆိုင်ရာ အခြေအနေ လိုအပ်ချက်အရ ဟန်ချက်ညီညီဖြင့် ဂရုတစိုက် ကိုင်တွယ်နိုင်မှုကြောင့် ကဏ္ဍအများစုတွင် တိုးတက်မှုများ ဆက်လက် ဖြစ်ပေါ်ခဲ့သည်ဟုလည်း ၎င်းကဆိုသည်။
ပထမ ကိုးလတာအတွင်း ဂျီဒီပီတိုးတက်မှုနှုန်း ၄.၉ ရာခိုင်နှုန်း ရှိခဲ့ခြင်းကြောင့် ယခုဘဏ္ဍာနှစ်တွင် ၄ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိ တိုးတက်မှုရရှိရန် အစိုးရက မျှော်မှန်းထားသည်ထက်ပင် ကျော်လွန်ဖွယ် ရှိသည်ဟုလည်း သူက ပြောသည်။
“စီးပွားရေး နာလန်ပြန်ထူမှုဟာ အရှိန်ရလာနေပြီး ၂၀၂၁ ခုနှစ်မှာ ရရှိနိုင်ဖို့ မျှော်မှန်းထားတဲ့ တိုးတက်မှုပမာဏကို ရောက်ရှိနိုင်သလို ကျော်လွန်မယ့် အနေအထားတောင် ရှိနိုင်တယ်” ဟု ကားလ်ချူအာက ဆိုသည်။
အစောပိုင်းတွင်မူ ဖိလစ်ပိုင်အနေဖြင့် ကပ်ရောဂါကာလမတိုင်မီက စီးပွားရေးတိုးတက်မှု လမ်းကြောင်းပေါ်သို့ ပြန်ရောက်နိုင်ရန် ဆယ်စုနှစ်တစ်ခုကျော် အချိန်ယူရနိုင်သည်ဟု ၎င်းက ပြောကြားခဲ့သည်။
COVID-19 ရောဂါနှင့် ကွာရန်တင်း အစီအမံများကြောင့် ကာလရှည်သုံးစွဲနေရသည့် ကုန်ကျစရိတ် စုစုပေါင်းသည် ပီဆို ၄၁ ထရီလျံ ရှိလာနိုင်သည်ဟု ၎င်းကပြောသည်။
ဖိလစ်ပိုင်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ သိသိသာသာ ကျဆင်းလာသဖြင့် အစိုးရက စီးပွားရေးလုပ်ငန်း တချို့တဝက်ကို ပြန်လည် ဖွင့်လှစ်ခွင့်ပြုခဲ့သည်။ ဖိလစ်ပိုင်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၂.၈ သန်းကျော် နှင့် သေဆုံးသူ ၄၄,၀၀၀ ကျော် ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
