ကန့်ကွက်ဆန္ဒပြသူ ထောင်ပေါင်းများစွာသည် နိုဝင်ဘာ ၉ ရက်က ကိုဗစ်ကန့်သတ်ချက်များကို ကန့်ကွက်ဆန္ဒပြရန် နယူးဇီလန် ပါလီမန်သို့ ချီတက်ခဲ့ရာ Beehive ဟု ထင်ရှားသော ဝယ်လင်တန်ပါလီမန် အဆောက်အအုံ၌ ရဲအင်အားအများအပြား ချက်ချင်းချထားခဲ့ရသည်။
အများစု နှာခေါင်းစည်းတပ်မထားသော လူ ၃,၀၀၀ ခန့်သည် မြို့တော်ဝယ်လင်တန်၏ မြို့လယ်ကို ဖြတ်သန်းချီတက်ခဲ့ကြသည်။ ထိုအထဲတွင် ပင်ပန်းနေပုံသရုပ်ဖော်နေသော စက်ဘီးသမားအဖွဲ့များလည်း ပါဝင်ခဲ့သည်။
လူအချို့က Trump 2020 အလံများကို ကိုင်ထားကြပြီး အခြားလူများက မော်ရီတိုင်းရင်းသားအုပ်စုများ၊ လော့ဒေါင်းအကျိုး သက်ရောက်ခဲ့သည့် လူများ၊ ကာကွယ်ဆေးထိုးနှံရန် ငြင်းဆန်ခဲ့သဖြင့် အလုပ်ဆုံးရှုံးမည့်အရေးနှင့် ရင်ဆိုင်နေရသော ကျောင်းဆရာ ဆရာမများထံမှ သတင်းစကားများကို ဖော်ပြထားသော ဆိုင်းဘုတ်များအား ယူဆောင်လာခဲ့ကြသည်။
အခြားသူများက ဝန်ကြီးချုပ် ဂျာစင်ဒါအာဒင်ကို ဆောင်ပုဒ်များဖြင့် ပစ်မှတ်ထားခဲ့သည်။ ရွေးချယ်မှုကို ထောက်ခံပါ၊ ဂျာစင်ဒါကို ဆန့်ကျင်ပါဟူသော ဆောင်ပုဒ်များကို ကြွေးကြော်ခဲ့ကြသည့်အပြင် မီဒီယာလိမ်နေသည်၊ မီဒီယာ နိုင်ငံတော်သစ္စာဖောက်မှုဆိုသည့် ဆောင်ပုဒ်များကို ကြွေးကြော်ခဲ့ကြသည်။
ဆန္ဒပြပွဲသည် ငြိမ်းငြိမ်းချမ်းချမ်းရှိခဲ့သည်။ ဆန္ဒပြသူများသည် လွှတ်တော်အနီးတွင် လူစုလူဝေးဖြင့် သရုပ်ဖော်မှုများ ပြုလုပ်ခဲ့ကြပြီးနောက် လူစုခွဲခဲ့ကြသည်။ ရိုးရာအစဉ်အလာ မော်ရီတိုင်းရင်းသားတို့၏ သရုပ်ပြမှုများဖြစ်သည့် ပြိုင်ဘက်ကို ခြိမ်းခြောက်ဟန်၊ အောင်ပွဲခံဟန်တို့ကို ပုံစံမျိုးစုံပြုလုပ်ခဲ့သည့်အပြင် ဝမ်းနည်းကြေကွဲသည့် ပုံစံလည်း ပြုလုပ်ခဲ့ကြသည်။
ဝယ်လင်တန်တွင် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ခြင်းမရှိဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ သို့သော်လည်း ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူများက ကိုရိုနာဗိုင်းရပ်စ်စည်းကမ်းများကို ချိုးဖောက်ခဲ့ခြင်းနှင့် ပတ်သက်၍ စိတ်ပျက်သည်ဟု ပြောသည်။
ရဲများက ဆန္ဒပြသူတစ်ဦးကို ကားလမ်းပေါ်မှ ဖယ်ရှားသည့်အော်ကလန် အပြင်ဘက်က လူအနည်းငယ်ပါသော ဆန္ဒပြပွဲတွင် ရဲတစ်ဦး ရိုက်နှက်ခံရသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
နယူးဇီလန်ပြည်သူအများစုသည် မိမိအစိုးရ၏ ဗိုင်းရပ်စ်တုံ့ပြန်မှုကို ထောက်ခံကြသည်ဟု ဝန်ကြီးချုပ်အာဒင်က ပြောကြားခဲ့ပြီး ပြည်သူ ၉၀ ရာခိုင်နှုန်းနီးပါးသည် ပထမအကြိမ်ကာကွယ်ဆေးထိုးနှံမှု ခံယူထားပြီး ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။
“ဒီကနေ့ ကျွန်မတို့မြင်တွေ့ခဲ့ရတဲ့ အရာကတော့ နယူးဇီလန်ပြည်သူအများစုကို ကိုယ်စားပြုနေတဲ့ အရာမဟုတ်ဘူးဆိုတာပဲ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်အာဒင်က သတင်းထောက်များကို ပြောကြားခဲ့သည်။
လူဦးရေငါးသန်းတွင် ကိုရိုနာဗိုင်းရပ်စ်ဖြင့် သေဆုံးသူ ၃၁ ဦးသာ ရှိခဲ့သည့် နယူးဇီလန်တွင် အစိုးရသည် ကိုဗစ်ထိန်းချုပ်မှုကို တင်းကျပ်ခဲ့ရာပြင်းထန်သော လော့ဒေါင်းများချခြင်း၊ တင်းကျပ်သော နယ်စပ်ပိတ်ခြင်းများ ပြုလုပ်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
