နိုဝင်ဘာ ၇ ရက်တွင် မြို့တော်အဒစ်အဘာဘာ၌ စစ်တပ်လိုလားသော လူထုထောက်ခံပွဲတွင် လူတစ်သောင်းပါဝင်ခဲ့သည့်တိုင် အီသီယိုပီးယားအစိုးရကို တိုက်ခိုက်နေသော သူပုန်များက ၎င်းတို့အနေဖြင့် မြို့တော်သို့ ချီတက်လာသည့်အခါ ရန်လိုသောပြည်သူလူထုကို ရင်ဆိုင်ရမည် သို့မဟုတ် သွေးထွက်သံယိုဖြစ်မည်ဆိုသော သတင်းများကို ပယ်ချလိုက်သည်။
တီဂရေးပြည်သူ့လွတ်မြောက်ရေးတပ်ဦး (TPLF) နှင့် ၎င်းတို့၏ မဟာမိတ်များမှ တိုက်ခိုက်ရေးသမားများသည် အစိုးရနှင့် တစ်နှစ်ကြာစစ်ပွဲကို ဆင်နွှဲလျက်ရှိသည်။ ထိုစစ်ပွဲကြောင့် လူထောင်ချီသေဆုံးခဲ့ရပြီး ကျယ်ပြန့်သော အရှေ့အာဖရိကနိုင်ငံ အီသီယိုပီးယားတွင် နောက်ထပ်ပြည်သူအများအပြားသည် ဆိုးရွားသောအခြေအနေအတွင်းသို့ ကျရောက်ခဲ့ရသည်။
၂၀၁၉ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဝန်ကြီးချုပ် အဘီအာမက်သည် TPLF ကို ဖြုတ်ချရန် လွန်ခဲ့သောနှစ်တွင် တီဂရေးဒေသသို့ စစ်သားများကို စေလွှတ်ခဲ့သည်။ TPLF သူပုန်အဖွဲ့သည် စစ်အခြေစိုက်စခန်းများကို တိုက်ခိုက်သည်ဟု ၎င်းကစွပ်စွဲခဲ့သည်။
သို့ရာတွင် TPLF နှင့် မဟာမိတ်များသည် မကြာသေးခင် သီတင်းပတ်များတွင် အောင်ပွဲတချို့ ရရှိခဲ့သည်။ ၎င်းတို့သည် မြို့တော်နှင့် ကီလိုမီတာ ၄၀၀ အကွာရှိ မြို့ငယ်များကို သိမ်းယူထားပြီးဖြစ်ကာ မြို့တော်အဒစ်အဘာဘာကို ချီတက်သည့်ကိစ္စအား ငြင်းဆန်ခြင်းမပြုပေ။
“အဒစ်အဘာဘာက ပြည်သူတွေက ကျွန်တော်တို့ကို ကြီးကြီးမားမား ဆန့်ကျင်နေတယ်ဆိုတဲ့ သတင်းကတော့ လုံးလုံးချဲ့ကားရာ ကျနေပါတယ်” ဟု နိုဝင်ဘာ ၆ ရက် ညက AFP နှင့်ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင် TPLF ပြောရေးဆိုခွင့်ရှိသူ ဂျီတာချူးရေဒါက ပြောကြားခဲ့သည်။
“အဒစ်အဘာဘာဟာ လူမျိုးစုံယဉ်ကျေးမှုမျိုးစုံ ရှိတဲ့နေရာ ဖြစ်ပါတယ်။ ၀ါသနာအမျိုးမျိုးရှိတဲ့လူတွေ အဒစ်အဘာဘာမှာ နေထိုင်ကြပါတယ်။ အဲ့ဒီမြို့ကို ကျွန်တော်တို့ ဝင်တဲ့အခါ သွေးထွက်သံယို ဖြစ်မယ်လို့ဆိုတာဟာ လုံးလုံးရယ်စရာကောင်းနေပါတယ်” ဟု ၎င်းကပြောကြားခဲ့သည်။
၂၀၁၈ ခုနှစ်တွင် အဘီအာဏာမရခင်အထိ အီသီယိုပီးယားနိုင်ငံရေးကို နှစ် ၃၀ နီးပါး လွှမ်းမိုးထားသော TPLF အနေဖြင့် အာဏာပြန်လည်ရယူရန် ဆန္ဒမရှိဟု ၎င်းကပြောကြားခဲ့သည်။
လူသားချင်းစာနာမှုဆိုင်ရာ ဒုတိယကုလသမဂ္ဂ အတွင်းရေးမှူးသည် နိုဝင်ဘာ ၇ ရက်တွင် အီသီယိုပီးယားနိုင်ငံ၏ တီဂရေးဒေသကို ရောက်ရှိလာခဲ့သည်။
သူပုန်နှင့် အစိုးရတပ်များအကြား တိုက်ပွဲများ အရှိန်မြင့်တက်နေချိန်တွင် အရပ်သားများကို အကူအညီပေးရေးအတွက် ဝင်ရောက်ခွင့်ပြုရန် ၎င်းကမေတ္တာရပ်ခံခဲ့သည်။
တီဂရေးမြို့တော်မီကီလီကိုသွားသည့် အလည်အပတ်ခရီးစဉ်အတွင်း မာတင်ဂရစ်ဖစ်သည် ဒေသခံအာဏာပိုင်များနှင့် တွေ့ဆုံခဲ့ပြီး ဒေသခံခေါင်းဆောင်များ ထိန်းချုပ်ထားသည့် နေရာအားလုံးရှိ အရပ်သားများကို အကာအကွယ်ပေးရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးရေးအတွက် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဂရစ်ဖစ်သည် အဒစ်အဘာဘာသို့ ပြန်လာခဲ့သည်။
နိုင်ငံအချို့က ၎င်းတို့၏ နိုင်ငံသားများ အီသီယိုပီးယားမှ နိုင်ငံမှထွက်ခွာရန် တိုက်တွန်းထားသည်။ အီသီယိုပီးယားနိုင်ငံတွင် ဖြစ်ပွားနေသော တစ်နှစ်ကြာပဋိပက္ခကြောင့် အမေရိကန်ကလည်း ၎င်း၏သံတမန်များကို ပြန်လည်ခေါ်ယူခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
