နေအိမ်တွင်ရှိနေသည့် အီရတ်ဝန်ကြီးချုပ်ကို ပစ်မှတ်ထားခဲ့သော လက်နက်တပ်ဒရုန်းဖြင့် လုပ်ကြံမှု အောင်မြင်မှုမရဖြစ်ခဲ့ပြီးနောက် ဘဂ္ဂဒတ်မြို့ဝန်းကျင်တွင် စစ်သားများ၊ လှည့်ကင်းများကို ချထားခဲ့သည်။
လွန်ခဲ့သောလ ပြုလုပ်ခဲ့သော ပါလီမန် ရွေးကောက်ပွဲရလဒ်များကို အီရန်ကျောထောက်နောက်ခံ ပြုထားသော ပြည်သူ့စစ်များက လက်ခံရန် ငြင်းဆန်ခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာခဲ့သော တင်းမာမှုများကို ယခုတိုက်ခိုက်မှုက သိသိသာသာ မြင့်တက်စေခဲ့သည်။
ဝန်ကြီးချုပ် မူစတာဖာအယ်-ကာဒီမီ ထိခိုက်ဒဏ်ရာရခြင်း မရှိသော်လည်း ၎င်း၏အစောင့်ခုနစ်ဦး ဒဏ်ရာရခဲ့သည်ဟု အီရတ်တာဝန်ရှိသူနှစ်ဦးက ပြောကြားခဲ့သည်။
နောက်ပိုင်းတွင် စားပွဲနောက်၌ ထိုင်နေသော ဝန်ကြီးချုပ်သည် အီရတ်ရုပ်သံတွင် ပေါ်လာခဲ့သည်။ ဝန်ကြီးချုပ်သည် အေးဆေး တည်ငြိမ်နေပုံပေါ်သည်။
ဝန်ကြီးချုပ်၏ ဘယ်လက်သည် ပတ်တီးစည်းထားပုံရသည်။
နိုဝင်ဘာ ၇ ရက် တိုက်ခိုက်မှုအတွက် တာဝန်ရှိသည်ဟု မည်သည့်အဖွဲ့ကမျှ ပြောဆိုခြင်းမရှိသော်လည်း အယ်-ကာဒီမီကို ခြိမ်းခြောက်မှုများ လူသိရှင်ကြား ထုတ်ပြန်ခဲ့သော အီရန်ကျောထောက်နောက်ခံပြု ပြည်သူ့စစ်များအပေါ် သံသယများချက်ချင်းပုံကျခဲ့သည်။ သို့ရာတွင် တိုက်ခိုက်မှုတွင် မိမိတို့ မပါဝင်ဟု ပြည်သူ့စစ်များက ပြောကြားခဲ့သည်။
အသက် ၅၄ နှစ်ရှိ ကာဒီမီသည် ၂၀၂၀ ခုနှစ် မေလတွင် အာဏာရလာခဲ့ခြင်းဖြစ်သည်။ လုံခြုံရေးထူထပ်သည့် ဘဂ္ဂဒတ်အစိမ်းရောင်ဇုန်တွင် တိုက်ခိုက်မှုသည် သူရဲဘောကြောင်သည့် လုပ်ရပ်ဖြစ်သည်ဟု ကာဒီမီက ပြောကြားခဲ့သည်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က အဆိုပါ တိုက်ခိုက်မှုကို အပြင်းထန်ဆုံး အသုံးအနှုန်းများဖြင့် ပြစ်တင်ရှုတ်ချခဲ့သည်။ အီရတ်နိုင်ငံ၏ ဒီမိုကရေစီလုပ်ငန်းစဉ် အားနည်းသွားစေရန် အကြမ်းဖက်မှုကို အသုံးပြုခြင်းဖြစ်သည်ဟု ဘိုင်ဒင်က ထုတ်ပြန်ခဲ့သည်။
အောက်တိုဘာ ၁၀ ရက် ပါလီမန် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော အီရန်ကျောထောက်နောက်ခံပြု ပါတီများ၏ ထောက်ခံသူများနှင့် အီရန်လုံခြုံရေးတပ်ဖွဲ့များ ခိုက်ရန်ဖြစ်ပွားခဲ့ပြီးနောက် နှစ်ရက်အကြာတွင် ဝန်ကြီးချုပ်ကိုဒရုန်းဖြင့် လုပ်ကြံသည့် တိုက်ခိုက်မှု ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။ အီရန်အကူအညီပေးထားသော ပါတီများက ၎င်းတို့သည် မဲမသမာမှုများ၏ သားကောင်များဖြစ်သည်ဟု ပြောကြားခဲ့ကြသည်။
အီရန်လိုလားသော ဟာရှက်အယ်လ်ရှာဘီ၏ နိုုင်ငံရေးပါတီအဖွဲ့ခွဲတစ်ခုဖြစ်သော The Conquest (Fatch) Alliance သည် ပါလီမန်တွင် အမတ်နေရာအများအပြားဆုံးရှုံးခဲ့သည်။ ထို့ကြောင့် ပါလီမန်ရွေးကောက်ပွဲရလဒ်သည် လိမ်ထားသည့် ရလဒ်ဖြစ်သည်ဟု ယင်းပါတီက စွပ်စွဲခဲ့သည်။
ဒရုန်းဖြင့် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် အီရန်လိုလားသော ဟာရှက်အုပ်စု၏ အဓိကပါတီတစ်ခုဖြစ်သော Qaisal - Khazali က ကျူးလွန်သူများကို ဥပဒေအတိုင်းစီရင်ရန် တောင်းဆိုခဲ့သည်။အီရတ်၌ အမေရိကန်စစ်သား ၂၅၀၀ ဝန်းကျင်ရှိနေပြီး ယခုတိုက်ခိုက်မှုကို စုံစမ်းရာ၌ လည်းကောင်း၊ ကျူးလွန်သူများကို ဖော်ထုတ်ရာ၌လည်းကောင်း အီရတ်လုံခြုံရေးတပ်ဖွဲ့များကို လိုအပ်သည့် အကူအညီများပေးရန် အမျိုးသားလုံခြုံရေးအဖွဲ့ကို ညွှန်ကြားခဲ့သည်ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
