၂ဝ၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခဲ့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် သန်းခေါင်စာရင်း အကောက်မခံရသေးသောပြည်သူများအား အောက်တိုဘာ (၃၁)ရက်အထိ ဆက်လက်ကောက်ယူပေးသွားမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်သည်။
၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်း များကို စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း ၄၂၀၀၀ ခန့်ဖြင့် အောက်တိုဘာ (၁)ရက်မှ (၁၅)ရက်အထိ (၁၅)ရက်ကြာ ကောက်ယူခဲ့ကြောင်း သိရသည်။
ယင်းသို့ကောက်ယူခဲ့ရာတွင် စာရင်းစစ်၊ စာရင်းကောက်များသည် CAPI နည်းပညာဖြင့် Mobile Tablet များ အသုံးပြုကာ ကောက်ယူမေးမြန်းလျက်ရှိကြောင်း၊ သန်းခေါင်စာရင်း ရည်ညွှန်းချိန်သည် ၂၀၂၄ခုနှစ်၊ စက်တင်ဘာ ၃၀ ရက် ညသန်းခေါင်ယံအချိန်ဖြစ်ပြီး အိမ်ထောင်စုမေးခွန်းပုံစံအတွက် မေးခွန်း(၆၈)ခု၊ အဖွဲ့အစည်း မေးခွန်းပုံစံအတွက် မေးခွန်း(၁၈)ခု ကို တစ်အိမ်တက်ဆင်း စနစ်ဖြင့် စနစ်တကျ မေးမြန်းကောက်ယူခဲ့ကြောင်း သိရသည်။
ထို့အပြင် စာရင်းစစ်၊ စာရင်းကောက်များ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ထုတ်ပြန်ပြဋ္ဌာန်းထားသည့် သန်းခေါင်စာရင်းဥပဒေနှင့်အညီ အကာအကွယ် ပေးထားသကဲ့သို့ ပြည်သူများ၏ ဖြေကြားချက်များနှင့် အချက်အလက်များကိုလည်း လုံခြုံစိတ်ချမှုရှိစေရန်၊ ဘက်လိုက်သော ခန့်မှန်းမှုများ မရှိစေရန်အတွက် အလေးထား ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်သည်။
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို အောက်တိုဘာ(၁)ရက်မှ (၁၅)ရက်အထိ ကောက်ယူခဲ့ရာ အကြောင်းအမျိုးမျိုးကြောင့် သန်းခေါင်စာရင်း အကောက်မခံရသေးသော ပြည်သူများအနေဖြင့် သန်းခေါင်စာရင်း ပြန်လည်ကောက်ခံနိုင်ရေး အတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုသန်းခေါင်စာရင်းကော်မတီနှင့် မြို့နယ်သန်းခေါင်စာရင်းကော်မတီထံသို့ ဆက်သွယ်နိုင်ပြီး ဆက်သွယ်လာသည့် ပြည်သူများအား ပြန်လည် စာရင်းကောက်ယူပေးသွားမည်ဖြစ်ကြောင်းနှင့် ဆက်သွယ်မေးမြန်း အကြောင်းကြားလိုပါက ဖုန်းနံပါတ် ၀၆၇ - ၄၃၁၀၆၂၊ ၀၆၇ - ၄၃၁၃၅၉၊ ၀၆၇ - ၄၃၁၀၆၇၊ ၀၆၇- ၄၃၁၃၃၉ တို့သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း နစကမှ ထုတ်ပြန်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
