မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) ဖြစ်သည့် ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၇ ရက်တွင် မန္တလေးမြို့ရှိ အထင်ကရဘုရားတစ်ဆူဖြစ်သော မဟာမုနိဘုရားကြီးသို့ လာရောက်ဖူးမြော်သူ များပြားခဲ့ကြောင်း သိရသည်။
နံနက်အစောပိုင်းတွင် မဟာမုနိရုပ်ရှင်တော်အား မျက်နှာတော်သစ်ခြင်းပြုလုပ်ခဲ့ပြီးနောက် လာရောက်ဖူးမြော်သူများသည် ရွှေသင်္ကန်းကပ်လှူခြင်း၊ ပန်း၊ ဆီမီး၊ ဆွမ်းခဲဖွယ် ဘောဇဉ်တို့ ဆပ်ကပ်လှူဒါန်းခြင်း၊ ငါးစာ လိပ်စာများကျွေးခြင်းများဖြင့် ကုသိုလ်ယူသူ များပြားခဲ့သည်။
အဘိဓမ္မာအခါတော် ပွဲဟူသည် ဘုရားရှင်သည် ဝါတွင်းသုံးလပတ်လုံး တာဝတိံသာရှိ မိခင်ဟောင်းနတ်သားကို အဘိဓမ္မာတရားဟောကြားမှု ပြီးဆုံးသည်ကို ဂုဏ်ပြုသောအားဖြင့် သီတင်းကျွတ်လပြည့်နေ့ကို “အဘိဓမ္မာအခါတော်” နေ့ဟု သတ်မှတ်ကာ အဘိဓမ္မာတရားများကို ရွတ်ဖတ်သရဇ္ဈာယ်သည့်ပွဲဖြစ်သည်။
သီတင်းကျွတ်လတွင် ကျင်းပသော ဆီမီးပွဲတော်သည် မီးမြင်းမိုရ်ပွဲ၊ တာဝတိံသာပွဲဟု ခေါ်ဝေါ်ကြကြောင်း၊ သီတင်းကျွတ်လပြည့်နေ့တွင် မြတ်ဗုဒ္ဓသည် တာဝတိံသာနတ်ပြည်မှ လူ့ပြည် သင်္ကဿမြို့သို့ ပြန်လည်ကြွချီဆင်းသက်သည်ကို ရည်စူးကာ ဆီမီးပူဇော်သော ပွဲတော်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သီတင်းကျွတ်လပြည့်နေ့သည် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်ပြီး ရုံးပိတ်ရက်၊ ကျောင်းပိတ် ရက်လည်းဖြစ်ခြင်းကြောင့် မန္တလေးမြို့ရှိ မန္တလေးတောင်၊ ကုသိုလ်တော်ဘုရား၊ ကျောက်တော်ကြီးဘုရားများနှင့် တခြားဘုရားများသို့လည်း သွားရောက် ဘုရားဖူးမြော်ကြပြီး၊ ဘုန်းကြီးကျောင်းများနှင့် ဓမ္မာရုံတို့တွင်လည်း တရားနာခြင်း၊ ဆွမ်းကပ်ကုသိုလ်ယူခြင်း၊ သီလယူကုသိုလ်ပြုခြင်းများ ပြုလုပ်ကြကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
