စက်သုံးဆီ စျေးနှုန်း မြင့်တက်ခြင်း နှင့် မော်တော်ယာဉ် ပြင်ဆင်စရိတ်များ မြင့်တက်ခြင်းကြောင့် ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ်စီးခများ စျေးနှုန်းတိုးမြှင့်ခဲ့ကြောင်းယင်းမော်တော်ယာဉ်အသင်းနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
“အဓိကကတော့ စက်သုံးဆီဈေးနှုန်းမြင့်တက်သွားတာကြောင့်ရယ်၊ နောက်ပြီး ကားတွေမှာဆိုရင် တာယာဈေးနှုန်းတွေကမြင့်တက်သွားတယ်။ အခုလက်ရှိ တာယာတစ်လုံးကို ကျပ် ဆယ်သိန်းဝန်းကျင်လောက် ကျသင့်သွားတယ်။ နောက်ပြီး ကားပြင်ဆင်စရိတ်တွေကိုလည်း မြင့်သွားတယ်။ အဲ့ဒီတော့ မော်တော်ယာဉ်စီးနင်းခတွေကို တိုးမြှင့်လိုက်ရတာလို့ သိရပါတယ်။ ဒီနေ့ (အောက်တိုဘာလ (၁၆) ရက်) ကစပြီးတော့ ခေါင်းခန်းဆိုရင် (၉၀၀၀) ကျပ်နှုန်း၊ နောက်ခန်းဆိုရင်တော့ (၇၀၀၀) ကျပ်နှုန်းနဲ့ စတင်ပြေးဆွဲနေပြီးဖြစ်ပါတယ်။ စင်းလုံးငှားအနေနဲ့ (၂၈၀၀၀၀) ကျပ် သတ်မှတ်ထားပါတယ်” ဟု ၎င်းမော်တော်ယာဉ်အသင်းနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
အဆိုပါ ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ်စီးခအား ယခုနှစ် ဧပြီလက ခေါင်းခန်း (၆၀၀၀) ကျပ်၊ နောက်ခန်း (၅၀၀၀) ကျပ်အဖြစ် ဈေးနှုန်းသတ်မှတ်ခဲ့ပြီးနောက် ယခုလို ယာဉ်စီးခဈေးနှုန်း ထပ်မံမြင့်တက်သွားခြင်း ဖြစ်သည်။
ထိုသို့ ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ်ဈေးနှုန်းတိုးမြင့်လိုက်သည့်ကိစ္စနှင့် ပတ်သက်၍ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရှိခြင်းမရှိကြောင်း ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
“ပြီးခဲ့တဲ့ လေးငါးရက်လောက်ကမှ တောင်တက်မော်တော်ယာဉ်စီးခတွေ ဈေးနှုန်းတိုးမြှင့်လိုက်ကြောင်း ကြေညာတော့မှ သိရတာပါ။ ဒီ ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ်အသင်းက ပုဂ္ဂလိကအနေနဲ့ သီးခြားရှိနေတာပါ။ ဂေါပကအဖွဲ့အောက်မှာတော့မရှိပါဘူး” ဟု ၎င်းဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
ထိုသို့ ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ်စီးခများတိုးမြှင့်လိုက်သည့်အတွက်ကြောင့် ဘုရားဖူးများအနေဖြင့် ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်သွားနိုင်သော်လည်း တစ်ဖက်တွင်လည်း စက်သုံးဆီဈေးနှုန်းမြင့်တက်ခြင်းနှင့်အတူ ကားပြင်ဆင်စရိတ်များ ဈေးနှုန်းမြင့်တက်နေသည့်အတွက်ကြောင့် ယခုလို တောင်တက်မော်တော်ယာဉ်ဈေးနှုန်းတိုးမြှင့်လိုက်သည်ဟု ကြားသိရကြောင်း ၎င်းကဆိုသည်။
ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ်အသင်းအား (၁၉၉၃) ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင်စတင်တည်ထောင်ခဲ့ပြီး တောင်တက်မော်တော်ယာဉ် (၁၄၄) စီးဖြင့် စတင်ပြေးဆွဲခဲ့ကြောင်း၊ လက်ရှိတွင် တောင်တက်မော်တော်ယာဉ် (၁၅၀) စီးဖြင့် ပြေးဆွဲပေးလျက်ရှိကြောင်း ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ်အသင်းထံမှ သိရသည်။
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကာလဖြစ်သည့် သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ တောင်တက်မော်တော်ယာဉ် (၁၅၀) စီးဖြင့် ပြေးဆွဲပေးလျှက်ရှိကြောင်းနှင့် တောင်ပိတ်ချိန်ကာလဖြစ်သည့် ကဆုန်လပြည့်ကျော် (၁) ရက်နေ့မှ သီတင်းကျွတ်လဆန်း (၁၄) ရက်နေ့အထိ တောင်တက်မော်တော်ယာဉ် အစီး (၅၀) စီ (၃) အုပ်စုခွဲကာ အလှည့်ကျပြေးဆွဲပေးလျှက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
