Top News

လျှပ်စစ်ဓာတ်အားထုုတ်ဆည်တမံများ ရေခန်းချိန်တွင် ပံ့ပိုုးနိုုင်ရန် ရည်ရွယ်တည်ဆောက်လျက်ရှိသည့် မကွေးမြို့နယ်အတွင်းမှ သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံကိုု ယခုလအတွင်း စမ်းသပ်လည်ပတ်မည်
24htopnews | October 18, 2024 2:12 AM CST

နွေရာသီ လျှပ်စစ်ဓာတ်အားထုတ် ဆည်တမံများ ရေခန်းချိန်တွင် လျှပ်စစ်ဓာတ်အား ပံ့ပိုးနိုင်ရန် ရည်ရွယ်၍ တည်ဆောက်လျက်ရှိသည့် မကွေးမြို့နယ်အတွင်းမှ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကို ယခု လအတွင်း စမ်းသပ်လည်ပတ်နိုင်မည်ဟု မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးမြင့်ဇော်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

အဆိုပါ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံသည် မကွေး-တောင်တွင်းကြီး ကားလမ်း ဝဲဘက်မကြီးကန်လျှပ်စစ်ဓာတ်အားခွဲရုံနှင့် ဆက်စပ်တည်ရှိကြောင်း စက်ရုုံ တည်ဆောက်မှုအပိုင်းတွင် နိုဝင်ဘာလကုန် ပိုင်းအထိ စက်များတပ်ဆင်ပြီးစီးထားကာ ယင်းစက်ရုံမှ လျှပ်စစ်ဓာတ်အား ၆၆ မဂ္ဂါဝပ် ထုုတ်လုုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစက်ရုံအတွက် သဘာဝဓာတ် ငွေ့ကို ပင်လယ်ပြင်မှ သဘာဝဓာတ်ငွေ့ထုတ်ယူလျက်ရှိသည့် ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ ရယူမည်ဖြစ်ကြောင်း မကွေးမြို့နှင့် တစ်မိုင်ကျော်ခန့်အကွာတွင် ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်းမှ စခန်းတစ်ခုရှိပြီး ထို စခန်းမှတစ်ဆင့် ယခုတည်ဆောက်လျက်ရှိသည့် စက်ရုံသို့ ပိုက်လိုင်းဖြင့် သွယ်ယူမည်ဖြစ်ကြောင်း သဘာဝဓာတ်ငွေ့ကို နိုင်ငံတော်မှ လုပ်ငန်းလုပ်ကိုင်ခွင့်ရ ကုမ္ပဏီသို့ ရောင်းချ မည် ဖြစ်ပြီး ထုတ်လုပ်ရရှိသည့် လျှပ်စစ်ဓာတ် အားကို ကုမ္ပဏီမှ နိုင်ငံတော်သို့ ပြန်လည် ရောင်းချသည့်စနစ်ဖြင့် လည်ပတ်မည်ဖြစ်ပြီး လုပ်ငန်းလုပ်ကိုင်ခွင့်ကို ငါးနှစ်သက်တမ်း စာချုပ်ချုပ်ဆိုထားကြောင်း သိရသည်။

“စက်တွေအားလုုံး ဆင်လို့ပြီးသွားပြီ။ သဘာဝဓာတ်ငွေပိုက်လိုင်းကလည်း တစ်မိုင် ကျော်ကျော်လေးပဲ ကျန်တော့တယ်။ ပိုက်လိုင်းဆွဲနေတယ်။ အဲဒီတော့ စမ်းသပ်မောင်း နှင်ဖို့ကတော့ ဒီ ဒီဇင်ဘာလထဲမှာ စမ်းသပ် မောင်းနှင်မယ်။ မောင်းနှင်ရင်ထွက်မယ့် မဂ္ဂါဝပ် ကတော့ ၆၇ မဂ္ဂါဝပ်။ သဘာဝဓာတ်ငွေ့နဲ့ လည်တဲ့ လျှပ်စစ်စက်ရုံပါ။ နွေရာသီမှာ ဆည်တွေရေခန်းတဲ့အချိန်မှာလိုတဲ့လျှပ်စစ်ကိုု ဒီစက်ရုံက ဖြည့်ပေးနိုင်ဖို့ပါ။ ဒီဇင်ဘာလကုုန် မှာ လျှပ်စစ်ပေးနိုင်အောင် ကြိုးပမ်းဆောင် ရွက်နေကြပြီး ထုတ်နိုင်ပြီဆိုုရင် နေရှင်နယ် ဂရစ်ကိုတင်ပြီးတောက်လျှောက်မောင်းတော့ မယ့် သဘောပါ” ဟု လျှပ်စစ်ဝန်ကြီး ဦးမြင့် ဇော်က ပြောကြားသည်။

အစိုုးရအနေဖြင့် ၂၀၃၀ ခုုနှစ်တွင် တစ် နိုင်ငံ လုံး မီးလင်းရေးအစီအစဉ်ဖြင့် လျှပ်စစ်ဓာတ်အားရရှိရေးကို အားစိုက်လုုပ်ဆောင်လျက်ရှိကြောင်း မကွေးတိုင်းဒေသကြီးအစိုးရ အနေဖြင့် ယခင်သုံးနှစ်ကျော်ကထက် ဘတ် ဂျက်ငွေ ခုနှစ်ဆကျော်အထိ အသုံးပြု၍ လျှပ် စစ်ဓာတ်အားရရှိရေးကို ဆောင်ရွက်လျက် ရှိကြောင်း၊ ယခုနှစ် တိုင်းဒေသကြီး အစိုးရ အစီအစဉ်တွင် ကျေးရွာပေါင်း ၅၆၀ ကျော် လျှပ်စစ်မီးရရှိနိုင်ရန် ရည်ရွယ်ထားပြီး ပစ္စည်း များဝယ်ယူရန် တင်ဒါခေါ်ထားကြောင်း ကျေး ရွာမီးလင်းရေးများကို ထောက်ပံ့နိုင်မည့် ဓာတ်အားထုတ်လုုပ်ရေးပိုုင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း ဦးမြင့်ဇော်က ဆက်လက်ပြောကြား ခဲ့သည်။

“မိုးရာသီမှာ ဆည်တွေရေရှိတဲ့အတွက် လျှပ်စစ်ဓာတ်အားကို ပြည့်ပြည့်ဝဝထုတ်လုပ်နိုင်ပေမယ့် နွေရာသီ ဆည်တွေရေခန်းသွား တယ်။ ရာသီဥတုု ဖောက်ပြန်သွားတယ်။ အဲဒီပူတဲ့အချိန်မှာပဲ လျှပ်စစ်ကို တအားအသုံး များတယ်။ အဲဒီမှာ ဒီက ထုတ်လုပ်မှုက ကျသွားတယ်။ သုံးစွဲမှုက မြင့်တက်လာတယ်။ အဲဒီမှာ ပြီးခဲ့တဲ့နှစ်ကဆိုုရင် တစ်နေ့မှာ နှစ်နာရီဖြတ်တယ်။ နောက်လေးနာရီဖြတ်တယ်။ နောက်ခြောက်နာရီ ဖြတ်တဲ့အထိ လျှပ်စစ်ကိုု ပြည်သူလူထုကို ပေးဖြတ်ရတယ်။ အဲဒါတွေ ကိုု မဖြစ်ရအောင်။ နောက်ပြီးတော့ တိုးချဲ့တဲ့ ရွာတွေကိုလည်းများများပေးနိုင်အောင် ဆိုပြီးတော့ ယာယီအားဖြင့် ငါးနှစ်အထိ စက်ရုံတွေ တည်ပြီးတာ့ သဘာဝဓာတ်ငွေ့နဲ့ထုတ်ဖို့ ဆောင်ရွက်တာပါ။ ရေရှည်သွားဖိုု့ကတော့ ရေအားလျှပ်စစ်တွေ တိုးချဲ့တည်ဆောက်ရမယ်” ဟု ဦးမြင့်ဇော်က ပြောကြားသည်။

မကွေးတိုုင်းဒေသကြီးအတွင်း ကျေးလက်မီးလင်းရေးအတွက် နေရောင်ခြည်စွမ်း အင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံငယ်များ လည်း တည်ဆောက်သွားမည်ဖြစ်ကြောင်း မင်းဘူး (စကု) မြို့နယ်အတွင်း နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ အကြီးတစ်ခုကို ယခုနှစ် နှစ်လည်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ပြီး စက်ရုုံအသစ်များ ထပ်မံ တည်ဆောက်မည့် အလားအလာများလည်း ရှိနေကြောင်း မကွေးတိုင်း ဒေသကြီးအတွင်း လေအားမှ လျှပ်စစ်ထုတ်လုပ်နိုင်ရန် ကွင်းဆင်းလေ့လာမှုများ ဆောင်ရွက်ခဲ့ပြီး ထုတ် လုပ်နိုင်မည့်အလားအလာကောင်းများ ရှိနေကြောင်း သိရသည်။


READ NEXT
Cancel OK