Top News

​​​​​​​မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့ကော်မတီဝင်နှစ်ဦးက စည်ပင်သာယာရေးဘတ်ဂျက်အချို့အား သိရှိခြင်းမရှိကြောင်းနှင့် လုပ်ဆောင်မှုအချို ့လွဲချော်နေကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်
24htopnews | October 18, 2024 2:12 AM CST

မိတ္ထီလာမြို့နယ်၊ စည်ပင်သာယာရေး အဖွဲ့ကော်မတီဝင်နှစ်ဦးမှ စည်ပင်သာယာ ရေးဘက်ဂျက်အချို့အား သိရှိရခြင်းမရှိကြောင်း၊ ငွေစာရှင်း ရှင်းတမ်းများအား ပြသခြင်းမရှိသဖြင့် မသိရှိရကြောင်း ထို့သို့ မသိရှိရသဖြင့် လုပ်ဆောင်နိုင်မှု၊ စွမ်းဆောင်နိုင်မှုအားနည်း သွားကြောင်းနှင့်  စည်ပင်သာယာရေး အဖွဲ့မှ လုပ်ဆောင်မှုအချို့ လွဲမှားနေကြောင်း မိတ္ထီလာမြို့ခံ ပြည်သူလူထုနှင့် သတင်းမီဒီယာများအား သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ပြော ကြားခဲ့သည်။

“အရင်ဘတ်ဂျက်က ငွေလုံးငွေရင်းနဲ့ ပတ်သက်ပြီးတော့ လမ်းတို့ဘာတို့ ကျွန်တော်တို့ သိရပါတယ်။ အထူးသဖြင့် ဌာနက ကိုယ်တိုင်လုပ်တဲ့ သာမာန်ငွေစာရင်းခေါင်းစဉ် အောက်မှာ ကျွန်တော်တို့ မသိရပါဘူး၊ မြို့ရေ ပေးရေးနဲ့ပတ်သက်ပြီးတော့ လုပ်လာတဲ့ ဘတ်ဂျက်တွေလည်း  သူတို့ စိတ်တိုင်းကျ ဆွဲလာပြီး သူတို့ တင်လိုက်တဲ့ ဘတ်ဂျက်တွေပဲ ဖြစ်ပါတယ်၊ ကျွန်တော်တို့ကိုယ်တိုင် ထဲထဲ ဝင်ဝင် ပါဝင်ဆွဲရတဲ့ ဘတ်ဂျက်မရှိပါဘူး၊ အထူးသဖြင့် လက်ရှိပြီးသွားတဲ့ ၂၀၁၈ -၂၀၁၉ က ဖြည့်စွက်ဘတ်ဂျက်နဲ့ တင်ဒါငွေ ပိုလျှံတဲ့ ဘတ်ဂျက်ဆို ကျွန်တော်တို့ လုံးဝသိရှိခြင်း မရှိပါဘူး၊ နောင်တစ်ချိန်မှာ ပွင့်လင်းမြင်သာမှု နည်းသွားမယ်လို့ မြင်တယ်၊ လာမယ့်ဘတ်ဂျက်ကြီးမှာ ကျွန်တော်တို့ ကိုယ်တိုင်ထဲထဲ ဝင်ဝင်လုပ်မှ ကျွန်တော်တို့ ဘတ်ဂျက်တစ် နှစ်ပဲ မီပါတယ်၊၂၀၂၀-၂၀၂၁  ဘတ်ဂျက်ကို ဆွဲတဲ့အခါမှာ ကျွန်တော်တို့ ကိုယ်တိုင် ယခု လို ထဲထဲဝင်ဝင်မပါဘူးဆိုရင် ပြည်သူ့ကို ဗဟို မပြုတဲ့ ဘတ်ဂျက်ကြီးက နောင်လည်း အစဉ်သဖြင့်ပါသွားမှာပါ။ အဓိကက ကျွန်တော် အဲဒါကို ရည်ရွယ်တာပါ၊ တကယ်တမ်းကျ သူတို့ရေးပြီးတင်လာတာပဲရှိတယ်၊ ကျွန်တော် တို့ ကွင်းဆင်းပြီး ကြည့်ခွင့်မရဘဲ လုပ်လာတဲ့ ဘတ်ဂျက်မျိုးတွေဆို ကျွန်တော်တို့ ဘာမှလုပ်လို့မရပါဘူး၊ မြို့ရေပေးရေးနဲ့ ပတ်သက်ပြီး လုပ်လာတဲ့ဘက်ဂျက်တွေဆိုရင် သူတို့ စိတ်တိုင်းကျဆွဲပြီး တင်လာတဲ့ ဘတ်ဂျက်တွေ ဖြစ်ပါတယ်၊ အထူးသဖြင့် ပြီးသွားတဲ့ ၂၀၁၈-၂၀၁၉ က ဖြည့်စွက်ဘတ်ဂျက်နဲ့ တင်ဒါငွေ ပိုလျှံတဲ့ ဘတ်ဂျက်ဆိုရင် ကျွန်တော်တို့ လုံးဝ သိရှိခြင်းမရှိပါဘူး”ဟု မိတ္ထီလာမြို့နယ် စည် ပင်သာယာရေးအဖွဲ့ကော်မတီဝင် ဦးကျော်အေးက ပြောကြားသည်။

“ကျွန်တော်တို့ တင်ပြခဲ့ပါတယ်။ အကောင်အထည်မပေါ်ပါဘူး၊ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်တို့ ကော်မတီအဖွဲ့ဝင်တွေ မြောင်းထဲ ရောက်နေပါတယ်။ ဘာမှ အသိမပေးတော့ဘူး၊  မသိတာကို သိရှိအောင် မေးပါတယ်။ လျှပ်စစ်မီးတွေ ဘယ်လောက် တပ်ပြီးပြီလဲ။ ဘယ်လောက် ကျန်သေးလဲ၊ ကျန်သေးရင် နောက်ထပ်ဘယ်လမ်းကို တပ်သင့်တယ်၊ အဲဒီလိုလေး ဖြစ်ချင်တယ်၊ ရေပိုက် ဆိုရင်လည်း ဘယ်နားက ပိုက်ဖာတာ ဘယ်လောက်ကုန်သွားပြီ၊ လျာထားဘက်ဂျက် ဘယ်လောက်ရှိပါတယ်၊ သုံးပြီး ဘယ်လောက်ကျန် တယ် ဒါလေးတွေ သိပါရစေလို့ ပြောပါတယ်၊ အဲဒီလိုသိရင် တစ်နေရာရာမှာ မြို့ရဲ့  ဖွံဖြိုးရာ ဖွံဖြိုးကြောင်း လုပ်ချင်လို့ပါ။ ယခင်လည်း တောင်းတယ်၊ ယခုလည်း တောင်းတယ်၊ နောင်လည်း တောင်းရဦးမှာပဲ”ဟု မိတ္ထီလာမြို့ နယ်စည်ပင်သာယာရေးအဖွဲ့ဝင် ဦးတင်သန်းက ပြောကြားသည်။

 အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် မိတ္ထီလာမြို့နယ်၊ စည်ပင်ကော်မတီအဖွဲ့ဝင် များမှ ဘတ်ဂျက်အချို့အား သိရှိခြင်းမရှိ ကြောင်း ပြောကြားချက်နှင့်ပတ်သက်၍ မိတ္ထီ လာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှု ဆောင်အရာရှိဦးခင်မောင်တင်အား တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ ဘတ်ဂျက် ဆွဲတယ်ဆိုတဲ့ကိစ္စမှာ ကော်မတီဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင် ဆွဲရတဲ့ ဘတ်ဂျက်ဖြစ်ပါတယ်။ ဘတ်ဂျက်ဆွဲ တယ်ဆိုတာ ဌာနကနေ ဆွဲလို့မရပါဘူး၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ စည်ပင်ကော်မတီဝင်တွေ အစည်းအဝေး ထိုင်ပြီး ဆွဲကြတဲ့ အလုပ်တွေပါ၊ သူတို့တွေ အဲဒီအ စည်းအဝေးမှာ တက်ရဲ့သားနဲ့ မသိဘူးဆိုတာ ကတော့ ဘတ်ဂျက်ဆွဲပြီဆိုကတည်းက ညွှန် ကြားချက်က အဲဒီလိုပေးပြီးသားပါ၊ ဘတ်ဂျက် မသိရပါဘူးဆိုတာ နည်းနည်းတော့ ထူးဆန်း တာပေါ့၊ အခြားတော့ သီးခြားမှတ်ချက် မပေး လိုပါဘူး”ဟု  ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲကို ဒီဇင်ဘာ ၁ ရက် မွန်းလွဲပိုင်းက မိတ္ထီလာမြို့၊ နန်းတော်ကုန်းရပ်ကွက်၊ MR-LIN ခန်းမတွင် ပြုလုပ်ခဲ့ပြီး မိတ္ထီလာမြို့ စည်ပင်သာယာရေး ကော်မတီမှ အဖွဲ့ဝင် ဦးကျော်အေးနှင့် ဦးတင်သန်းက ဦးဆောင်ပြုလုပ်ခဲ့ပြီး မြို့ လူ ထုမှ  စည်ပင်သာယာရေးနှင့်ပတ်သတ်သော အခက်အခဲများအား ပြန်လည်တင်ပြခဲ့ကြကြောင်း သိရသည်။


READ NEXT
Cancel OK