ယခုနှစ်ဆောင်းရာသီ၌ ပဲခူးတိုင်းဒေသ ကြီး မိုးယွန်းကြီးအင်းသို့ ဆောင်းခိုငှက်များကျရောက်နေပြီဖြစ်ပြီး ယခု ၂၀၁၉ ခုနှစ်အ တွင်း၌ ကြိုးကြာငှက်များ၊ ကြိုးကြာငှက်ဥများ နှင့် မိုးယွန်းကြီးအင်းတွင် ကျရောက်ဖူးခြင်း မရှိသေးသော ငှက်မျိုးစိတ်အသစ်များကိုလည်း တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ကြောင်း မိုးယွန်းကြီးအင်းတာဝန်ရှိသူထံမှ သိရသည်။
ဆောင်းခိုငှက်များ ကျရောက်သည့်အခြေအနေနှင့်ပတ်သက်ပြီး မိုးယွန်းကြီးအင်း ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဒေါ်သင်းသင်းယုက “ကျတာတော့ ကျနေပြီ။ တော်တော်များ ကျနေပြီ၊ ဘယ်လိုငှက်တွေကျတာတုန်းဆိုတော့ ဘဲရစ်တွေကျတယ်၊ စစ္စလီတွေကျတယ်၊ နောက်တစ်ခု တောဝမ်းဘဲတွေ ကျတယ်၊ စင်ရော်ငှက်တွေကျတယ်၊ နောက်တစ်ခု ဒေါင်းလန်းခြေထောက်တွေ ခရုတုတ် အဲဒီ လိုမျိုးတွေကျတယ်၊ တော်တော်များများတော့ ကျပြီပြောတယ်” ဟု ပြောကြားသည်။
၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်းက လည်း မိုးယွန်းကြီးအင်း ဧရိယာအပြင်ဘက် ဖလောက်ရွာအနီး(လယ်ကွင်း)များအတွင်း၌ ရှားပါးကြိုးကြာငှက် နှစ်ကောင်သုံးကောင်ခန့် ကျရောက်ကျက်စားခဲ့ပြီး ဥများကို တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့သော်လည်း အခြားသတ္တဝါများ၏ ဖျက်ဆီးမှုကြောင့် ကြိုးကြာ ငှက်ဥများ ပျက်စီးဆုံးရှုံးမှုနှင့် ကြုံတွေ့ခဲ့ရ ကြောင်း သိရသည်။
ယင်းအခြေအနေနှင့်ပတ်သက်ပြီး ဒေါ်သင်းသင်းယုက “ကျွန်မတို့ဆီကတော့ နှစ်ကောင်သုံးကောင် အဲဒီလောက်ပဲ မှတ်တမ်းတင်နိုင်တယ်၊ ကြိုးကြာကကျတော့ ကျွန်မတို့ထဲမှာနေတာ မဟုတ်ဘူး။ မိုးယွန်းကြီးအင်း ရဲ့အပြင်ဘက်မှာနေတာ။ အပြင်ဘက်က ဖလောက်ပေါ့နော်။ ဖလောက်ဆိုတာ အဲဒီ လယ်ကွင်းတွေထဲမှာ အဲဒီမှာနေတာ၊ အဲဒီရဲ့ ဒိုက်တောတွေထဲမှာ ဥဥပြီးတော့ ကျွန်မတို့လည်း ဥတွေ့လို့သွားတာ၊ သွားကြည့်ပြီးတော့ ဓာတ်ပုံတွေ ဘာတွေသွားရိုက်တော့ကျတော့၊ ကျွန်မတို့ကလည်း အဲဒီဥက အပြင်ဘက်မှာဆိုတော့ စောင့်မကြည့်နိုင်ဘူးပေါ့၊ မစောင့်ကြည့်နိုင်တော့ နောက်တစ်ခေါက် ကျွန်မတို့သွားကြည့်တဲ့အချိန်မှာ အဲဒီဥကို ငှက်စားထားတာ၊ လူယူတာတော့ မဟုတ်ဘူး၊ လူယူလို့ရှိရင် အကုန်လုံးပျောက်သွားမှာ အဲဒီလိုပျောက် မသွားပဲနဲ့ တခြားငှက်တစ်ကောင်ကောင်က အဲဒီဥကို ဖောက်စားသွားတာမျိုးပေါ့၊ ဥကွဲ တွေတော့ တွေ့တယ်၊ အဲဒီလိုမျိုးတွေတော့ အကောင်မပေါက်ဘူးပေါ့။ ဥမရှိတော့ အမ ကြီးကလည်း မဝပ်တော့ဘူး၊ အဲဒီလိုဖြစ်သွားတယ်။ ဒီနှစ်တော့ ဥတွေ့တယ်”ဟု ဆက် လက်ပြောကြားသည်။
ထို့အပြင် ယခုနှစ်တွင် (NewRecord) အဖြစ် မိုးယွန်းကြီးအင်း၌ ကျရောက်ခြင်းမရှိသေးသော ဇင်ယော်ကဲ့သို့သော ငှက်မျိုးစိတ် အပါအဝင် ရှားပါးငှက်မျိုးစိတ် နှစ်မျိုးသုံးမျိုး ခန့်ကိုလည်း မှတ်တမ်းအသစ်အဖြစ် ထပ်မံ တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။
ပျောက်ကွယ်နေသည်မှာ ကြာမြင့်နေပြီ ဖြစ်သည့် ကြိုးကြာငှက်နှင့် မောက်တင်ဘဲတို့ ကို ၂၀၁၆ ခုနှစ် ၂၀၁၇ နှစ်ဆောင်းရာသီကာလ များ၌ ပြန်လည်မှတ်တမ်းတင်နိုင်ခဲ့ရာ၊ ကြိုး ကြာငှက်များကို ၂၀၁၆ ခုနှစ်ဆောင်းရာသီ တွင် သုံးကောင်၊ ၂၀၁၇ ခုနှစ်ဆောင်းရာသီ တွင် လေးကောင်အထိ မှတ်တမ်းတင်နိုင်ခဲ့ပြီး ယခု ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်း၌ ကြိုးကြာငှက် သုံးကောင်ခန့်နှင့် ဥများကို ထပ်မံတွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ခြင်းဖြစ် ကြောင်း၊ ကြိုးကြာငှက်များမှာ မိုးယွန်းကြီးအင်းဘေးမဲ့တောနှင့်ဆက်စပ်လျှက်ရှိသော လယ်ကွင်းများတွင်သာ တွေ့ရှိမှတ်တမ်းတင် နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ မောက်တင်ဘဲဟုခေါ်သည့် ငှက်မျိုးစိတ်မှာ ၂၀၀၈ ခုနှစ်ခန့်ကတည်း က ပျောက်ကွယ်နေခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ခြောက်ကောင်ခန့်အထိ ပြန်လည်တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း မိုးယွန်းကြီး အင်း မှတ်တမ်းများအရ သိရသည်။
ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်အတွင်း ရှိ မိုးယွန်းကြီးအင်းဘေးမဲ့တောမှာ အကျယ်အဝန်းအားဖြင့် ၄၀ စတုရန်းမိုင်၊ ၂၅၆၀၀ ဧက ကျယ်ဝန်းပြီး၊ ‘မိုးယွန်းကြီးအင်း ဘေးမဲ့တော’ အဖြစ် ၁၉၈၈ ခုနှစ် ဧပြီ ၂၂ ရက်တွင် သတ်မှတ်ခဲ့ကြောင်း၊ မိုးယွန်းကြီးအင်းဘေးမဲ့ တောတွင် နို့တိုက်သတ္တဝါ ၁၂ မျိုး၊ ကုန်းရေ နေနှင့်တွားသွားသတ္တဝါ ၂၈ မျိုး၊ အင်းဆက် ၃၃ မျိုးဆောင်းခိုငှက် ၅၉ မျိုး၊ ဒေသတွင်းဌာနေ ငှက် ၇၇ မျိုး၊ ငါးမျိုးစိတ် ၄၄ မျိုးတို့ပါဝင်ကျက် စားလျက်ရှိပြီး ရေနေပင် ၇၄ မျိုးတို့ပေါက် ရောက်လျက်ရှိကြောင်း၊ မိုးယွန်းကြီးအင်း၌ ဆောင်းခိုငှက် ကျရောက်သောကာလဖြစ်သည့် နိုဝင်ဘာလမှ မတ်လ အထိကာလများ ၌ ခရုတုတ်ငှက်၊ ဘဲငှက်၊ ကြိုးကြာငှက်၊ မောက်တင် ငှက် အစရှိသည့် ဆောင်းခိုငှက်များအများဆုံး ကျရောက်တတ်ကြောင်းသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
