ပဲခူးတိုင်းဝန်ကြီးချုပ်နှင့် ပြည်သူအပြန် အလှန်ဆွေးနွေးပွဲအား နိုင်ငံတော်ပိုင်မီဒီယာ များကို သတင်းယူခွင့်ပြုပြီး ပုဂ္ဂလိကသတင်း မီဒီယာများ သတင်းယူခွင့်ကိုတားမြစ်ခဲ့သည့် NLD ပါတီတိုင်းပြန်ကြားရေးကို ပါတီဗဟို အဆင့်၊ တိုင်းအဆင့်နှင့် သတင်းမီဒီယာ ကောင်စီတို့ကို တိုင်ကြားခဲ့ကြောင်း သိရသည်။
အဆိုပါတိုင်ကြားစာများပေးပို့မှုကို ဒီဇင်ဘာ ၁ ရက်က ပြုလုပ်ခဲ့ပြီး သတင်းမီဒီယာ ကောင်စီအနေဖြင့် စုံစမ်းစစ်ဆေးအရေးယူ ပေးစေလိုကြောင်း သတင်းယူရာတွင် တား မြစ်ခံခဲ့ရသည့် VOM သတင်းထောက် မဝေဇင်ကြည်က ဆိုသည်။
“ပုဂ္ဂလိကသုံးယောက် သတင်းသွားယူတဲ့အခါကျတော့ မိန့်ခွန်းပြောတယ်အချိန် မှာတော့မတားဘူး။ ဝန်ကြီးချုပ်မိန့်ခွန်းပြောပြီးခါနီးလောက်မှာ NLD တိုင်းပြန်ကြားကိုမျိုးဇေယျာအောင်က ကျွန်မတို့၊ ကိုမုန်တိုင်းကိုအရင်နှင်ထုတ်လိုက်တယ်။ ပွဲစကတည်းကကျွန်မတို့နှစ်ယောက်ကိုကျတော့ သီးသန့်ခေါ် ပြောတယ်။ ညီလေးနဲ့ ညီမလေးရယ်တဲ့ဝန်ကြီးချုပ်ပြည်သူနဲ့တဲ့အပြန်အလှန်ပြောဆိုတာကို ဗီဒီယိုလည်းမရိုက်ပါနဲ့ သတင်းလည်းမတင်ပါနဲ့ အစ်ကိုတောင်းပန်ပါတယ်ပေါ့ရတယ်။ ဖြစ်တယ်။ အချင်းချင်းတွေပဲဆိုတော့ ရပါတယ်ပေါ့။ ရပ်နေတဲ့အချိန်မှာ သူကရှေ့ကိုပြန်သွားပြီး မိုက်နဲ့ကိုင်ပြီး တရားဝန်ကြေညာတယ်။ ဝန်ကြီးချုပ်နဲ့ပြည်သူအပြန်အလှန်ဆွေးနွေးတာကို နိုင်ငံတော်ပိုင်မီဒီယာဖြစ်တဲ့ MRTV နဲ့ တိုင်းပြန်ဆက်ပဲ သတင်းယူခွင့်ရှိမယ်။ ဗီဒီယို ရိုက်ခွင့်၊ အသံဖမ်းခွင့်ကျန်တဲ့ပုဂ္ဂလိက မီဒီယာ တွေ အသံဖမ်းခွင့်၊ ဗီဒီယိုရိုက်ခွင့်မယူရဘူး ဆိုပြီး အမိန့်ထုတ်ကြေညာတယ်”ဟု VOM သတင်းထောက်မဝေဇင်ကြည်က ပြောကြားသည်။
အဆိုပါပြည်သူနှင့်တွေ့ဆုံပွဲကို ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် တောင်ရေကန်ဘုန်းတော်ကြီးကျောင်းတွင် နိုဝင်ဘာ ၂၂ ရက်က ပြုလုပ်ခဲ့ပြီး တွေ့ဆုံပွဲတွင် တားမြစ်ခံခဲ့ရသည့် VOM သတင်းထောက်မဝေဇင်ကြည်၊ Bago Weekly သတင်းထောက်ကိုသက်ခိုင်၊ Bago Post မှ အလွတ်တန်းသတင်းထောက်ကိုမုန်တိုင်းတို့က NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်အား ဖုန်းဖြင့် တိုင်ကြားခဲ့ရာ တားမြစ်မှုမှာ ဝန်ကြီးချုပ်နှင့်သက်ဆိုင်ခြင်း မရှိဘဲ သူ့သဘောဖြင့် တားမြစ်ခဲ့ခြင်းဖြစ်ကြောင်း မီဒီယာများအား သတင်းယူခွင့်ပိတ်ပင်ခြင်းမရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည် ဟု သတင်းထောက်ကိုသက်ခိုင်က ဆိုသည်။
“ကျွန်တော်တို့ က တရားဝင်စာနဲ့လာရင် မျိုးဇေယျာကို တရားဝင်ခေါ်မေးရမယ် ဖြစ်ပုံ ကို နောက်ဒီလိုမဖြစ်ဖို့ သတိပေးတာတို့ လုပ်ရမှာပေါ့။အရေးယူဖို့ကတော့ ဗဟိုကလုပ်တာ ကျွန်တော်တို့ကယူလို့မရဘူး။ ယူမယ်ဆိုရင် တောင်မှတ်ချက်အနေနဲ့ပဲ ဗဟိုကို တင်ပေးရ တယ်။ အဲသဘောတော့ရှိတယ်။ ဒါကလည်း ဝန်ကြီးချုပ်တွေ့ဆုံပွဲနဲ့သွားတာဆိုတော့ တိုင်းပြန်ကြားက တာဝန်ပိုင်းကတော့ အဖွဲ့ရဲ့ သတင်းနဲ့ပြန်ကြားတာဝန်ခံလေ။အဲဒါမျိုးကျတော့ လူထုတွေ့ဆုံပွဲမှာ မီဒီယာကို အဲဒီလို ကန့်သတ်လို့မရဘူးလေ။ ဝန်ကြီးချုပ်က ကန့်သတ်ခိုင်းရင်တော့တစ်မျိုးပေါ့။ သေချာမေး မြန်းရမှာပေါ့။ ဝန်ကြီးချုပ်ကလည်း တာဝန်မပေးထားဘူးဆိုရင်တော့ ကျွန်တော်တို့က သတင်းနဲ့ပြန်ကြားတာဝန်ခံကို သတိပေးတာ တို့ ကျွန်တော်တို့တိုင်းက လုပ်ရမှာပေါ့ ကျန်တဲ့ အရေးယူတာကတော့ ဗဟိုနဲ့ပဲဆိုင်တာပေါ့။ သူတို့ကသိထားရင်တော့ ညွှန်ကြားတဲ့အတိုင်း ပေါ့”ဟု NLD ပါတီပဲခူးတိုင်းဥက္ကဋ္ဌဦးသိန်းဒန် က ပြောကြားသည်။
ပေါင်းတည်မြို့နယ် ဒမငယ်ကျေးရွာ တွင် ပြီးခဲ့သည့် အောက်တိုဘာ ၅ ရက်က ပဲခူးတိုင်းဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့် ဒေသခံ တောင်သူလယ်သမားများတွေ့ဆုံခဲ့ကြပြီး ပညာရေးဝန်ထမ်းဆရာဆရာမများနေထိုင်ရေး ဝန်ထမ်းအိမ်ရာတောင်းဆိုခြင်းနှင့်ပတ်သက်၍ဝန်ကြီးချုပ်က ဆရာဆရာမအား ပြောကြားခဲ့နှင့် ပတ်သက်ပြီး လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့ကာ ကန့်ကွက်မှုနှင့် အရေးယူပေးရန်တောင်းဆိုခဲ့မှုများကြောင့် တရားဝင် ပြန်လည်တောင်းပန်ခဲ့ရမှုများ လည်း ရှိခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
