မော်လမြိုင်မြို ့ ဒိုင်းဝန်ကွင်းနယ်မြေ ရဲစခန်းတွင် မူးယစ်စိတ်ပြောင်းဥပဒေဖြင့် အမှုဖွင့်ခံထားရသည့် မူးယစ်ဆေးဝါးတရားခံ ပြေးတစ်ဦးအား လုပ်သေနတ်တစ်လက်အပါ အဝင် လက်နက်များ၊ မူးယစ်ဆေးဝါးများနှင့် အတူ ဒီဇင်ဘာ ၁ ရက် နံနက်ပိုင်းက မော်လ မြိုင်မြို့နယ် ဖဲထောင်ကျေးရွာအနီး လယ် စောင့်တဲ၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ တရားခံပြေးဆိုသူမှာ မော်လ မြိုင်မြို့နယ် ကော့ပေါက်ကျေးရွာနေ ပိုက်ထွေး (ခ)မောင်ကိုကို (၄၀ နှစ်) (ဘ) ဦးစိန်သစ် ဆို သူဖြစ်ကြောင်း ၎င်းအား မော်လမြိုင်မြို့ ဖဲထောင်ကျေးရွာအနီးရှိ လယ်စောင့်တဲတစ်ခု တွင် ရောက်ရှိနေကြောင်း သတင်းအရ ကတိုး ရဲကင်းစခန်းမှူး ဒုရဲအုပ်စည်သူအောင်နှင့် တပ်ဖွဲ့ဝင်များမှ သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေရာ လယ်စောင့်တဲရှေ ့မြေကွက်လပ်တွင် ဘားအံမြို့နယ် ဖဲကတာကျေးရွာ အမှတ် (၈) ရပ်ကွက်နေ သန်းဝင်းအောင် (၁၉ နှစ်) (ဘ) ဦးဝင်းထွန်း၊ မော်လမြိုင်မြို့နယ် ကော့ပေါက်ကျေးရွာနေ ရဲထက်အောင် (၂၅ နှစ်) (ဘ) ဦးမြင့်စိုးနှင့် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ကျိုက်ကျေးရွာနေ သက် ဝင်းခိုင် (၃၅ နှစ်) (ဘ) ဦးသန်းထိန်တို့သုံးဦး အားတွေ့ရပြီး ၎င်းင်းတို့ သုံးဦးဘေးမှ ဘိန်းစာ ရွက်ဟုယူဆရသော ဘိန်းစာရွက်အစို ၄၂၆၄ ဒသမ ၁၃ ဂရမ်အား သိမ်းဆည်းရမိခဲ့ကြောင်း ဒိုင်းဝန်ကွင်းနယ်မြေရဲစခန်းထံမှ သိရသည်။
ဆက်လက်ပြီး တဲအတွင်း ဝင်ရောက်ရှာ ဖွေရာပိုက်ထွေး (ခ) မောင်ကိုကိုအား တွေ့ရှိရ ပြီး ခေါင်းရင်းဘက်ရှိ အစိမ်းရောင် ပြောက်ကျားဦးထုပ်အတွင်း အပြာရောင်ကပ်ခွာအိတ် ဖြင့်ထည့်ထားသော WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၉၃ ပြားပါတစ် ထုပ်၊ ၁၀၂ ပြားပါ တစ်ထုပ်နှင့် ၆၉ ပြားပါ တစ်ထုပ်၊ စုစုပေါင်းဆေးပြား ၂၆၄ ပြားနှင့် အတူ အိပ်ရာဘေးတွင် အရိုးအသွား သုံးပေ၊ သုံးလက်ခန့်ရှိ ဓားဦးချွန်တစ်ချောင်း၊ အရိုးအသွား နှစ်ပေ ရှစ်လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်း၊ အရိုးအသွား နှစ်ပေ လေးလက်မခန့်ရှိ ဓားဦးချွန်တစ်ချောင်း၊လေးပေခန့်ရှိသစ်သား ကိုယ်ထည်ဖြင့် ပြုလုပ်ထားသည့် လက်လုပ် သေနတ်တစ်လက်တို့ သိမ်းဆည်း ရမိခဲ့သည်။
“စစ်ဆေးချက်တွေအရ စိတ်ကြွဆေးတွေကို လွန်ခဲ့တဲ့ နှစ်ရက်ခန့်က လူတစ်ဦး လာပို့သွားတာလို ့ထွက်ဆိုထားပါတယ်။ ဖြစ်စဉ်နဲ ့ပတ်သက်လို ့ပိုက်ထွေး (ခ) မောင်ကိုကို ပါ လေးဦးလုံးကို ပုဒ်မတိုးပြီးတော့ အမှုဖွင့် လှစ်ထားပါတယ်”ဟု ဒိုင်းဝန်ကွင်းနယ်မြေရဲ စခန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ပိုက် ထွေး (ခ) မောင်ကိုကိုပါ လေးဦးအပေါ် ဒိုင်းဝန်ကွင်း နယ်မြေရဲစခန်းမှ မယ(ပ)၂၈/ ၂၀၁၉၊ မူးယစ်^စိတ်ပြောင်း ဥပဒေပုဒ်မ ၁၉ (က)/ ၂၀(က)/၂၂/၂၁ အရ အမှုဖွင့်အရေး ယူထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
