စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင် ခရိုင် ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာအချို့၌ စစ်ဘေးရှောင် မိသားစုဝင်အချို့ရောက်ရှိ နေပြီး ယခုနှစ် စာမေးပွဲဖြေဆိုကြမည့်စစ် ဘေးရှောင်ကလေးငယ်များသည် စာမေးပွဲ ဖြေဆိုရန်အတွက် အခက်ခဲဖြစ်ပေါ်နေကြောင်း ပုလဲမြို့နယ် မဲဆန္ဒနယ်မြေအမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်၏ ပြောကြားချက်အရ သိရသည်။
ပုလဲမြို့နယ်သို့ ရောက်ရှိလာကြသည့် စစ်ဘေးရှောင်မိသားစုဝင်အချို့သည် ၎င်းတို့နှင့်နီးစပ်သူများအား ဆက်သွယ်ကာ ရောက်ရှိလာခဲ့ကြကြောင်း၊ ယင်းစစ်ဘေး ရှောင်မိသားစုဝင်အချို့သည် ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်နှင့် နမ့်ဆန်မြို့နယ်အတွင်းက စစ်ဘေးရှောင်မိသားစုဝင်များဖြစ်ကြောင်း သိရသည်။
“စစ်ဘေးရှောင်တွေ ကျွန်တော်တို့ ပုလဲ နယ်အတွင်းမှာ ရောက်လာတယ်ဆိုတာ မနေ့ကမှပဲ သိရတာ။ ပုလဲမြို့နယ်က ကျေး ရွာအချို့မှာ စစ်ဘေးရှောင်တွေရောက်နေတယ်။ အိမ်ထောင်စုသုံးစုလောက်ရှိတယ်။အားလုံးပေါင်းရင် စစ်ဘေးရှောင်တဲ့ လူဦး ရေက ၂၀ ကျော်လောက်ရှိတယ်။ အရေးကြီးတာက စစ်ဘေးရှောင်ရင်းနဲ့ ကျောင်းမပြီး ဆုံးခဲ့တဲ့ကျောင်းသူ/သားတွေ ပါလာတယ်။သူတို့ဆီမှာ စစ်ဖြစ်တော့ ကျောင်းတွေက ပိတ်လိုက်ရတယ်။ ဒီကလေးတွေက ဒီဘက် မှာ ကျောင်းထားလို့တော့ရတယ်။ ဒါပေမဲ့ ကျောင်းပြောင်းခွင့်လက်မှတ်က ပါမလာတဲ့ အခါမှာ စာမေးပွဲဖြေဆိုဖို့ အခက်ခဲတွေတော် တော်ဖြစ်နေတယ်။ ဒါလည်း သူတို့ကို လိုက် မေးရင်းနဲ့ သိခဲ့ရတာ။ ကျွန်တော်အနေနဲ့ စစ်ဘေးရှောင်လာကြတဲ့ကျောင်းသူ/သား လေးတွေကို စာမေးပွဲဖြေဆိုခွင့်ရအောင် သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးနဲ့ ဆွေးနွေးကြည့်မယ်။ ဆွေးနွေးလို့မရဘူးဆိုရင်တော့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်လူမှုရေးဝန် ကြီးနဲ့ ဆွေးနွေးကြည့်မယ်။ ဒါနဲ့မှမရဘူးဆို ရင်တော့ ကလေးတွေရဲ့ပညာရေး အဆင်ပြေအောင် လွှတ်တော်မှာ မေးခွန်းမေးရတော့ မှာပေါ့”ဟု ပုလဲမြို့နယ်မဲဆန္ဒနယ်မြေအမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်က ပြောကြားသည်။
ရှမ်းပြည်နယ် နမ့်ဆန်မြို့နယ်အတွင်း က ပုလဲမြို့နယ်သို့ ရောက်ရှိလာကြသည့် စစ်ဘေးရှောင်မိသားစုဝင်အချို့၏ ကလေးငယ် များကို တိုင်းရင်းသားလက်နက်အဖွဲ့တစ်ခု က ခေါ်ဆောင်ရန်အတွက် မိသားစုဝင်များ ထံ အကြောင်းကြားလာမှုအပေါ် ၎င်းတို့၏ ကလေးငယ်များကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သို့မပေးလိုသည့်အတွက် ထွက်ပြေးလာခဲ့ရကြောင်း၊ အလားတူ ရှမ်းပြည်နယ် ကျောက်မဲမြို့အတွင်းက ပုလဲမြို့နယ်သို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်မိသားစု ဝင်ကမူ ၎င်းတို့ရွာအတွင်း လက်နက်ကြီးများ ကျရောက် လာသည့်အတွက် ကြောက်လန့် ကာထွက်ပြေးလာခဲ့ရကြောင်း စစ်ဘေးရှောင် သူများ ၏ ပြောကြားချက်အရ သိရသည်။
“ကလေး မထည့်ချင်လို့ ကျွန်တော်က ထွက်ပြေးလာခဲ့တာ။ ပြီးခဲ့တဲ့ နယုန်လက လက်မှတ်ထိုးပေးရတာ။ လာမယ့် တပေါင်းလမှာ သူတို့လက်နက်ကိုင်အဖွဲ့ကို ကျွန်တော့် ရဲ့ကလေးက သွားရမှာ။ ကျွန်တော်က နမ့် ဆန်မြို့နယ် မြို့သစ်ကျေးရွာကပါ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုက တပ်သား သစ်စုဆောင်းတာတွေရှိတယ်။သူတို့အဖွဲ့ ကခေါ်ရင် ကလေးတွေကို မထည့်မနေရနဲ့ ထည့်ပေးရတာပဲ။ ကျွန်တော်ရဲ့ကလေးတွေ က ခြောက်တန်းကျောင်းသား နှစ်ယောက်ပါတယ်။ပထမတန်းကျောင်းသားလည်း ရှိတယ်။ ကျောင်းပြောင်းလက်မှတ်မရတော့ ဒီမှာစာမေးပွဲဖြေလို့မရဘူး”ဟု စစ်ဘေးရှောင် တစ်ဦးက ပြောကြားသည်။
ပုလဲမြို့နယ်တွင် စစ်ဘေးရှောင်မိသားစုဝင်အချို့ရောက်ရှိနေသည့် ကျေးရွာများ သည် ကံပေါက်ကျေးရွာတွင် မိသားစုဝင် ကိုးဦးနှင့် ကျောင်းသူ/သားများ ပါရှိကြောင်း၊ ဦးနှောက်ကျေးရွာတွင် မိသားစုဝင်ကိုးဦးနှင့် ကျောင်းသူ/သားများပါရှိကြောင်း အလား တူ ပုလဲမြို့နယ်ခေါ် သန္နီကျေးရွာတွင် စစ်ဘေးရှောင်မိသားစုဝင် သုံးဦးနှင့် သရက် ကန်ကျေးရွာတွင် မိသားစုဝင်ခုနစ်ဦးအထိရှိ ကြောင်း ပုလဲမြို့နယ်အတွင်းသို့ ရောက်ရှိ လာကြသည့် စစ်ဘေးရှောင်လူဦးရေ ၂၈ ဦး အထိရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
