၂၀၁၉ ခုနှစ် ဇန်နဝါရီမှ နိုဝင်ဘာ ၂၃ ရက်အထိ တစ်နိုင်ငံလုံး၌ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၂၃၂၀၃ ဦး၊ သေဆုံးသူ ၁၂၃ ဦးအ ထိရှိလာပြီး ကချင်ပြည်နယ်တွင် လူဦးရေ ၄၀၀၀ ကျော်ဖြင့် ဖြစ်ပွားသေဆုံးနှုန်း အမြင့် ဆုံးဖြစ်နေကြောင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအခြေအနေနှင့်ပတ်သက်၍ ဒီဇင်ဘာ ၂ ရက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။
လက်ရှိအဖြစ်အများဆုံးတိုင်းဒေသကြီး နှင့်ပြည်နယ်များမှာ ကချင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုအခြေအနေမှာ ၂၀၁၉ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာ ၂၁ ရက်အထိ ကူးစက်ရက်သတ္တပတ်အပတ်စဉ် ၃၉ အထိ ဖြစ်ပွားသူပေါင်း ၁၈၃၂ဝရှိပြီး သေဆုံးသူ ၁၀၇ ဦးရှိခဲ့ကြောင်း၊ အဖြစ်အများဆုံးတိုင်းဒေသ ကြီးနှင့်ပြည်နယ်များမှာ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့ ဖြစ်ကြောင်း သိရသည်။
“နှစ်အလိုက် သွေးလွန်တုပ်ကွေးဖြစ်ပွားနှုန်းတွေအရဆိုရင် ရန်ကုန်တို့ ဧရာဝတီတို့ဆိုတာ နှစ်စဉ် လူနာတွေ့ရှိမှုများတဲ့ဒေသတွေဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာ ထူးခြားချက်အနေနဲ့ ကချင်ပြည်နယ်မှာ ဖြစ်ပွားသေ ဆုံးနှုန်း မြင့်တက်လာတာကို တွေ့ရတယ်။ အခုဆိုရင် ပုံမှန်များနေကျ ရန်ကုန်တို့၊ ဧရာဝတီတို့ထက်တောင် ဖြစ်ပွားသေဆုံးနှုန်းများ နေတာကို တွေ့လာရတယ်။ အခုဆို ကချင်ပြည်နယ်မှာ သွေးလွန်တုပ်ကွေးကြောင့် သေ ဆုံးသူ ၃၀ ရှိပါပြီ။ လက်ရှိ ကချင်ပြည်နယ်မှာ ဖြစ်ပွားသေဆုံးနှုန်းများနေတဲ့အတွက် အထူးဂရုစိုက်ပြီး စောင့်ကြပ်ကြည့်ရှုတဲ့ လုပ်ငန်းတွေ ကို လုပ်ဆောင်နေပါတယ်” ဟု ပြည်သူ့ကျန်း မာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ မင်္ဂလာဒုံ၊ တောင်ဒဂုံ၊ ဒဂုံ (အရှေ့)၊ သန်လျင်၊ လှည်းကူး၊ သာကေတ၊ ဒဂုံဆိပ်ကမ်းမြို့နယ် များတွင် ဖြစ်ပွားနှုန်း အများဆုံးဖြစ်နေပြီး ယခုနှစ်အတွင်း လှိုင်သာယာမြို့နယ်၌ သွေးလွန်တုပ်ကွေးဖြစ်ပွားသူဦးရေ များပြားလျက် ရှိကြောင်းလည်း သိရသည်။
ကမ္ဘာ့နိုင်ငံများတွင် ၁၉၅၅-၅၉ ခုနှစ်၊ ငါးနှစ်တာအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွား သူ ၉၀၅ ဦးသာရှိခဲ့ပြီး ၂၀၁၀ ပြည့်နှစ် နောက် ပိုင်း နှစ်စဉ်လူဦးရေ နှစ်သန်းကျော်အထိ ရောဂါဖြစ်ပွားမှုများ မြင့်တက်လာကြောင်း၊ မြန် မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှု သည် ၁၉၇၄-၇၆ ခုနှစ်တွင် လူဦးရေ ၆၀၀၀ ကျော်သာရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်အတွင်း လူဦး ရေ ၄၀၀၀၀ ကျော်အထိ ဖြစ်ပွားမှုမြင့်တက်လာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ကိန်းဂဏန်းများအရ သိရသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်းက သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ပိုးမျိုးစိတ် (၁) ကို မွန် ပြည်နယ်တွင် သုံးဦး၊ ပဲခူး (အရှေ့) တွင် နှစ်ဦး၊ ပဲခူး (အနောက်) တွင်တစ်ဦး၊ ကရင်ပြည်နယ် တွင် ၁၃ ဦး၊ ရခိုင်ပြည်နယ်တွင် နှစ်ဦး၊ စစ်ကိုင်း တိုင်းတွင် နှစ်ဦး၊ ရှမ်း (အရှေ့တွင် လေးဦး)၊ တနင်္သာရီတိုင်းတွင် ၁၆ ဦး၊ ရန်ကုန်တိုင်းတွင် ၁၅ ဦးနှင့် အခြားဒေသများတွင် ငါးဦးတွေ့ရှိခဲ့ ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးစီ မံချက်မှ ရရှိသည့်အချက်အလက်များအရ သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အစီရင်ခံစာအရ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုသည် ယခုအခါ ကမ္ဘာ့နိုင်ငံများတွင် သိသာစွာမြင့် တက်လာခဲ့ပြီး မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်း ရောဂါဖြစ်ပွားသူ ၃၁၂၈၈ ဦးနှင့် သေဆုံးသူ ၁၉၂ ဦးရှိခဲ့ကြောင်းနှင့် ၂၀၁၈ ခုနှစ် ပထမခြောက်လအတွင်း တစ် နိုင်ငံလုံး တွင်သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၄၀၀၀ ကျော်၊ သေဆုံးသူရှစ်ဦးအထိ ရှိခဲ့ ကြောင်း နှင့် မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနှစ်စဉ်မြင့်တက်လာရာ ပျမ်းမျှ တစ်နှစ်လျှင် လူဦးရေတစ်သောင်းကျော်ဖြစ်ပွားပြီး ၆၀ ဦးနှုန်း သေဆုံးနေကြောင်းနှင့် နှစ်စဉ် ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီးများတွင် ဖြစ်ပွားနှုန်းများ မြင့်တက်လေ့ရှိကြောင်း သိ ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
