“ရန်ကုန်မြို့၏ အများပြည်သူ သယ်ယူ ပို့ဆောင်ရေးဘတ်စ်ကားဝန်ဆောင်မှု အ ဆင့်မြှင့်တင်သည့်စီမံကိန်း” တွင် ပါဝင်သည့် မီးရထားနှင့် ဘတ်စ်ကားကြား ချိတ်ဆက် ပြေးဆွဲမှု Pilot Project အား သမိုင်းဘူတာ/ မှတ်တိုင်တွင် ဒီဇင်ဘာ ၂ ရက်တွင် စတင်ခဲ့ကြောင်း JICA Myanmar Office မှ သတင်းရရှိသည်။
အဆိုပါစီမံကိန်းမှာ ဂျပန်နိုင်ငံ JICA ၏ နည်းပညာထောက်ပ့ံမှုအကူအညီဖြင့် မြန်မာ့မီးရထား၊ YRTA (YBS) ၊ YCDC (Infrastructure) ၊ Traffic Police နှင့် JICA တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အများပြည်သူသယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုအဆင်ပြေစေရန် မီးရထားနှင့် ဘတ်စ်ကားကြား ချိတ်ဆက်ပြေးဆွဲမှု Pilot Project တွင် သမိုင်းဘူတာရုံ၏ အရှေ့ဘက် ထွက်ပေါက်အရှေ့တွင် ဘတ်စ်ကားမှတ် တိုင်အမျိုးအစားဖြစ်သည့် ‘သွားလာရေး ဗဟိုအချက်အချာ’ တစ်ခုအား တည်ဆောက် ထားပြီး မီးရထားနှင့် ဘတ်စ်ကားသယ်ယူပို့ ဆောင်မှုကြားတွင် အဆင်ပြေချောမွေ့မှုရှိ အောင် ပြုလုပ်ထားခြင်းဖြစ်သည်။
မီးရထားနှင့် YBS ယာဉ်လိုင်းချိတ် ဆက်ပြေးဆွဲမှု Pilot Project အား သမိုင်းဘူတာရုံနှင့် ဗဟိုလမ်းမပေါ်ရှိ သမိုင်းဘူတာ ရုံမှတ်တိုင်တွင် ဒီဇင်ဘာ ၂ ရက်မှ ၈ ရက် အထိ တစ်ပတ်ကြာဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။ ယင်းအစီအစဉ်တွင် သမိုင်းဘူတာအနီး ဗဟိုလမ်းမပေါ်တွင် YBS ယာဉ်လိုင်းများထားရှိကာ ရထားမှ ဘတ်စ်ကား စီးနင်းရာတွင်လည်းကောင်း၊ ဘတ်စ်ကားမှ ရထားစီးနင်းရာတွင်လည်း ခရီးသည်များ အဆင်ပြေစေရန် ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင် အဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင် “ဒီပရောဂျက်က JICA အနေနဲ့ ရန်ကုန်မြို့ တော်ဘတ်စ်ကားစနစ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုရေးရဲ့ ကဏ္ဍတစ်ရပ်ဖြစ် ပါတယ်။ ဒီပရောဂျက်မှာ ဘတ်စ်ကားစနစ် ကို ကောင်းမွန်အောင်ပြောင်းလဲခြင်းအား ဖြင့် ပြည်သူလူထုရဲ့ သွားလာမှုကို ကောင်း မွန်အောင်လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။ အနာဂတ်မှာ အများပြည်သူသွားလာရေးမှာ အဓိကဖြစ်လာမှာက ရထားဖြစ်လာနိုင်မှာ ဖြစ်ပေမဲ့ လက်ရှိမှာကတော့ ဘတ်စ်ကားက အဓိကဖြစ်နေပါသေးတယ်။ ဒါကြောင့်မို့ ဘတ်စ်ကားမှတ်တိုင်နဲ့ ဘူတာနဲ့ ချိတ်ဆက် ပြီး ရထားပေါ်ကဆင်းတဲ့ ခရီးသည်သည် ကားပေါ်ချက်ချင်းတက်စီးနိုင်ရမယ်။ ကားပေါ်က ခရီးသည်ကလည်း ချက်ချင်းရထား ပြောင်းစီးနိုင်ရမယ့်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီနေ့ Pilot Project ကို စတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောကြားသည်။
ယခု Pilot Project တွင် ခရီးသည်များ ယာဉ်တစ်ခုနှင့်တစ်ခုကြား ပြောင်းလဲစီးနင်း နိုင်စေရန် လိုအပ်သောလမ်းပိုင်းဆိုင်ရာအ ထောက်အပံ့များ ပြင်ဆင်ခြင်း၊ မှတ်တိုင်တွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများအား ချမှတ်ခြင်း၊ အများပြည်သူနှင့် ပူးပေါင်း၍ PR လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ခရီးသည်များအား လမ်းညွှန်ပြသပေးနိုင်ရန် ဘူတာနှင့် ပရောဂျက်ဧရိယာတစ်ဝိုက်တွင် လမ်း ညွှန်ဝန်ထမ်းများ ထားရှိခြင်းစသည့် အစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
