လီဗာပူးလ် ၂-၃ အက်သလက်တီကို
(မိနစ် ၉၀ လီဗာပူးလ် ၁-၀၊ နှစ်ကျော့ပေါင်းတွင် ၄-၂ ဂိုးဖြင့် အက်သလက်တီကိုနိုင်)
နည်းပြ ယာဂန်ကလော့ပ်လက်ထက် ပထမဆုံးဥရောပအိမ်ကွင်းရှုံးပွဲက လီဗာပူးလ်အတွက် ပေးဆပ်ရတဲ့တန်ဖိုးက ကြီးမားခဲ့ပါတယ်။ ပထမအကျော့ကအတိုင်း ဘောလုံးပိုင်ဆိုင်မှုများစွာ အသာရခဲ့တယ်။ မက်ဒရစ်မြေမှာ ကစားခဲ့တဲ့ပွဲနဲ့ မတူတာက လီဗာပူးတိုက်စစ်ရဲ့ခြိမ်းခြောက်နိုင်စွမ်းပါပဲ။ အဲဒီပွဲမှာ လီဗာပူးလ်တိုက်စစ်က ဂိုးပေါက်ခြိမ်းခြောက်နိုင်မှု လုံးဝမရှိပေမယ့် အခုပွဲမှာတော့ ခြားနားသွားခဲ့တယ်။ လီဗာပူးလ်အသင်းအနေနဲ့ ကံခေလွန်းတာပဲလား၊ တိုက်စစ်အဆုံးသတ် အားနည်းလွန်းတာပဲလားဆိုတာကိုတော့ ဝေခွဲရခက်စေပါတယ်။ တစ်ပွဲလုံးမှာ လီဗာပူးလ်အသင်းက ဂိုးကန်သွင်းခွင့် (၃၄)ကြိမ်လောက်ရခဲ့တယ်။ အဲဒီထဲမှာ ဂိုးပေါက် ခြိမ်းခြောက်မှုက (၁၁)ကြိမ်အထိရှိခဲ့တယ်။ အမှန် ဆို အခုထက်ပိုပြီး ပိုအန္တရာယ်ပေးနိုင်သင့်ပါတယ်။
ဒါပေမဲ့ လီဗာပူးလ်တိုက်စစ်(၃)ယောက်တန်းက အခုပွဲမှာ အကောင်းဆုံးပုံစံမရှိခဲ့ပါဘူး။ အထူးသဖြင့် ဖေမီနို၊ ဆာလာတို့က အခွင့်အရေး အသုံးမချနိုင်ခဲ့တာကလည်း သက်ရောက်မှုကြီးမားခဲ့ပါတယ်။ မာနေကတော့ ဒီကစားသမား(၂)ဦးနဲ့ယှဉ်ရင်တော့ အသင်းအတွက် ပိုအထောက်အကူပြုပါသေးတယ်။ သူ့ရဲ့ Overhead Kick တွေကလည်း ထိချက်မကောင်းလို့ ဂိုးပေါက်နဲ့ လွဲခဲ့ရတယ်။ ဒါတွေအားလုံးထက် လီဗာပူးလ်ရဲ့အောင်ပွဲကို အဓိကတားဆီး သွားတာကတော့ အက်သလက်တီကိုဂိုးသမား အို ဘလက်ခ်ပါပဲ။ တစ်ပွဲလုံးမှာ ဂိုးပေါက်ကာကွယ်မှု (၉)ကြိမ်လောက်ပြုလုပ်ခဲ့ပြီး လီဗာပူးလ်ရဲ့ဖြတ်တင်ဘောအတော်များများကို တားဆီးနိုင်ခဲ့ပါတယ်။ လီဗာပူးလ်ဘက်ကို ပေးလိုက်ရတဲ့ (၂)ဂိုးစလုံးက သူ့အနေနဲ့ ဘယ်လိုမှမတတ်နိုင်တဲ့ အနေအထား လည်းဖြစ်ပါတယ်။
(၄၃)မိနစ်မှာ ချိန်ဘာလိန်ရဲ့ ဖြတ်တင်ဘောကနေ ၀ိုင်နယ်လ်ဒမ်း မြေထောက်တိုက်ခဲ့တာဖြစ်ပြီး အချိန်ပိုပွဲအစ(၄)မိနစ်မှာ ဖေမီနို သွင်းယူတဲ့ဂိုးကလည်း ကနဦးခေါင်းတိုက်ချက် တိုင်ထိထွက်လာတဲ့ဘောလုံးက သူ့ရှေ့တည့်တည့်ပြန်ကျကာ အသာအယာကန်သွင်းယူခဲ့ပါတယ်။ ဒီဂိုးဟာ ဖေမီနိုအတွက် အခုရာသီ အန်ဖီးလ်ကွင်းမှာ ပထမဆုံး ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး အိမ်ကွင်းမှာ ရက်ပေါင်း (၃၃၇)ရက်အကြာမှ ဂိုးပေါက်ပြန်တွေ့ ခဲ့တာဖြစ်တယ်။ နှစ်သင်းအကြား ဂိုးသမားအရည်အသွေးကွာခြားမှုက ပွဲကို အဆုံးအဖြတ်ပေးခဲ့ပါတယ်။ (၉၇)မိနစ်မှာ လီဗာပူးလ်ဂိုးသမား အက်ဒရီယန် ကန်တင်ပေးတဲ့ဘောလုံးက ယာအိုဖီးလစ်ဆီ ရောက်ခဲ့ပြီး သူ့ရဲ့ပေးပို့မှုကနေ မားကို့စ်လော်ရန်တေးက အရေးပါတဲ့ ချေပဂိုးသွင်းယူခဲ့ပါတယ်။ အချိန်ပိုပထမပိုင်းပြီးခါနီးမှာ မားကို့စ်လော်ရန်တေးကပဲ ဒုတိယဂိုးနဲ့ မိုရာတာက ပွဲပြီးခါနီးမှာ တတိယဂိုးထပ်သွင်းပြီး ဆီမြွန်နီရဲ့ လူစားလဲမှုတွေက ပွဲရလဒ်ကို ပြောင်းလဲပေးခဲ့ပါတယ်။ အချိန်ပိုမိနစ်(၃၀)အတွင်း နှစ်သင်းပေါင်း (၄)ဂိုးထိ သွင်းယူနိုင်ခဲ့တာကတော့ ချန်ပီယံလိဂ်မှာ ပထမဆုံးပွဲဖြစ်ခဲ့ပါတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
