အသက်(၁၉)နှစ်အရွယ် လူမည်းဝန်ထမ်းတစ်ဦးဖြစ်သူက ကွင်းလုံခြုံရေးများသည် မိမိအား "ကျွန်"ဟု ခေါ်ဝေါ်ပြီး လူမျိုးရေးခွဲခြားမှုများလည်း အမြဲပြုလုပ်လေ့ရှိကြောင်း၊ ထို့အပြင် ပြီးခဲ့သည့်ဖေဖော်ဝါရီ (၂၇)ရက်နေ့က ကစားခဲ့သော ယူရိုပါလိဂ် ရှုံးထွက်(၃၂)သင်းအဆင့်ပွဲစဉ် မန်ယူ (၅-၀) ကလပ်ဘရုဂေးပွဲမတိုင်မီ မိမိအားထိုးကြိတ်ခဲ့ကြ၍ မျက်ခွံရိုးကွဲအက်ခဲ့ကြောင်း စွပ်စွဲခဲ့ခြင်းဖြစ်သည်။
အိုးလ်ထရက်ဖို့ဒ်ကွင်းလုံခြုံရေးများက ယင်းကွင်းရှိ ဧည့်ကြိုဆယ်ကျော်သက် လူငယ်ဝန်ထမ်းတစ်ဦးအား အနိုင်ကျင့်စော်ကားခဲ့သည် ဟူသည့် စွပ်စွဲမှုအတွက် ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးနေကြောင်းသိရသည်။
အသက်(၁၉)နှစ်အရွယ် လူမည်းဝန်ထမ်းတစ်ဦးဖြစ်သူက ကွင်းလုံခြုံရေးများသည် မိမိအား "ကျွန်"ဟု ခေါ်ဝေါ်ပြီး လူမျိုးရေးခွဲခြားမှုများလည်း အမြဲပြုလုပ်လေ့ရှိကြောင်း၊ ထို့အပြင် ပြီးခဲ့သည့်ဖေဖော်ဝါရီ (၂၇)ရက်နေ့က ကစားခဲ့သော ယူရိုပါလိဂ် ရှုံးထွက်(၃၂)သင်းအဆင့်ပွဲစဉ် မန်ယူ (၅-၀) ကလပ်ဘရုဂေးပွဲမတိုင်မီ မိမိအားထိုးကြိတ်ခဲ့ကြ၍ မျက်ခွံရိုးကွဲအက်ခဲ့ကြောင်း စွပ်စွဲခဲ့ခြင်းဖြစ်သည်။
၎င်းလူမည်းဝန်ထမ်းမှာ အိုးလ်ထရက်ဖို့ဒ်ကွင်း၏ ဧည့်ခံကြိုဆိုရေးအဖွဲ့ဖြစ်သော ARC တွင် အလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး ကွင်းလုံခြုံရေးကို တာဝန်ယူထားသည့် လုံခြုံရေးကုမ္ပဏီဖြစ် သော CSG မှ လုံခြုံရေးဝန်ထမ်းများက အ နိုင်ကျင့်နှိပ်စက်ခြင်းဖြစ်ကြောင်း စွပ်စွဲခဲ့ခြင်း ဖြစ်သည်။ ၎င်းဖြစ်ရပ်ကို လူငယ်များ၏ အရေးကိစ္စများ ဆောင်ရွက်ပေးနေသည့် မန်ချက်စတာအခြေစိုက် Kids of Colour အဖွဲ့အစည်းက အများသိရှိအောင် (ဖြစ်စဉ်အား အသေးစိတ်ရေးသားကာ) ၎င်းတို့၏ Twitter မှတစ်ဆင့် ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။
ယခုအခါ ဂရိတ်မန်ချက်စတာရဲတပ်ဖွဲ့ တာဝန်ရှိသူများသည် ယင်းဖြစ်ရပ်ကို အရေးယူရန် စုံစမ်းမှုများ ဆောင်ရွက်လျက်ရှိနေကြောင်း သိရှိရသည်။ CSG ကမူ မိမိတို့၏လုံခြုံရေးများမှာ ၎င်းလူငယ်ကို လိုအပ်သည့်ရှာဖွေမှုများ ပြုလုပ်ခြင်းသာဖြစ်ကြောင်း ဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
