၎င်းတို့နှစ်ဦး အပြန်အလှန် စကားများခဲ့ရာ၌ ဒရင့်ဝါတာသည် သူ၏ ဦးခေါင်းဖြင့် ယိုတာကို တိုက်ခဲ့ကြောင်း သိရှိရသည်။ ဗီလာအသင်းသည် ပြီးခဲ့သည့် ၂၀၂၀ ဇန်နဝါရီအ ပြောင်းအရွှေ့ကာလအတွင်း ချယ်လ်ဆီးကွင်းလယ်လူ ဒရင့်ဝါတာကို ရာသီဝက်အငှားစာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။
ဗီလာအသင်း၏ လေ့ကျင့်ရေးကွင်းတွင် အသင်းဖော်စပိန်ကွင်းလယ်လူ ယိုတာ (၂၈ နှစ်) နှင့် ပြဿနာဖြစ်ပွားခဲ့သော အင်္ဂလန်ကွင်းလယ်လူ ဒရင့်ဝါတာ (၃၀ နှစ်)၏ အငှားစာချုပ်ကို ဖျက်သိမ်းရန် ဗီလာအသင်းတာဝန်ရှိသူများက စဉ်းစားနေပြီဖြစ်ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
၎င်းတို့နှစ်ဦး အပြန်အလှန် စကားများခဲ့ရာ၌ ဒရင့်ဝါတာသည် သူ၏ ဦးခေါင်းဖြင့် ယိုတာကို တိုက်ခဲ့ကြောင်း သိရှိရသည်။ ဗီလာအသင်းသည် ပြီးခဲ့သည့် ၂၀၂၀ ဇန်နဝါရီအ ပြောင်းအရွှေ့ကာလအတွင်း ချယ်လ်ဆီးကွင်းလယ်လူ ဒရင့်ဝါတာကို ရာသီဝက်အငှားစာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။
ချယ်လ်ဆီးအသင်းတွင် ကစားခွင့်ရရန် ရုန်းကန်နေရသော ဒရင့်ဝါတာသည် ဗီလာအသင်းတွင်လည်း ပုံမှန်ပွဲကစားခွင့်မရခဲ့ဘဲ (၄)ပွဲသာ ကစားခွင့်ရရှိထားသည်။ ဒရင့်ဝါတာသည် ပြီးခဲ့သည့်ရာသီကလည်း ချယ်လ်ဆီးအသင်းမှ ဘန် လေအသင်းသို့ ရာသီဝက်စာချုပ်ဖြင့် အငှားချခံခဲ့ရသည်။ ထိုစဉ်ကလည်း နိုက်ကလပ်တစ်ခု၏ပြင်ပတွင် ရန်ပွဲဖြစ်ပွားခြင်းကြောင့် ဒဏ်ရာရရှိခဲ့ပြီး ရက်သတ္တပတ်(၂)ပတ်ကြာအနားယူ ကုသခဲ့ရသည်။
ယခုဖြစ်ပွားခဲ့သော ဖြစ်ရပ်အတွက် ဗီလာအသင်းက ၎င်းအား စည်းကမ်းပိုင်းဆိုင်ရာအရ အရေးယူသွားဖွယ်ရှိနေပြီး ကြီးမားသည့် ဒဏ်ငွေတစ်ရပ် ချမှတ်သွားဖွယ်ရှိကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
