Top News

ကိုရိုနာဗိုင်းရပ်စ်ကြောင့်သက်ထားသူဇာ ယှဉ်ပြိုင်မည့် ချက်နိုင်ငံမှ ကြက်တောင်ပြိုင်ပွဲ ပျက်ပြယ်
24htopnews | October 18, 2024 2:12 AM CST

ချက်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနသည် မတ် ၁၀ ရက် နံနက်ပိုင်းမှ အားကစားပြိုင်ပွဲများ မကျင်းပရန် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲ စတင်ခါနီး နှစ်ရက်အလိုမှ ဖျက်သိမ်းခဲ့ရခြင်း ဖြစ်သည်။

 

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားသည့် ပြိုင်ပွဲများအနက် ချက်နိုင်ငံ၌ ကျင်းပမည့် KaBal International Karvina 2020 ကြက်တောင်ပြိုင်ပွဲကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရွှေ့ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ချက်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနသည် မတ် ၁၀ ရက် နံနက်ပိုင်းမှ အားကစားပြိုင်ပွဲများ မကျင်းပရန် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲ စတင်ခါနီး နှစ်ရက်အလိုမှ ဖျက်သိမ်းခဲ့ရခြင်း ဖြစ်သည်။

"ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဥရောပမှာ ပြိုင်ပွဲတွေ မယှဉ်ပြိုင်ရသေးပါဘူး။ ယှဉ်ပြိုင်ဖို့ စီစဉ်ထားတဲ့ ဥရောပပြိုင်ပွဲငါးခုမှာ သုံးခုက ပျက်သွားပါပြီ။ ပိုလန်ပြိုင်ပွဲက စတင် ရွှေ့ဆိုင်းခဲ့ပြီး ပေါ်တူဂီပြိုင်ပွဲပြီးတော့ အခု ချက်ပြိုင်ပွဲပါ ပျက်သွားတာပါ။ ပြိုင်ပွဲပျက်နိုင်လို့ ပေါ်တူဂီမှာကတည်းက လှမ်းမေးပေမယ့် လုပ်ဖြစ်တယ်လို့ပဲ အကြောင်းပြန်ခဲ့ပါတယ်။  မတ် ၉ ရက်ညပိုင်းမှာ ပေါ်တူဂီကနေ ချက် နိုင်ငံကို ရောက်ပြီး မတ် ၁၀ ရက် နံနက်ပိုင်း မှာ ချက်မှာ လေ့ကျင့်ဖို့ပြုလုပ်နေတဲ့အချိန် ရောက်မှ ပြိုင်ပွဲပျက်သွားတယ်ဆိုတာ အကြောင်းကြားတာပါ။ ဒီလထဲမှာ ဆွစ်ဇာလန်ပြိုင်ပွဲတစ်ခုပဲ ကျန်ပါတော့တယ်။ သူတို့ ဘက်ကတော့ ပရိသတ်မပါဘဲ ကျင်းပမယ်ဆိုပြီး အကြောင်းပြန်ထားပါတယ်။ ပြိုင်ပွဲတွေ မယှဉ်ပြိုင်ရတဲ့ ငွေကုန်၊ လူပင်ပန်းပြီး အကျိုးမရှိဘူးဖြစ်နေပါတယ်။ ဆွစ်ဇာလန်ပြိုင်ပွဲက အဆင့်မြင့်ပြီး ရမှတ်ပိုရနိုင်တဲ့အတွက် မယှဉ်ပြိုင်လို့ မဖြစ်ပါဘူး။ ဒါကြောင့် ချက်နိုင်ငံမှာ ပဲနေပြီး ပြိုင်ပွဲဝင်ဖို့ ဆက်စောင့်နေပါတယ်" ဟု သက်ထားသူဇာ၏ဖခင် ဦးထွန်းထွန်းဇော် က Eleven Sports ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

 


READ NEXT
Cancel OK