Top News

ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးရီးအေပြိုင်ပွဲကို ရာသီပြီးဆုံးချိန်အထိ မကျင်းပနိုင်ပါက ချန်ပီယံဆုအတွက် ထိပ်ဆုံးလေးသင်းနှင့်တန်းဆင်းအတွက် အောက်ဆုံးလေးသင်း Play-off ကစားရနိုင်ကြောင်း FIGC ဥက္ကဋ္ဌ ဂရာဗီနာ ပြောကြား
24htopnews | October 18, 2024 2:12 AM CST

စီးရီးအေအပါအဝင် အီတလီနိုင်ငံရှိ အားကစားပြိုင်ပွဲအားလုံးကို ရက်အကန့် အသတ်မရှိရွှေ့ဆိုင်းထားရန် အီတလီဝန်ကြီးချုပ် ဂူဆက်ပီကွန်တီက ညွှန်ကြားချက်ထုတ်ပြန်ပြီးနောက် အီတလီဘောလုံးအဖွဲ့ချုပ် (FIGC) ၊ အီတလီအိုလံပစ်ကော်မတီ၊ လိဂ်ပြိုင်ပွဲနှင့် အစိုးရတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေစဉ် FIGC ဥက္ကဋ္ဌ ဂရာဗီနာက အချက်လေးချက် အဆိုပြုဆွေးနွေးခဲ့ခြင်းဖြစ်သည်။ 

 

ကိုရိုနာဗိုင်းရပ်စ် (Covid-19) အန္တရာယ်ကြောင့် စီးရီးအေပြိုင်ပွဲကို ရာသီပြီးဆုံးချိန်အထိ ကျင်းပနိုင်ခြင်းမရှိပါက ချန်ပီယံဆုအတွက် ဇယားထိပ်ဆုံးလေးသင်းနှင့် တန်းဆင်းအတွက် ဇယားအောက်ဆုံးလေးသင်း  Play-off ကစား၍ ဆုံးဖြတ်ရနိုင်ကြောင်း အီတလီဘောလုံးအဖွဲ့ချုပ် (FIGC) ဥက္ကဋ္ဌ ဂရာဗီနာက ပြောကြားခဲ့သည်။

စီးရီးအေအပါအဝင် အီတလီနိုင်ငံရှိ အားကစားပြိုင်ပွဲအားလုံးကို ရက်အကန့် အသတ်မရှိရွှေ့ဆိုင်းထားရန် အီတလီဝန်ကြီးချုပ် ဂူဆက်ပီကွန်တီက ညွှန်ကြားချက်ထုတ်ပြန်ပြီးနောက် အီတလီဘောလုံးအဖွဲ့ချုပ် (FIGC) ၊ အီတလီအိုလံပစ်ကော်မတီ၊ လိဂ်ပြိုင်ပွဲနှင့် အစိုးရတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေစဉ် FIGC ဥက္ကဋ္ဌ ဂရာဗီနာက အချက်လေးချက် အဆိုပြုဆွေးနွေးခဲ့ခြင်းဖြစ်သည်။ 

ဂရာဗီနာ အဆိုပြုခဲ့သည့် အချက်လေးချက်မှာ ပွဲစဉ်များရွှေ့ဆိုင်းထားရသဖြင့် စီးရီးအေပြိုင်ပွဲကို မေ ၂၄ ရက်တွင် ပြီးဆုံးမည့်အစား လကုန်အထိ တိုးမြှင့်ကစားခြင်း၊ ပြိုင်ပွဲကို ပြီးဆုံးချိန်အထိမကျင်းပဘဲ ရပ်ဆိုင်းခြင်း၊ မည်သည့်အသင်းကိုမျှ ချန်ပီယံဆု မပေးအပ်ခြင်း၊ ချန်ပီယံဆုနှင့် တန်းဆင်းနေရာများအတွက် Play-off ကစားခြင်းတို့ ဖြစ်ကြောင်း သိရသည်။

 "ကျွန်တော်တို့အနေနဲ့ စီစဉ်ထားတဲ့အတိုင်း ရာသီတစ်ခုလုံးကျင်းပ နိုင်ဖို့ မျှော်လင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဧပြီ ၃ ရက်မှာ ပြန်စမယ်ဆိုရင် ရွှေ့ဆိုင်းထားရတဲ့ပွဲတွေ ပြန်ကစားနိုင်မယ့်ကာလတွေရှိလို့ ပါ။ Play-offs နဲ့ Play-outs ပွဲတွေကစားမယ့်အစီအစဉ်ကတော့ ကျွန်တော့်စိတ်ကူးပါ။ စကူဒက်တိုဆုအတွက် Play-off မှာ ထိပ်ဆုံးလေးသင်းနဲ့ တန်းဆင်းနေရာအတွက် Play-outs မှာ အောက်ဆုံးလေးသင်းယှဉ်ပြိုင်ရမှာပါ။ ပြီးသွားရင် ဘယ်သူတွေက လာမယ့်ရာသီ ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရမယ်ဆိုတာကိုလည်း FIGC က ဆုံးဖြတ်ပေးသွားမှာပါ" ဟု ဂရာဗီနာက ပြောကြားခဲ့သည်။

လက်ရှိတွင် ပွဲစဉ် (၂၆) အထိ ယှဉ်ပြိုင်ကစားထားပြီး ပွဲစဉ် (၂၅) မှ လေးပွဲကျန်ရှိနေသလို အစောဆုံးအဖြစ် ဧပြီ ၃ ရက်နောက်ပိုင်းမှသာ ပြန်လည်စတင်နိုင်ဖွယ်ရှိကြောင်း သိရသည်။ ပွဲစဉ်များရပ်နားထားချိန်တွင် ထိပ်ဆုံးလေးနေရာ၌ ဂျူဗင်တပ်စ်၊ လာဇီယို၊ အင်တာမီလန်၊ အတ္တလန္တာနှင့် အောက်ဆုံး လေးနေရာ၌ ဂျီနိုအာ၊ လက်ချီ၊ SPAL၊ ဘရက် စီယာအသင်းတို့ ရပ်တည်လျက်ရှိသည်။ 

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပွဲစဉ်အချို့အပြင် စပိန်၊ ပြင်သစ်၊ ပေါ်တူဂီ၊ နယ်သာလန်လိဂ်ပွဲစဉ်များကိုလည်း ပရိသတ်မပါဘဲကစားခြင်း၊ ရွှေ့ဆိုင်းခြင်းများ ပြုလုပ်နေရသည်။ ထို့ပြင် ဂီတာဖေးအသင်းက အင်တာမီလန်နှင့် ယူရိုပါလိဂ်အဝေးကွင်းပွဲ သွားရောက်ကစားရန် ငြင်းဆန်ထားကြောင်းသိရသည်။

 


READ NEXT
Cancel OK