Top News

အမေရိကန်နိုင်ငံ၌ ကျင်းပသည့်ဂေါ့ဖ်ပြိုင်ပွဲတွင် မြန်မာဂေါ့ဖ်ကစားသမား ဖူးပွင့်ရတီခိုင် ချန်ပီယံဆု ဆွတ်ခူး
24htopnews | October 18, 2024 2:12 AM CST

ဖူးပွင့်ရတီခိုင်သည် ၇၂-၇၆-၆၈ ချက်၊ စုစုပေါင်း ၂၁၆ ချက်ဖြင့် ဒုတိယနေရာ ရရှိသည့် ထရီဇာနှင့် ရိုက်ချက်တူသော်လည်း ရာသီဥတုကြောင့် ကျင်းပိုဆက်မရိုက်ရဘဲ ပြိုင်ပွဲနောက်ဆုံးနေ့တွင် လျှော့ရိုက်ချက် လေးချက်ရိုက်နိုင်သည့် ဖူးပွင့်ရတီခိုင်က ချန်ပီယံဆုရခဲ့ခြင်းဖြစ်သည်။

 

မြန်မာအမျိုးသမီး ဂေါ့ဖ်ကစားသမား ဖူးပွင့်ရတီခိုင်သည် အမေရိကန်နိုင်ငံ၌ ကျင်းပသည့် ဂေါ့ဖ်ပြိုင်ပွဲတွင် ချန်ပီယံဆုဆွတ်ခူးခဲ့ကြောင်း သိရသည်။

ဖူးပွင့်ရတီခိုင်သည် မတ် ၉ ရက်မှ ၁၀ ရက်အထိ အမေရိကန်နိုင်ငံ၌ ကျင်းပသည့် River Landing Classic 2020 ပြိုင်ပွဲတွင်  ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အောင်မြင်မှုရခဲ့ခြင်းဖြစ်သည်။ 

ဖူးပွင့်ရတီခိုင်သည် ၇၂-၇၆-၆၈ ချက်၊ စုစုပေါင်း ၂၁၆ ချက်ဖြင့် ဒုတိယနေရာ ရရှိသည့် ထရီဇာနှင့် ရိုက်ချက်တူသော်လည်း ရာသီဥတုကြောင့် ကျင်းပိုဆက်မရိုက်ရဘဲ ပြိုင်ပွဲနောက်ဆုံးနေ့တွင် လျှော့ရိုက်ချက် လေးချက်ရိုက်နိုင်သည့် ဖူးပွင့်ရတီခိုင်က ချန်ပီယံဆုရခဲ့ခြင်းဖြစ်သည်။ ထရီဇာမှာမူ ၇၂-၇၂-၇၂ ဖြင့် စုစုပေါင်းရိုက်ချက် ၂၁၆ ချက် ရိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ 

ယင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ကစားသမား ၆၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဖူးပွင့်ရတီခိုင်မှာ လက်စွမ်းပြပြီး အောင်မြင်မှုရခဲ့ခြင်းဖြစ်သည်။ ဖူးပွင့်ရတီခိုင်သည် အမေရိကန်နိုင်ငံရှိ  University of Carolina Wilmington (UNCW) တွင် ပညာသင်ကြားနေသူဖြစ်ပြီး အမေရိကန် နိုင်ငံ၌ ကျင်းပသည့် ဂေ့့ါဖ်ပြိုင်ပွဲတွင် အခါအားလျော်စွာ ဝင်ရောက်ယှဉ်ပြိုင်ပြီး အောင်မြင်မှုများ ရရှိနေသူဖြစ်သည်။

 


READ NEXT
Cancel OK