ဂျာမန်မြေတွင်ကစားခဲ့သည့်ပွဲ၌ ဒေါ့မွန်အသင်းက PSG အသင်းကို ဟော်လန်းသွင်းယူပေးသည့် ဂိုးနှစ်ဂိုးနှင့်အတူ (၂-၁)ဂိုးဖြင့် အနိုင်ယူထားခြင်းဖြစ်သည်။ "ဟုတ်ပါတယ်၊ ပထမအကျော့မှာ နှစ်ဂိုးသွင်းခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီပွဲမှာ ကျွန်တော် အမှားအယွင်းတွေ အများကြီးလုပ်ခဲ့ပါတယ်။ ဒါကြောင့် အခုပွဲမှာတော့ အဲဒီတုန်းကထက် ပိုမိုခြေစွမ်းပြနိုင်ပါလိမ့်မယ်" ဟု ဟော်လန်းက ပြင်သစ်ဘောလုံးမဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။
ဒေါ့မွန်လူငယ်တိုက်စစ်မှူး ဟော်လန်းက PSG အသင်းနှင့် ကစားမည့် ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်း အဆင့် ဒုတိယအကျော့ပွဲတွင် ပထမအကျော့ကထက် ပိုမိုခြေစွမ်းပြနိုင်လိမ့်မည်ဟု ကြုံးဝါးခဲ့သည်။
ဂျာမန်မြေတွင်ကစားခဲ့သည့်ပွဲ၌ ဒေါ့မွန်အသင်းက PSG အသင်းကို ဟော်လန်းသွင်းယူပေးသည့် ဂိုးနှစ်ဂိုးနှင့်အတူ (၂-၁)ဂိုးဖြင့် အနိုင်ယူထားခြင်းဖြစ်သည်။ "ဟုတ်ပါတယ်၊ ပထမအကျော့မှာ နှစ်ဂိုးသွင်းခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီပွဲမှာ ကျွန်တော် အမှားအယွင်းတွေ အများကြီးလုပ်ခဲ့ပါတယ်။ ဒါကြောင့် အခုပွဲမှာတော့ အဲဒီတုန်းကထက် ပိုမိုခြေစွမ်းပြနိုင်ပါလိမ့်မယ်" ဟု ဟော်လန်းက ပြင်သစ်ဘောလုံးမဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။
ပြိုင်ဘက် PSG အသင်း အဓိကတိုက်စစ်မှူး ဘာပေနှင့် ပတ်သက်ပြီး ဟော်လန်းက " သူ(ဘာပေ)ဟာ အံ့အားသင့်စရာကောင်းတဲ့ ကစားသမားတစ်ယောက်ပါ။ ပထမအကျော့မှာ ကျွန်တော့် ကစားသမားဘဝ ပထမဆုံးအဖြစ် သူနဲ့ရင်ဆိုင်ခဲ့ရတယ်။ သူဟာ အရည်အချင်းအလွန်ရှိသူဖြစ်ပြီး အဲဒီထက်တောင် ပိုပါတယ်။ သာမန်ထက်ထူးခြားတဲ့ ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။ လက်ရှိ သူ့အသက်အရွယ်နဲ့ အရာရာကို လုပ်ဆောင်နိုင်ခဲ့ပါတယ်။ သူ့ရဲ့မှတ်တမ်းတွေကို ကြည့်လိုက်ပါ။ ဒါက အံ့သြမှင်သက်သွားစေနိုင်ပါတယ်။ သူက ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတစ်ဦးပါပဲ" ဟု သုံးသပ်ခဲ့သည်။
ထို့ပြင် ဟော်လန်းက ဘွန်ဒစ်လီဂါဂိုးသွင်းဘုရင်ဆုကို ပစ်မှတ်ထားနေသော်လည်း တစ်ဦးချင်းမှတ်တမ်းများက အသင်းအောင်မြင်မှုနှင့်ယှဉ်လျှင် အရေးမကြီးကြောင်လည်းး မှတ်ချက်ပြုခဲ့သည်။ " ဒေါ့မွန်အသင်းကို သာမန် ကစားသမားတစ်ဦးအနေနဲ့ ကျွန်တော် လာခဲ့ပါတယ်။ အခုလည်း ဒီအတိုင်းပဲ ဘာမှမပြောင်းလဲပါဘူး။ ဘွန်ဒစ်လီဂါမှာ ကျွန်တော် ဂိုးသွင်းဘုရင်ဖြစ်ချင်တယ်။ ဒါပေမဲ့ မှတ်တမ်းတွေအကြောင်း ကျွန်တော် အမြဲမတွေးပါဘူး။ အသင်းအကြောင်းပဲ တွေးပြီး တတ်နိုင်သလောက် အကောင်းဆုံးပေးဆပ်ချင်ပါတယ်" ဟု ဟော်လန်းက ပြောကြားခဲ့သည်။ ဟော်လန်းသည် ဒေါ့မွန်အသင်းနှင့် ပထမဆုံး ၁၀ ပွဲတွင် ၁၂ ဂိုးအထိ သွင်းယူခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
