ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ယူရို-၂၀၂၀ ပြိုင်ပွဲကို ရွှေ့ဆိုင်းပေးရန် တောင်းဆိုမှုများရှိနေသည်ဆိုသောသတင်းများမှာ မဟုတ်မှန်ကြောင်း ငြင်းဆန် ပယ်ချခဲ့သည်။
ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ယူရို-၂၀၂၀ ပြိုင်ပွဲကို ရွှေ့ဆိုင်းပေးရန် တောင်းဆိုမှုများရှိနေသည်ဆိုသောသတင်းများမှာ မဟုတ်မှန်ကြောင်း ငြင်းဆန် ပယ်ချခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် ကမ္ဘာအနှံ့တွင် အားကစားပြိုင်ပွဲများကို ဖျက်သိမ်းခြင်း၊ ရွှေ့ဆိုင်းခြင်းများရှိခဲ့သလို၊ ဘောလုံးပွဲစဉ်များကိုလည်း ပရိသတ်မပါဘဲ ကွင်းပိတ်ကစားမှုများ ရှိနေသည်။
ဥရောပတွင် အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို အဆိုးဝါးဆုံးခံစားနေရပြီး မတ်လ (၁၁)ရက်အထိ ကူးစက်ခံရသူ (၁ဝဝဝဝ) ကျော်သွားခဲ့ပြီဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် အီတလီနိုင်ငံတွင် ဧပြီလ (၃)ရက်အထိ အားကစားပြိုင်ပွဲကို ရပ်နားကြောင်း ကြေညာခဲ့ပြီး စပိန်နိုင်ငံတွင်လည်း လာမည့် (၁၅)ရက်အတွင်း ကစားမည့် လာလီဂါပွဲစဉ်အားလုံးကို ကွင်းပိတ်ကစားမည်ဟု ထုတ်ပြန်ထားသည်။
ယူရို-၂၀၂၀ ပြိုင်ပွဲကို ဥရောပ (၁၂)နိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး လာမည့်ဇွန်လ (၁၂)ရက်တွင် အီတလီနိုင်ငံ၊ ရောမမြို့၌ စတင်ကျင်းပမည် ဖြစ်သည်။
သို့သော် လက်ရှိဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ယူရို-၂၀၂၀ ပြိုင်ပွဲကို တစ်နှစ်နောက်ဆုတ်ပြီး ၂၀၂၁ ခုနှစ်တွင် ကျင်းပရန် ဥရောပနိုင်ငံအချို့က UEFA ထံ တောင်းဆိုခဲ့ကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။
သို့သော် UEFA မှ ပြောရေးဆိုခွင့်သူတစ်ဦးက အဆိုပါသတင်းများမှာ မဟုတ်မှန်ကြောင်းနှင့် ယင်းသို့ တောင်းဆိုမှုမျိုးမရှိကြောင်း ပြောကြားခဲ့သည်။ "ယူရို-၂၀၂၀ ပြိုင်ပွဲကို ရွှေ့ဆိုင်းပေးပါဆိုပြီး နိုင်ငံဘောလုံးအဖွဲ့ချုပ်တွေက ကျွန်တော့်တို့ဆီကို တောင်းဆိုတာမျိုး လုံးဝမရှိပါဘူး"ဟု ၎င်းက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
