Top News

ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခွာသွားရနိုင်သည်ဟု လီဗာပူးလ်အသင်းဖော်များကို ရောဘတ်ဆန် သတိပေး
24htopnews | October 18, 2024 2:12 AM CST

လီဗာပူးလ်နောက်ခံလူ ရောဘတ်ဆန်က အက်သလက်တီကိုနှင့်ပွဲတွင် ခြေစွမ်းမပြနိုင်ပါက ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခွာသွားရနိုင်သည်ဟု သတိပေးခဲ့သည်။

လီဗာပူးလ်နောက်ခံလူ ရောဘတ်ဆန်က အက်သလက်တီကိုနှင့်ပွဲတွင် ခြေစွမ်းမပြနိုင်ပါက ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခွာသွားရနိုင်သည်ဟု သတိပေးခဲ့သည်။

လီဗာပူးလ်အသင်းသည် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့ ပွဲစဉ်တွင် အဝေးကွင်း၌ အက်သလက်တီကိုအသင်းကို (၀-၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ယင်းပွဲတွင် ဂိုးပေါက်တည့်ကန်ချက်ပင် မရှိခဲ့ကြောင်း သိရသည်။ 

ရောဘတ်ဆန်က "ကျွန်တော်တို့အနေနဲ့ ပထမအကျော့တုန်းက ဂိုးပေါက်တည့်ကန်ချက်တောင် မရှိခဲ့ပါဘူး။ အန်ဖီးလ်မှာ ကစားမယ့်ပွဲမှာ ဒီအတိုင်း ဆက်သွားမယ်ဆိုရင် ချန်ပီယံလိဂ်ပြိုင်ပွဲက ကျွန်တော်တို့ ထွက်သွားရမှာပါ။ ကျွန်တော်တို့အနေနဲ့ ပထမအကျော့ပွဲမှာ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်ခဲ့သလို၊ ဒီပွဲမှာလည်း အဲဒီလိုလုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဂိုးသွင်းခွင့်တွေ ပိုမိုဖန်တီးနိုင်ဖို့ လိုပြီး အဆုံးသတ်ကောင်းမွန်ဖို့ လိုအပ်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

လီဗာပူးလ်အသင်းသည် ယနေ့ည (မြန်မာစံတော်ချိန် ကြာသပတေးနံနက် ၂း၃၀ နာရီ)တွင် အန်ဖီးလ်ကွင်း၌ အက်သလက်တီကိုအသင်းကို လက်ခံကစားရမည်ဖြစ်ပြီး ပရိသတ်များ၏ အားပေးမှုက နိုင်ပွဲအတွက် အဓိကတွန်းအား ဖြစ်လိမ့်မည်ဟုလည်း ရောဘတ်ဆန်က ပြောကြားခဲ့သည်။ 

လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်ကလည်း ယနေ့ညကစားမည့် အက်သလက်တီကိုနှင့်ပွဲတွင် ပထမအကျော့ပွဲစဉ်ကထက် ဂိုးကန်သွင်းခွင့်ပိုမိုရရှိရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ 

 

 


READ NEXT
Cancel OK