Top News

ဗလင်စီယာကွင်းထဲက တစ်ဦးတည်းသောပရိသတ် နာဗားရိုးပုံတူရုပ်တု
24htopnews | October 18, 2024 2:12 AM CST

မတ်လ (၁၀)ရက်တွင် ကစားခဲ့သည့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျော့ ဗလင်စီယာ-အတ္တလန်တာပွဲကို ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ကွင်းပိတ်ကစားခဲ့သော်လည်း ယင်းပွဲတွင် ပွဲကြည့်ပရိသတ်အဖြစ် ဗလင်စီယာအသင်းပရိသတ်တစ်ဦးဖြစ်သူ နာဗားရိုး၏ပုံတူရုပ်တု ရှိနေခဲ့ကြောင်း သိရသည်။ 

နာဗားရိုးသည် ဗလင်စီယာအသင်း၏ အာမခံပရိသတ်တစ်ဦးဖြစ်ပြီး အသက် (၅၀)ကျော်တွင် အမြင်အာရုံ ဆုံးရှုံးခဲ့သော်လည်း ဗလင်စီယာအသင်း၏ တစ်ရာသီလက်မှတ်များကို ဝယ်ယူကာ အိမ်ကွင်းပွဲစဉ်တိုင်းကို ကွယ်လွန်သည်အထိ ကြည့်ရှုခဲ့ကြောင်း သိရသည်။ 

နာဗာရိုးသည် ၂၀၁၇ ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီး ဗလင်စီယာအသင်းက ၎င်းကို ဂုဏ်ပြုသောအားဖြင့် ၂၀၁၉ ခုနှစ်တွင် ပုံတူကြေးရုပ်တု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

ဗလင်စီယာအသင်းသည် နာဗာရိုး၏ ပုံတူရုပ်တုကို မက်စ်တဲလားကွင်းတွင် ၎င်းထိုင်လေ့ရှိသည့် ခုံနေရာတွင် ဂုဏ်ပြုထားရှိခဲ့ခြင်းဖြစ်သည်။ 

ထို့ကြောင့် ဗလင်စီယာ-အတ္တလန်တာပွဲကို ပရိသတ်မပါဘဲ ကွင်းပိတ်ကစားခဲ့သော်လည်း နာဗားရိုးပုံတူရုပ်တုမှာ ယင်းပွဲကို အားပေးခွင့်ရသည့် တစ်ဦးတည်းသော ပရိသတ်ဖြစ်ကြောင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။ 

READ NEXT
Cancel OK