Top News

တနသာင်္ရီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား စုံစမ်းစစ်ဆေးအရေးယူပေးရန် တိုင်ကြားထားမှုရရှိထားပြီး လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက်ဆောင်ရွက်မည်ဟု NLD ပါတီမှ ဒေါက်တာမျိုးညွန့်ပြောကြား
24htopnews | October 18, 2024 3:12 AM CST

တနသာင်္ရီတိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်  တာဝန်ရှိသူများအား စုံစမ်းစစ်ဆေးအရေးယူပေးရန် တိုင်ကြားထားမှု ရရှိထားပြီး လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက်ဆောင်ရွက်မည်ဟု NLD ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

တနင်္သာရီတိုင်း ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား စုံစမ်းအရေးယူပေးရန် ပြည်သူများမှ ဇန်နဝါရီ ၂၃ ရက်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (ဗဟို) သို့ တိုင်ကြားထားခဲ့ခြင်း ဖြစ်သည်။

ဒီနေ့ (ဇန်နဝါရီ ၂၄ ရက်) လက်ခံရရှိပါတယ်။ ကျွန်တော်တို့ တိုင်ကြားစာဌာနရဲ့လုပ်ထုံးလုပ်နည်းအတိုင်းပဲ ပထမတိုင်ကြားသူကို ခေါ်ယူပြီးမေးမြန်းမယ်။ သူတို့ ပြောတဲ့စွပ်စွဲတဲ့ တိုင်ကြားတဲ့အချက်​​တွေက ဘယ်​​လောက်ခိုင်မာမှုရှိလဲမေးပြီးတော့မှ အဲဒီပေါ်ပေါက်ချက်အရ ကျွန်တော်က ဆက်လုပ်ရမှာပါ။ ဘာတွေ ပေါ်ပေါက်မလဲဆိုတဲ့အပေါ် မူတည်တယ်ခင်ဗျ။ ပေါ်ပေါက်တဲ့အပေါ် ကျွန်တော်တို့က အရေးယူမှာပါ။ ခိုင်ခိုင်လုံလုံ ဘယ်​​လောက်ထောက်အထား ပြနိုင်သလဲအပေါ် မူတည်ပါတယ်။ ပုံမှန်မဟုတ်တဲ့ လုပ်​​ဆောင်ချက်မှာ လွဲမှားတာ ဘယ်လိုပေါ်ပေါက်သလဲ။ ကျွန်တော်တို့ ကြည့်မယ်​​လေ။ ဒီမှာ ပါဝင်လုပ်​​ဆောင်တဲ့ လူအားလုံးကတော့ တာဝန်ယူ တာဝန်ခံရမှာပေါ့ ဟု NLD ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ ့ စတင်တာဝန်ယူသည့်အချိန်မှစ၍ ယနေ့အထိ ပြည်သူများ၏ ကိစ္စအရပ်ရပ်အား ကိုင်တွယ် ဖြေရှင်းပေးနိုင်သော စွမ်းဆောင်ရည် မရှိသည့် အပြင် ဝန်ကြီးချုပ်နှင့် အချို့ဝန်ကြီးများ၏ ဗြောင်ကျကျ အဂတိလိုက်စားမှုများကို သိသာထင်ရှားစွာ တွေ့မြင်ကြားသိလာရ၍ ယုံကြည် လေးစားရသော NLD ပါတီ အတွက် များစွာစိတ်မကောင်းဖြစ်ရကြောင်း၊ ဝန်ကြီးချုပ်နှင့် ပတ်သက်၍ အဂတိကျော်စောမှုနှင့်အတူ ဗဟိုအစိုးရ၏ညွှန်ကြားမှုများအား လိုက်နာမှုမရှိ ခြင်း၊ ထင်ရှားသော ပိုင်ဆိုင်မှုများအား ထင်သာမြင်သာစွာ တွေ့ရှိလာရပြီး အဆိုးရွားဆုံးမှာ လုပ်ဆောင်ချက်များသည် ပြည်သူများအား မျက်နှာမမူခြင်းတို့ကြောင့် ပြည်သူများ၏ NLD အစိုးရအပေါ် ယုံကြည်မှုများပျက်ပြားလာစေခဲ့သည်ဟု တိုင်ကြားစာတွင် ဖော်ပြထားသည်။

ဌာနတွေထဲက Data အချက်အလက်​​တွေကိုတော့ ပြည်သူတွေအနေနဲ ့ဘယ်လိုမှ မသိနိုင်ဘူးလေ။ ဒါပေမဲ့မြေပြင်မှာက လက်​​တွေ့ ဖြစ်​​နေတာပဲ။ ရှင်းရှင်ပြောရရင် ပါတီဘက်ကနေ မြေပြင်ကို ဆင်းစစ်ဖို့ပဲလိုတယ်။ ဆင်းစစ်မှပဲ မှန်သလား မှားသလား အဖြေထွက်မှာ။ ဆိုတော့ အချက်အလက်​​တွေ မှန်သည်ဖြစ်​​စေ၊ မှားသည်ဖြစ်​​စေ ဆင်းစစ်ပြီး အရေးယူဆောင်ရွက်ဖို့ သူတို့လုပ်ရမယ်။ ပါတီချည်းပဲ မဟုတ်ဘဲ အစိုးရကလည်း စစ်ရမယ်မြေပြင်ကိုရောက်လာရင်ခြေအနေတွေအားလုံး သိရလိမ့်မယ်။ ဒါကိုသိစေချင်လို့ တိုင်တာ ဟု တိုင်ကြားစာပေးပို့ရာတွင် ပါဝင်သူတစ်ဦးက ပြောကြားသည်။

တိုင်ကြားစာတွင် ဒေသခံဦးရေ ၅၀ ခန့် လက်မှတ်ရေးထိုးထားပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့တို့ထံ မိတ္တူပေးပို့ထားကြောင်း တိုင်ကြားစာပေးပို့ ထားသူများထံမှ သိရသည်။

တိုင်ကြားစာအတွင်း၌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ညွှန်ကြားချက်အရ အစိုးရအဖွဲ့ဝင်များ၏ ဇနီး၊ ခင်ပွန်း၊ ဆွေမျိုးစပ်များကို ဌာနဆိုင်ရာအဖွဲ့အစည်းများတွင် ကိုယ်ရေးအရာရှိ ရာထူးတာဝန်များ ခန့်အပ်ခြင်းမပြုရဟုစာ ထုတ်ထားသော်လည်း ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၏ ကိုယ်ရေးအရာရှိအဖြစ် ၎င်း၏ ခဲအိုတော်စပ်သူ NLD ပါတီ တိုင်းဥက္ကဋ္ဌ ဦးအောင်စိုး(NLD ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင်)၏သမီးအား စည်ပင်ဝန်ထမ်းအဖြစ် အယောင်ပြကာ ခန့်ထားခြင်း၊ စီမံ/ဘဏ္ဍာ ဝန်ကြီးဦးဖြိုးဝင်းထွန်းကလည်း ညီဖြစ်သူကို ကိုယ်ရေးအရာရှိအဖြစ် ခန့်ထားခြင်း၊ ဦးအောင်စိုး၏သမီးကို NLD ထားဝယ်ခရိုင် အမျိုးသမီးတာဝန်ခံအဖြစ် ခန့်ထားပြီး ၎င်း၏ ခင်ပွန်းမှာ အစိုးရအား ဂက်စ်ဖိုးငွေ အကြွေး ကျပ် ရှစ်ဘီလျံကျော် ပေးဆပ်ရန်ကျန်နေသော ထားဝယ်ခရိုင် လျှပ်စစ်လုပ်ငန်း လုပ်ကိုင်နေသည့် GGS ကုမ္ပဏီ၌ တာဝန်ခံရာထူး ရယူထားခြင်း၊ ဝန်ကြီးချုပ်၏သားမှာ ဝန်ကြီးချုပ်၏မဲဆန္ဒနယ် သရက်ချောင်းမြို့နယ်ရှိ အစိုးရဘတ်ဂျက်ဖြင့် တည်ဆောက်သော ဖွံ့ဖြိုးရေးလုပ်ငန်းများ၌ တင်ဒါအောင်ကုမ္ပဏီများနှင့် ရှယ်ယာဝင် လုပ်ကိုင်ခြင်းအပြင် ဒေသခံများ ကျောက်ထုတ်ခွင့် လိုင်စင်ရရန် ခက်ခဲကြန့်ကြာသော်လည်း ၎င်းမှာ လိုင်စင်အလွယ်တကူ ရရှိ၍ ကိုယ်ပိုင်ကျောက်မိုင်းနှင့် ကျောက်ထုတ်လုပ်သည့်လုပ်ငန်းများ လုပ်ကိုင်နေပြီး ကျောက်လုပ်ငန်း တင်ဒါများ၌ ပြိုင်ဘက်မရှိ တင်ဒါအောင်မြင်ခြင်း၊ သရက်ချောင်းမြို့နယ်အတွင်း ကွန်ကရစ်လမ်း သုံးမိုင်အား ခွင့်ပြုငွေ ကျပ်သန်း ၉၀၀ ကျော်ဖြင့် တင်ဒါအောင်သည့် ကုမ္ပဏီ၌ အဓမ ္မရှယ်ယာ ဝင်ခဲ့ခြင်းတို့ကို ရေးသားထားသည်ကို တွေ့ရသည်။

ထို့ပြင် ထားဝယ်ခရိုင် လျှပ်စစ်လုပ်ငန်း လုပ်ကိုင်နေသည့် GGS ကုမ္ပဏီနှင့် အစိုးရအကြား ချုပ်ဆိုသည့်စာချုပ်၌ ကွက်လပ်များဖြင့် ချုပ်ဆို လက်မှတ်ရေးထိုးထားခြင်းနှင့် ၎င်းကုမ္ပဏီက အကောင်အထည်ဖော်မည့် သရက် ချောင်းငါးလေလံစျေးနှင့်ပတ်သက်၍ စျေးကွက်ဖော်ဆောင်ရန် မသင့်လျော်သည့်နေရာ၌ ဝန်ကြီးချုပ်တစ်ဦး၏ လုပ်ပိုင်ခွင့်အာဏာကို အလွန်အကျွံ အသုံးပြု၍ လုပ်ဆောင်ခဲ့ခြင်း၊ ထားဝယ်လေယာဉ်ကွင်း ချုံရှင်းရာတွင် ဘတ် ဂျက်ငွေ ကျပ်သိန်း ၄၀၀၀ သုံးစွဲခဲ့သည့်ဖြစ်ရပ်၌ လုပ်ကိုင်ခွင့်ရရှိသည့် F-22 Sunny ကုမ္ပဏီတွင် ဝန်ကြီးချုပ်၏သားမှ ရှယ်ယာဝင်လုပ်ကိုင်ခဲ့မှုမှာလည်း NLD အစိုးရ၏ ဂုဏ်သိက္ခာအား များစွာ ထိခိုက်ရကြောင်း၊ ထားဝယ်မြို့ ဆေးရုံ လမ်းရှိ ကျပ်သိန်း ၃၀၀၀ တန်မြေကွက်အား ဝယ်ယူပြီး ပုဂ္ဂလိက ဆေးရုံဆောက်လုပ်ရန် စီစဉ်နေခြင်းစသည့်ကိစ္စများကို တိုင်ကြားစာတွင် ရေးသားဖော်ပြထားသည်။


READ NEXT
Cancel OK