တော်လှန်ရေးပြီးဆုံးပါက ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်အတွင်း ပေါင်းထည့်မည်ဟု AA အဖွဲ့မှ ကျေးရွာပြည်သူများအား ဟောပြောခဲ့ခြင်းအပေါ် ဆန့်ကျင်ကန့်ကွက် ရှုတ်ချကြောင်း ခူးမီး (ခမီး)အမျိုးသားပါတီက ဇန်နဝါရီ ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်တွင် ပလက်ဝမြို့နယ် သည် ရခိုင်တောင်တန်းဒေသ သို့မဟုတ် ရခိုင် မြောက်ပိုင်းခရိုင်အမည်ဖြင့် အင်္ဂလိပ်လက်ထက်ကပင် သတ်မှတ်ခဲ့ကြောင်း၊ သီးခြား ကိုယ်ပိုင်နယ်မြေ သီးခြားကိုယ်ပိုင်နယ်နိမိတ်၊ သီးခြားကိုယ်ပိုင်ဘာသာစကား၊ ယဉ်ကျေးမှုရှိသော တောင်တန်းဒေသအပိုင်း (၁)၊ နယ်မြေ ၁၀ ခုတွင် ပါဝင်သော လွတ်လပ်သည့် နယ်မြေဖြစ်ကြောင်း၊ ရခိုင်တောင်တန်းဒေသဥပဒေ (The Arakan Hill Tract Regulation Act - 1906 ) ရခိုင်တောင်တန်း တရားစီရင်ရေးဥပဒေ (The Arakan Hill Tract Justice Regulation Act - 1874 -76) တို့ဖြင့် အုပ်ချုပ်ခဲ့ကြောင်း ဖော်ပြထားသည်။
ထို့ပြင် မြန်မာပြည်မတွင်ပါဝင်သော ရခိုင်တိုင်းလက်အောက်ခံ မဟုတ်ကြောင်း၊ ချင်းတောင်တန်းဒေသ၏ လက်အောက်လည်း မဟုတ်ကြောင်း၊ ၁၉၄ရခု ပင်လုံညီလာခံအပြီး တောင်တန်းဒေသစုံစမ်းရေး ကော်မတီက ကြားနာမေးမြန်းစဉ် ရခိုင်တောင်တန်းဒေသ ကိုယ်စားလှယ်များက မြန်မာနှင့်အတူ ပူးပေါင်းပြီး လွတ်လပ်ရေးရယူလိုကြောင်း၊ ချင်းတောင်တန်းဒေသနှင့် ပူးပေါင်းပြီး ပြည်ထောင်စုအဖွဲ့ဝင်အဖြစ် နေလိုကြောင်း၊ ထို့ကြောင့် ၁၉၄၇ ခု အခြေခံဥပဒေအရ ချင်းဝိဒေသတိုင်း၊ ချင်းပြည်နယ်တွင် ပါဝင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
AA လက်နက်ကိုင်တို့က ပလက်ဝ မြို့နယ်အတွင်း လှုပ်ရှားစဉ်ကျေးရွာရှိ ပြည်သူများအား ပလက်ဝမြို့နယ်သည် ရခိုင်ပိုင်နက်နယ်မြေဖြစ်ကြောင်း၊ တော်လှန်ရေး အောင်မြင်ပြီးဆုံးပါက ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်တွင် ပေါင်းထည့်မည်ဖြစ်ကြောင်း၊ ဆန်၊ ကြက်၊ ဝက်တန်ဖိုးကို တော်လှန်ရေးပြီးဆုံးသောအခါ ပေးချေမည်ဖြစ်သည်ဟု ဟောပြော ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
AA လက်နက်ကိုင်အနေဖြင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး၊ ရခိုင်တိုင်ရင်းသားများကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး လှုပ်ရှားရာတွင် ပလက်ဝမြို့ကို ရခိုင်ပြည်နယ်ပိုင်နက်ထဲ ထည့်သွင်းရန်၊ AA ၏ နယ်မြေချဲ့ထွင်ရေး ၀ါဒကို လုံးဝ ဆန့်ကျင် ကန့်ကွက် ရှုတ်ချကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
