စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ဒီပဲယင်းမြို့နှင့် ကျေးရွာပေါင်း ၂၅ ရွာကျော်ကို ဆက်သွယ်ထားသည့် တံတားတစ်စင်း ဇန်နဝါရီ ၂၄ ရက် နံနက်က ပြိုကျခဲ့ကြောင်း ဒီပဲယင်းမြို့နယ် မဲဆန္ဒနယ်မြေအမှတ် (၂) တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမိုးမင်းဝင်း၏ ပြောကြားချက်အရ သိရသည်။
အဆိုပါတံတားသည် ညပိုင်းက အုတ်တင်ကား ဖြတ်သန်းခဲ့ခြင်းကြောင့် ပြိုကျခဲ့ခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများက ပြောကြားခဲ့ကြောင်း ၎င်းက ဆိုသည်။
“မနေ့ညက အုတ်ကားမောင်းသွားတယ်လို့တော့ ထင်တာပဲလို့ပြောတာပဲ။ ဒီ တံတားကကြာပြီ။ ဒီတံတားက အရင်၂၀၁၇ ခုနှစ်က တည်းက အခုလိုပဲ ပြန်ပြင်ခဲ့ရဖူးတယ်။ မကောင်းတော့တာကြာပြီ။ ပျက်တာကတော့ ဒီပဲယင်းမြို့နယ်ကနေ အဲဒီတံတားကို ဖြတ်ကျော်ပြီးသွားရတဲ့ ကျေးရွာတွေကတော့ ရွာအသေးလေးတွေရောဆိုရင် ကျေးရွာပေါင်း ၃၀ ရွာလောက်ရှိတယ်။ ဒီပဲယင်းမြို့နယ်နဲ့ ရွာတွေနဲ့ ဆက်သွယ်တဲ့တံတားပါ။ တိုင်းဒေသ ကြီးအစိုးရရဲ့ ၂၀၁၈-၂၀၁၉ ခုနှစ် ဘဏ္ဍာရေး နှစ်မှာပြင်ထိန်း ကျပ်သိန်း ၁၀၀ ခွင့်ပြုပေးထားတယ်။ အဲဒီငွေနဲ့ မနက်ဖြန်မှာ စတင်ပြီးတော့ ပြန်လည်ပြုပြင်ရန်အတွက် ပြင်ဆင်နေပါတယ်” ဟု ဒီပဲယင်းမြို့နယ် မဲဆန္ဒနယ်မြေအမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမိုးမင်းဝင်းက ဆိုသည်။
ဒီပဲယင်းမြို့နယ်တွင် ပြိုကျမှုဖြစ်ပွားခဲ့သည့် အဆိုပါတံတားကို ကျေးရွာပေါင်း၂၅ ကျော်ရွာက အမှီပြုသွားလာနေရကြောင်း ကျေးရွာအုပ်စုအနေဖြင့် အင်တိုင်းလေးအုပ်စု၊ ပေါင်းတောင်ကူအုပ်စု၊ နဂါးတွင်းအုတ်စု၊ သရက်ကျင်းအုပ်စု၊ အင်တိုင်ကြီးအုပ်စုအတွင်းရှိ ကျေးရွာပေါင်း ၂၅ ကျော် ရွာဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
