Top News

ကျောက်တံတားမြို့နယ် ၃၇ လမ်းရှိ အဆောင်တွင် ပုပ်ပွသေဆုံးနေသည့် ပုံနှိပ်စက် လုပ်သားတစ်ဦး၏ အလောင်းတွေ့ရှိ
24htopnews | October 18, 2024 3:12 AM CST

ကျောက်တံတားမြို့နယ် ၃၇ လမ်းရှိ အဆောင်တွင်  ဇန်နဝါရီ ၂၄ ရက်ညပိုင်းက ပုပ်ပွသေဆုံးနေသည့် ပုံနှိပ်စက်လုပ်သားတစ်ဦး၏ အလောင်းအား တွေ့ရှိခဲ့ကြောင်း သက်ဆိုင်ရာရဲစခန်းမှ စုံစမ်းသိရသည်။

ဇန်နဝါရီ ၂၄ ရက် ည ၈ နာရီကျော် ခန့်တွင် ကျောက်တံတားမြို့နယ် ၃၇ လမ်းရှိ အမျိုးသားအဆောင်အခန်းအတွင်း သေဆုံးနေသည့် အမျိုးသားအလောင်း တွေ့ရှိကြောင်း သတင်းရသဖြင့်  ရဲတပ်ဖွဲ့မှ စစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းရလို့သွားတော့ အခင်းဖြစ်တဲဲ့ အဆောင်အခန်းထဲသွားဖို့ ဘေးအခန်းတွေ တံခါးဂျက်တွေပါ ဖျက်ရတယ်။ အခင်းဖြစ်တဲ့ နေရာအထဲကိုရောက်ဖို့ တစ်နာရီလောက် လုပ်လိုက်ရတယ်။ သေဆုံးသူက ပုံနှိပ်စက်အ လုပ်သမားပါ။ လက်ချောင်းမှာရတဲ့ဒဏ်ရာကလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းက ကားတံခါးညှပ်လို့ရတဲ့ဒဏ်ရာပါ။ အဲဒီဒဏ်ရာကို လည်း ရန်ကုန်ဆေးရုံကြီးမှာ သွားပြထားတဲ့ ဆေးမှတ်တမ်းကိုလည်း သေဆုံးသူရဲ့ အခန်းထဲက တွေ့ရှိသိမ်းဆည်းရမိတယ်။ သေဆုံးသူက အသက် ငါးဆယ်ကျော်အရွယ်ပါ။တီဗီ ရောဂါ အခံရှိလို့ ပြထားတဲ့ ဆေးမှတ်တမ်း လည်း သူ့အခန်းထဲက တွေ့ရတယ်  ဟု ကျောက်တံတားမြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အလောင်းမှာ ပုပ်ပွနေပြီး သေဆုံးသည် မှာ သုံးရက်ခန့်ရှိပြီဖြစ်ကြောင်း၊ အလောင်းအား ရဲတပ်ဖွဲ့မှ စစ်ဆေးရာ ပြင်ပဒဏ်ရာ မတွေ့ ရှိခဲ့ကြောင်း ကျောက်တံတားမြို့မရဲစခန်းမှ စုံစမ်းသိရသည်။

အဆိုပါဖြစ်စဉ်အား ကျောက်တံတား မြို့မရဲစခန်းမှ သေမှုသေခင်းဖွင့်ကာ အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။        


READ NEXT
Cancel OK